စိုင်းစည်တွမ်ခမ်း နဲ့သီချင်းတစ်ပုဒ် ထွက်ဖို့ကြိုးစားနေတယ် ဆိုတဲ့ ကောင်းကောင်း





အသံချိုချိုအေးအေးလေးနဲ့ အချစ်သီချင်းလေးတွေ သီဆိုလေ့ရှိတဲ့ အဆိုတော် ကောင်းကောင်း ဟာဆိုရင် အဆိုပိုင်းမှာ သာမက တေးရေးအနေနဲ့လည်းအောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော် တစ်ဦးဆိုလည်းမမှားပါဘူး။ ကောင်းကောင်းက ခုချိန်မှာတော့ ချစ်ရတဲ့ ဇနီးလေးနဲ့ သားလေး အိုမဟာ တို့နဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ကောင်းကောင်း က စိုင်းစည်တွမ်ခမ်းနဲ့အတူ သီချင်း တစ်ပုဒ်ထွက်ရှိဖို့ကြိုးစားနေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


လက်ရှိမှာ အဆိုတော်ကောင်းကောင်း က နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေပေးနေသလို သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာတွေကိုလည်း ဖန်တီးနေတာပါ။ ကောင်းကောင်းက စိုင်းစည်တွမ်ခမ်းအတွက် သူရဲကောင်းဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်းရေးပေးထားပြီး သီချင်းလေးက ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေရရှိထားသလို ဒီတစ်ခါမှာလည်း ကောင်းကောင်းနဲ့ စိုင်းစည်တွမ်ခမ်း တို့နှစ်ဦးပေါင်းပြီး သီချင်းတစ်ပုဒ် ထွက်ဖို့ရှိတယ်လို့ ပြောထားပါတယ်။



ကောင်းကောင်း က သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ” သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အထူးတလည် ကြိုးစားနေပါတယ် မကြာခင်ထွက်ရှိပါ့မယ် ❤️❤️❤️❤️” ဆိုပြီး သူတို့ ရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။



အဆိုတော်ကောင်းကောင်း နဲ့ စိုင်းစည်တွမ်ခမ်း တို့ရဲ့ ထွက်ရှိလာမယ့် သီချင်းလေးကို ပရိသတ်တွေ အားပေးကြဖို့မမေ့နဲ့နော်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit  \\  original

Recent Updates

Recent Posts Widget