“ရဲစခန္္းတြင္္ တစ္ႏွစ္ေက်ာ္ သိမ္းထားသည္႔ ကားအတြင္းမွ မူးယစ္ေဆး၀ါးေတြ႔”




အုတ္ရွွစ္ကုန္းအျမန္လမ္းရဲစခန္းတြင္ လြန္ခဲ့ဲသည့္ တစ္ႏွစ္ေက်ာ္က သက္ေသခံအျဖစ္သ္ိမ္းထားသည့္ ကားအတြင္းမွ က်ပ္သိန္း္ေပါင္း ႏွစ္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားေတြ႔ရွိ

ဒုိက္ဦး၊ ဇြန္ ၅ ရက္။

ပဲခူးတိုင္းေဒသႀကီး၊ ဒုိက္ဦးၿမိဳ႕နယ္၊ အုတ္ရွစ္ကုန္းအျမန္လမ္းရဲစခန္း၌ လြန္ခဲဲ့သည့္ တစ္ႏွစ္ေက်ာ္က သက္ေသ ခံအျဖစ္ သိ္မ္းဆည္းထားသည့္ ကားအတြင္းမွ က်ပ္သိန္းေပါင္းႏွစ္ေသာင္းေက်ာ္ တန္ဖိုးရွိ စိတ္ၾကြမူးယစ္ ေဆးျပား ၇ သိန္းေက်ာ္ကို ရွာေဖြသိမ္းဆည္းရမိခဲ့ေၾကာင္း မူးယစ္တပ္ဖဲြ႔စု (၃၆)မွ သိရွိရသည္။

ဒုိက္ဦးၿမိဳ႕နယ္၊ အုတ္ရွစ္ကုုန္းအျမန္လမ္းရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ႏုိဝင္ဘာလတြင္ Vigo Hilux ယာဥ္တစ္စီး လမ္းလယ္ကြ်န္းအား ဝင္တုိက္ကာ ယာဥ္ေမာင္းထြက္ေျပးသြားသျဖင့္ သက္ေသခံအျဖစ္ သိမ္းထားရာ ဇြန္ ၃ ရက္က ယာဥ္ေပၚမွ အနံ႔ထြက္လာသျဖင့္ မူးယစ္တပ္ဖဲြ႔ဝင္မ်ားႏွင့္ ရဲတပ္ဖဲြ႔ဝင္မ်ား ပူးေပါင္းရွာေဖြရာ ယာဥ္ေနာက္ခန္း အမုိးအတြင္းမွ စိတ္ၾကြေဆးျပား ၇၈၀၉၀၀ ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား အေၾကမႈန္႔ ၉၀၀ ဂရမ္၊ စုစုေပါင္း ေဒသေပါက္ေစ်း က်ပ္သိန္းေပါင္းႏွစ္ေသာင္းေက်ာ္အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။


“ကားကလုိင္စင္ကားပါ လြန္ခဲ့တဲ႔ တစ္ႏွစ္ခန္႔က အျမန္လမ္း၊ လမ္းလယ္ကြြ်န္းကုိ တုိက္မိၿပီး ယာဥ္ေမာင္း ထြက္ေျပးသြားပါတယ္္။ သက္ေသခံကားကုိ ရဲတပ္ဖဲြ႔မွွာ ထားထားတဲ့အခ်ိန္ အခုမုိးတစ္ရက္ ႏွစ္ရက္ရြာေတာ့ အနံ႔ထြက္လာတယ္။ ရဲတပ္ဖဲြ႔က ကြ်န္ေတာ္တုိ႔ မူးယစ္တပ္ဖဲြ႔ကုိ အေၾကာင္းၾကားလို႔ ရွာေဖြသိမ္းဆည္းမိတာပါ။” ဟု အမွတ္ (၃၆) မူးယစ္တပ္ဖဲြ႔စုမွ ဒုရဲမွဴး ႏိုင္မ်ိဳးဝင္းက ေျပာသည္။

အဆုိပါယာဥ္တုိက္မႈ ျဖစ္စဥ္အား အုုတ္ရွစ္ကုန္းအျမန္လမ္းရဲစခန္းတြင္ ယာဥ္(ပ)၂၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉၊ က်င့္ ၂၀၂ ျဖင့္ အမႈဖြင့္ထားရာ လက္ရွိမူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာ ဥပေဒျဖင့္ အေရးယူရန္အတြက္ ကြင္းဆက္တရားခံမ်ားအား စုံစမ္္းရွာေဖြေနေၾကာင္း သိရသည္။

မ်ိဳးျမတ္္ (ျမစ္မခ)

Credit  \  original
Unicode

အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းတွင် လွန်ခဲ့ဲသည့် တစ်နှစ်ကျော်က သက်သေခံအဖြစ်သိမ်းထားသည့် ကားအတွင်းမှ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများတွေ့ရှိ

ဒိုက်ဦး၊ ဇွန် ၅ ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း၌ လွန်ခဲ့သည့် တစ်နှစ်ကျော်က သက်သေ ခံအဖြစ် သိမ်းဆည်းထားသည့် ကားအတွင်းမှ ကျပ်သိန်းပေါင်းနှစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ် ဆေးပြား ၇ သိန်းကျော်ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၆)မှ သိရှိရသည်။

ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် Vigo Hilux ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်ကာ ယာဉ်မောင်းထွက်ပြေးသွားသဖြင့် သက်သေခံအဖြစ် သိမ်းထားရာ ဇွန် ၃ ရက်က ယာဉ်ပေါ်မှ အနံ့ထွက်လာသဖြင့် မူးယစ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေရာ ယာဉ်နောက်ခန်း အမိုးအတွင်းမှ စိတ်ကြွဆေးပြား ၇၈၀၉၀၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၉၀၀ ဂရမ်၊ စုစုပေါင်း ဒေသပေါက်ဈေး ကျပ်သိန်းပေါင်းနှစ်သောင်းကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကားကလိုင်စင်ကားပါ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က အမြန်လမ်း၊ လမ်းလယ်ကွျွန်းကို တိုက်မိပြီး ယာဉ်မောင်း ထွက်ပြေးသွားပါတယ်။ သက်သေခံကားကို ရဲတပ်ဖွဲ့မှာ ထားထားတဲ့အချိန် အခုမိုးတစ်ရက် နှစ်ရက်ရွာတော့ အနံ့ထွက်လာတယ်။ ရဲတပ်ဖွဲ့က ကျွန်တော်တို့ မူးယစ်တပ်ဖွဲ့ကို အကြောင်းကြားလို့ ရှာဖွေသိမ်းဆည်းမိတာပါ။” ဟု အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူး နိုင်မျိုးဝင်းက ပြောသည်။

အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းတွင် ယာဉ်(ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ကျင့် ၂၀၂ ဖြင့် အမှုဖွင့်ထားရာ လက်ရှိမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူရန်အတွက် ကွင်းဆက်တရားခံများအား စုံစမ်းရှာဖွေနေကြောင်း သိရသည်။

မျိုးမြတ် (မြစ်မခ)

Credit  \  original

Recent Updates

Recent Posts Widget