လိင်ပြောင်းgay တစ်ယောက်ရဲ့ နောက်ဆုံးနိဂုံးကို ပညာပေးရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကား




ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူပါ။ ဇေရဲထက်က သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင် နိုင်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ မိုမိုလေးပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဇေရဲထက် က လိင်ပြောင်း gay ဇာတ်ရုပ်နဲ့ ရိုက်ကူးထားတဲ့ “မာယာကကြိုး ” ဇာတ်ကား အကြောင်းကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။






ဇေရဲထက်က အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသူပါ။ ဒီတစ်ခါမှာတော့ ဇေရဲထက် က သရုပ်ဆောင် ဟိန်းဝေယံ က ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးထားတဲ့ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားမှာ လိင်ပြောင်း ဂေးတစ်ဦးနေရာကနေ သရုပ်ဆောင် ထားတာပဲ ဖြစ်ပါတယ်။

မာယာကကြိုး ဇာတ်ကားကြီးက ရို့မန့်တစ်ဆန်တဲ့ ကားဖြစ်သလို ဖြတ်ဖောက်ချုပ် လုပ်ထားတဲ့ လိင်ပြောင်းGay တစ်ယောက် ရဲ့ နိဂုံးကို ပညာပေးရိုက်ထားတာလို ဇေရဲထက်က ခုလို ပြောထားပါတယ်။

ဇေရဲထက် က ” နူးညံ့သော လိင်ပြောင်းgay တစ်ယောက်ရဲ့နူးညံတဲ့အချစ်ရယ် သစ္စာရှိပြီးအရှက်အကြောက်ကြီးသော gayတစ်ယောက်ရဲ့နိဂုံးလေးကို ပညာပေးပေါင်းမြောက်မြားစွာနဲ့ ကိုဟိန်းဝေယံရိုတ်ကူးထားပါသည်းးအရမ်းကြည့်ချင်သောကား🙏” ဆိုပြီးပြောထားပါတယ်။

မာယာကကြိုးဇာတ်ကားကြီးမှာဆိုရင် သရုပ်ဆောင် ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုလ် တို့က သရုပ်ဆောင်ထားပြီး ဟိန်းဝေရယံ ဒါရိုက်တာ အဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်တာကြောင့် ပရိသတ်တွေ အားပေးကြဖို့ မမေ့နဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget