“ခင္ပြန္းျဖစ္သူရဲ႕ သီခ်င္းအသစ္ေလးကို ဝန္းရံလိုက္တဲ့ ေ႐ႊမႈံရတီ”
ေရႊမႈံရတီက ေရႊထူးရဲ႕ သီခ်င္းအသစ္ျဖစ္တဲ့ ‘’Silent’’ သီခ်င္းေလးကုိ အျပတ္အသတ္ ဝန္းရံလုိက္ပါတယ္။ ဒီသီခ်င္းေလးကုိ မိတ္ဆက္လုိက္တဲ့ ၂ နာရီအတြင္းမွာ ပရိသတ္ ၆ ေသာင္းေက်ာ္အားေပးၾကတာ ေတြ႔ရပါတယ္။
ေရႊထူးရဲ႕ ေနာက္ဆုံးထြက္ရွိလာတဲ့ သီခ်င္း အသစ္ေလး ‘’Silent’’ သီခ်င္းကုိေတာ့ ဇြန္လ ၅ ရက္ေန႔ ေန႔လယ္ ၁၁ နာရီေက်ာ္က ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးလုိက္ပါၿပီ။ ေရႊမႈံရတီကေတာ့ ခင္ပြန္းျဖစ္တဲ့ ေရႊထူးသီခ်င္းေလးကုိ အျပတ္အသတ္ကုိ ဝန္းရံထားပါတယ္။
‘’Finally,Babe သူ႔သီခ်င္းဆို နားေထာင္လို႔ကိုမဝဘူး။ my crush my idol #ShweHtoo’’ ဆုိၿပီးေတာ့ ဇြန္လ ၅ ရက္ေန႔ ေန႔လယ္ ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ သူတုိ႔ ႏွစ္ေယာက္ကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း ေရႊထူးရဲ႕ သီခ်င္း အသစ္ေလးကုိ အားေပးခဲ့ၾကပါေသးတယ္။
‘’Silent’’ သီခ်င္းေလးကုိေတာ့ ေရႊထူးရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ကေန ဒီေန႔ (ဇြန္လ ၅ရက္ေန႔) မွာ စတင္မိတ္ဆက္လုိက္တာ ျဖစ္ပါတယ္။ မိတ္ဆက္ၿပီး ၂ နာရီအတြင္းမွာ အားေပးၾကည့္ရႈသူ ပရိသတ္ေပါင္း ၆၃၈၃၇ ေယာက္ရွိခဲ့ပါတယ္။ သီခ်င္း ပုံစံေလးကေတာ့ သီခ်င္းေအးေအးေလးကေန ခြဲထက္သြားတဲ့ အခ်စ္သီခ်င္း ျမဴးျမဴးေလးျဖစ္ပါတယ္။
ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ရဲ႕ ပထမဆုံး အတူတူသီဆုိထားတဲ့ ‘’အမွား’’ သီခ်င္းကလည္း ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေရႊထူးက ဇနီးေခ်ာေလးအတြက္ သီခ်င္းအသစ္ေတြ ဖန္တီးေပးဦးမွာ ျဖစ္သလုိ သူ႔ရဲ႕ တတိယေျမာက္ တစ္ကုိယ္ေတာ္အေခြလည္း ထြက္ႏုိင္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
ေရႊထူး(Htoo Khant)နဲ႕ ေရႊမႈန္ရတီ(Shwe Mhone Yati)တို႕ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႕မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလွဴျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ မဂၤလာညစာစားပြဲကိုေတာ့ ႏုိဝင္ဘာလ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ဟုိတယ္ မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
သူတုိ႔ႏွစ္ေယာက္ပါဝင္သရုပ္ေဆာင္ထားတဲ့ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားကုိေတာ့ ၂၀၁၉ ခုႏွစ္ ေမလ ၃၀ရက္ေန႔က ရုံတင္ျပသခဲ့ၿပီးျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ သူတုိ႔ ခ်စ္သူႏွစ္ေယာက္ရဲ႕ ပထမဆုံးအႀကိမ္ စတင္ေတြ႔ဆုံခဲ့တဲ့ ဇာတ္ကား တစ္ကားျဖစ္လည္းျဖစ္ပါတယ္။
Credit: Duwun
Unicode Version
ရွှေမှုံရတီက ရွှေထူးရဲ့ သီချင်းအသစ်ဖြစ်တဲ့ ‘’Silent’’ သီချင်းလေးကို အပြတ်အသတ် ဝန်းရံလိုက်ပါတယ်။ ဒီသီချင်းလေးကို မိတ်ဆက်လိုက်တဲ့ ၂ နာရီအတွင်းမှာ ပရိသတ် ၆ သောင်းကျော်အားပေးကြတာ တွေ့ရပါတယ်။
ရွှေထူးရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ သီချင်း အသစ်လေး ‘’Silent’’ သီချင်းကိုတော့ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်တဲ့ ရွှေထူးသီချင်းလေးကို အပြတ်အသတ်ကို ဝန်းရံထားပါတယ်။
‘’Finally,Babe သူ့သီချင်းဆို နားထောင်လို့ကိုမဝဘူး။ my crush my idol #ShweHtoo’’ ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း ရွှေထူးရဲ့ သီချင်း အသစ်လေးကို အားပေးခဲ့ကြပါသေးတယ်။
‘’Silent’’ သီချင်းလေးကိုတော့ ရွှေထူးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ဒီနေ့ (ဇွန်လ ၅ရက်နေ့) မှာ စတင်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ မိတ်ဆက်ပြီး ၂ နာရီအတွင်းမှာ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၆၃၈၃၇ ယောက်ရှိခဲ့ပါတယ်။ သီချင်း ပုံစံလေးကတော့ သီချင်းအေးအေးလေးကနေ ခွဲထက်သွားတဲ့ အချစ်သီချင်း မြူးမြူးလေးဖြစ်ပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃၀ရက်နေ့က ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်လည်းဖြစ်ပါတယ်။
Credit: Duwun





