“ဤမှန်သောစကားကြောင့် သံသရာကြွေးများအမြန်ဆုံးကြေရပါလို၏” ဆိုပြီးရင်ဖွင့်လာတဲ့ ချစ်ချစ်ဇော်





ပရိသတ်တွေ ရဲ့အချစ်တော် သရုပ်ဆောင် ချစ်ချစ်ဇော်ဟာဆိုရင် တစ်ချိန်က ဇာတ်ကားများစွာကို သရုပ်ဆောင် ရိုက်ကူးခဲ့ပြီး ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် ခုအချိန်ထိ သူမကို ချစ်တဲ့ ပရိသတ်တွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ချစ်ချစ်ဇော်က ညီမဖြစ်သူ လင်းဇာနည်ဇော် နဲ့အတူ ဖခင်ဆုံးပြီးနောက် အစ်ကိုကြီးဖြစ်တဲ့ ဒါရိုက်တာ မိုက်တီး ရဲ့ ကျန်းမာရေးအတွက် ပါပူပန်နေရတဲ့အတွက် ပရိသတ်တွေကို ရင်ဖွင့်ထားပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချစ်ချစ်ဇော် ရင်ဖွင့်ထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်ချစ်ဇော်က ဖခင်ကြီး ကွယ်လွန်သွားတဲ့ အချိန်မှာ အစ်ကို ဖြစ်သူကလည်းမူးယစ်ဆေး မှုနဲ့ ဖမ်းခံရပြီးသူတို့အနားမှာမရှိခဲ့သလို လက်ရှိမှာ အစ်ကိုဖြစ်သူ ကင်ဆာရောဂါ နဲ့ ဆေးကုသမှုခံယူနေရတဲ့အတွက် ညီမဖြစ်သူ လင်းဇာနည်ဇော်နဲ့အတူ ပြုစုရင်း သူမခံစားနေရတဲ့ အကြောင်းကို ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။
ချစ်ချစ်ဇော်က ” ဒါလားဟဲ့လောကဓံ ~အကိုအဖမ်းခံရတယ်။အဖေဆုံးသွားတယ်။အဖေ့ကိုမြေချတော့၊အကိုကထောင်ထဲမှာ။အဖေဆုံးလို့တစ်လမပြည့်သေးအကိုက ကျန်းမာရေးမကောင်း၊စစ်ဆေးကြည့်လိုက်တေ
ဘယ်လိုမှထင်မှတ်မထားတဲ့ ကင်ဆာရောဂါတဲ့ ။ကံကောင်းထောက်မစွာ ဆေးကုသခွင့် အာမခံလေးနှင့် အကို့ကိုခွဲစိတ်ကုသတော့ ကျမနဲ့ လင်းလင်း အကို့နားတစ်ယောက်၊အမေ့နားတစ်ယောက်စောင့်ရ။
ကီမိုဆေးသွင်းရင်း အမှု့ ကိုစိတ်ဓာတ်အားအင်ချို့တဲ့စွာ ရင်ဆိုင်နေရတဲ့ အကိုကခုချိန်မှာ ကျမတို့ညီအမနှစ်ယောက်ကို ကလေးတစ်ယောက်သဖွယ် မျက်စေ့အောက်ကအပျောက်မခံ အားကိုးမှီတွယ် ။
“ကျမတို့မှာ စားဝတ်နေရေး၊လူမှု့ ရေး၊သာရေး;နာရေးအတွက်ရုန်းကန်ကြိုးစားရတာတစ်ဖက်၊ အကို့အမှု့ ကကိုယ့်အမှုလို ရုံးချိန်းတွေပြေးရလွှားရတာတစ်ဖက် ၊ဆေးသွင်းရက်;ဆေးရုံပြရက်;ဆေးစစ်ရက်တွေတိုင်းလဲ မပျက်မကွက်ရအောင်
အာရုံစိုက်ကြရတာတစ်ဖက်၊စိတ်ဓာတ်ကျနေတဲ့အကိုကိုဖေးမရတာတစ်ဖက်။အားကြိုးမာန်တက်ကြိုးစားထားခဲ့တဲ့ ကိုယ့်ရုပ်ရှင်ဇာတ်ကားကြီးကလည်း ခုထိပြခွင့်မရ ။မောလိုက်တာ အဲဒါ #လောကဓံ လေလား….
ကြံ့ကြံ့ခံပေမယ့် ပြိုလဲချင်နေပါပြီ။(ကျမတို့မိသားစု ဘဝမှာရပ်တည်ခဲ့သမျှကာလပတ်လုံး မည်သူတစ်ဦးတစ်ယောက်ကိုမှဒုက္ခမပေးခဲ့ဘူးပါ။ ခုနှစ်ရက်သားသမီးများကိုလဲနေ့စဉ်
မေတ္တာများပို့ပေးပါတယ်။ဤမှန်သောစကားကြောင့် သံသရာကြွေးများအမြန်ဆုံးကြေရပါလို၏)(မောလွန်းလို့ ချစ်တဲ့သူတွေကိုရင်ဖွင့်မိတာပါ။
😄စိတ်မညစ်ကြနဲ့နော်)” ဆိုပြီးပြောထားပါတယ်။
ချစ်ချစ်ဇော် ပြောပြထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;chit chit zaw
Credit  \\  original

Recent Updates

Recent Posts Widget