ထိတ်လန့်စရာ လေယာဉ်ပျံပေါ်က ခလုတ် (၄) ခုနဲ့ အမျိုးသမီးအိမ်သာများ
“WW-WA-PP-ATR” တဲ့…
Credit – Anonymous
Unicode
ထိတ်လန့်စရာ လေယာဉ်ပျံပေါ်က ခလုတ် (၄) ခုနဲ့ အမျိုးသမီးအိမ်သာ
အဖြစ်က ဒီလိုဗျ … ကျနော် မလေးရှားကို လေယာဉ်နဲ့သွားတုန်းက အိမ်သာတက်ချင်လို့ ကြည့်လိုက်တော့ ယောကျာ်းလေးအိမ်သာက လူပြည့်နေတာဗျ…ကျနော် မျက်နှာပျက်နေတာကို လေယာဉ်မယ်လေးက…တွေ့တော့ သနားပြီး အမျိုးသမီးအိမ်သာကို အသုံးပြုခွင့် ပေးတယ်ဗျ…
””လူကြီးမင်းအနေဖြင့် အသုံးပြုနိုင်ပါတယ်ရှင့် တခုတော့ သတိပေးပါရစေ ကိစ္စပြီးလို့ရှိရင် ရေလောင်းပြီး ထွက်လာလိုက်ပါ တခြားခလုတ်တွေကို ယောင်လို့မနှိပ်မိပါစေနဲ့ရှင်”” … ကျနော်လဲ အမျိုးသမီးအိမ်သာကဘာတွေ ကွာခြားလို့လဲ တွေးပြီး ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ခလုတ် ၄ ခု တွေ့လိုက်တယ်ဗျာ
“WW-WA-PP-ATR” တဲ့…
ဒီခလုတ်လေးခုက ဘာများလုပ်ဆောင်ပါလိမ့် ဆိုပြီး စဉ်းစားနေတာပေါ့။
အိမ်သာတက်ပြီးတော့ ကျနော် အဲ့ဒီခလုတ် ၄ ခုရဲ့ အသုံးဝင်ပုံကို စမ်းကြည့်အုံးမှဘာ ဆိုပြီး အရင်ဆုံး WW ဆိုတဲ့ ခလုတ်ကို နှိပ်ကြည့်လိုက်တော့ ဖင်ကိုရေပူတွေနဲ့ ဆေးပေးနေတယ်ခမျ… အိုးးးး ဒီအဓိပ္ပါယ် warm water ပေါ့ great idea
အဲ…ပြီးတော့ WA ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်တော့ လေပူတွေ ထွက်လာတယ်ဗျာ… wow … လန်းထှာ … WA ဆိုတော့ warm air ပေါ့…ဒါကြောင့် မိန်းခေးတွေ အိမ်သာတက်ရင်…ကြာတာကိုးးး။
ထပ်ပြီးတော့ PP ဆိုတ ခလုတ်ကို နှိပ်လိုက်တော့…တို့ပတ်( powder puff)တခ ထွက်လာပြီး…စောစောက အပူပေးအခြောက်ခံထားတဲ့…တင်သားတဝိုက်ကို ပေါင်ဒါနဲ့ …တို့ပတ် ရိုက်ပေးပါလေရောဗျာ။ ကျနော် အံ့သြသွးတယ်ဗျာ…ဖာခ့်…ငါတို့မိဘတွေက မျက်နာတို့ လည်ပင်းတို့မှာဘဲတို့ပေးတာ …ဒီမှာက မိန်းခေးတွေအတွက်…။
ဒါနဲ့ပဲကျနော် နောက်ဆုံးတခုကို …အရမ်းစိတ်ဝင်စားသွားပြီး..နှိပ်ချလိုက်တဲ့အချိန်မှာ…
အားးးးးးကျွန်တော့ရဲ့ အောက်ပိုင်းနားမှာ…စူးကနဲ ဖြစ်သွားတာကို…ခံစားလိုက်ရပြီး သတိလစ် သွားပါရောဗျာ။ သတိရလာတဲ့ အခါမှာတော့ ဆေးရုံကို ရောက်နေတာဗျ ဒါနဲ့ကျွန်တော်လည်း အနားမှာရှိတဲ့ နပ်စ်မကို “ဒီမှာ …ဆရာမလေး” “ကျွန်တော်ဆေးရုံကို ဘယ်လိုရောက်လာတာလဲခင်မျ?”နပ်စ်မက .. “
”ဒီလိုပါ လူကြီးမင်းရှင့် ” လူကြီးမင်းက ATR ကို နိပ်လိုက်လို့ပါ။ အဲ့ဒါက Automatic Tampon Removal ပါ။ အဲ့ဒါ အလုပ်လုပ်တာက အမျိုးသမီးသုံးပစ္စည်းတွေကို အော်တိုမက်တစ် ရှင်းပေးတာပါ။ လူကြီးမင်းက အဲဒီအခံ မရှိတော့ လူကြီးမင်းရဲ့ ဥနှစ်လုံးကို ဆွဲဖြုတ်သွားလို့ အခုလို မေ့ပြီး ဆေးရုံရောက်လာတာပါရှင့် ..” “ဂိန်”
Credit – Anonymous




