အေမျဖစ္သူက သားျဖစ္သူကို ဆုံးမရာမွလက္လြန္၍သားေလးေသဆုံးခဲ့ရ




အေမျဖစ္သူက သားျဖစ္သူအား ဆုံးမရာမွလက္လြန္၍သားေလးေသဆုံးခဲ့ရ


မႏၲလးၿမိဳ႕ ခ်မ္းျမသာစည္ျမိဳ႔နယ္.ေအာင္သာယာရပ္ကြက္.ဗဗ.၉/၇၉ေန ေဒၚမေအာင္ႂကြယ္အား ေအာင္ပင္လယ္စခန္းမႉး ရဲအုပ္စိန္ထြန္း နယ္ထိမ္းေခါင္းေဆာင္ဒုရဲအုပ္ဝင္းပိုင္ႏွင့္အဖြဲ႔တို႔ သြားေရာက္စစ္ေဆးေမးျမန္းခဲ့ရာ ေသဆုံးသူ၏မိခင္ ေဒၚမေအာင္ႂကြယ္ ဇြန္လ ၁၃ရက္ေန႔က သားျဖစ္သူ ေမာင္ထူးေအာင္လင္းအား ဆုံးမေနစဥ္



အတက္ေရာဂါျဖစ္၍ ေဆးခန္းသို႔ သြားေရာက္ကုသေပးခဲ့ရၿပီး ဇြန္လ ၁၆ရက္ေန႕ ၃နာရီအခ်ိန္တြင္ေသဆုံးခဲ့ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ေသဆုံးသူ ေမာင္ထူးေအာင္း၏ အေလာင္းအား ရဲေဆးစာျဖင့္ မႏၱေလး ေဆး႐ုံႀကီးသို႔လပို႔အပ္ခဲ့ရာ PR16/2019ျဖင့္ လက္ခံစစ္ေဆးၿပီး ေမာင္ထူးေအာင္လင္းေသဆုံးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္းဟုတ္ မဟုတ္ သိရိွႏိုင္ရန္ ေသမႈေသခင္းအမွတ္စဥ္ ၉/ ၂၀၁၉ ျဖင္႔ ေရးဖြင့္ေဆာင္ရြက္ခဲ့ရာ


ေသဆုံးသူ ေမာင္ထူးေအာင္လင္း၏ ဦးေခါင္းအား တံျမတ္စည္းဝါး လက္ကိုင္႐ိုးႏွင့္ ႐ိုက္ႏွက္ဆိုဆုံးမခဲ့ေၾကာင္းသိရိွရပါသည္။ တရားလို တို႔အဖြဲ႔သည္ မႏၱေလး ၿမိဳ႕ ျပည္သူ႔ေဆး႐ုံုႀကီးသို႔သြားေရာက္ၿပီးေဒါက္တာ ယမင္းခ်ိဳ.ေဒါက္တာဘုန္းလွ်ံ ေဒါက္တာ ဝင္းလြင္ေအာင္ တို႔မွေသဆုံးသူ၏ အေလာင္းအား ရင္ခြဲစစ္ေဆးခဲ့ရာ တရားလိုမ်ား လိုက္ပါၾကည့္ ရႈခဲ့ရၿပီး ေသဆုံးသူ၏ ဦးေခါင္း၌ရ႐ွိေသာ ဒဏ္ရာေၾကာင့္ ဦးေႏွာက္အေမွးပါးအေပၚ၌ေသြးခဲျခင္း.အေမွးပါးေအာက္၌ေသြးယိုျခင္းတို႔ေၾကာင့္ေသဆုံးရျခင္းျဖစ္ေၾကာင္းသိရိွရသျဖင့္ လူ၏အသက္အား ေသသည္အထိ ဒဏ္ရာရရိွေအာင္ ႐ိုက္ႏွက္ခဲ့သူ ေဒၚမေအာင္ႂကြယ္

၄၄ႏွစ္.ဦးေသာင္းတင္၏ သမီးျဖစ္သူ ၉/မရမႏိုင္၀၈၁၉၆၁ ကိုင္ေဆာင္သူအား ေအာင္ပင္လယ္စခန္းမႉး ရဲအုပ္စိန္ထြန္းဦးမွ
၂၀၁၉. ဇြန္လ.၁၇ရက္ေန႔ည ၇နာရီအခ်ိန္တြင္ ပ.၃၉၂/၂၀၁၉ ရာဇသကိႀကီးပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္႐ွိပါေၾကာင္းသတင္းရရိွပါသည္။

Pan Tu

Credit  \\  original

Unicode ျဖင့္ဖတ္ရန္

အမေဖြစ်သူက သားဖြစ်သူအား ဆုံးမရာမှလက်လွန်၍သားလေးသေဆုံးခဲ့ရ

မန္တလးမြို့ ချမ်းမြသာစည်မြို့နယ်.အောင်သာယာရပ်ကွက်.ဗဗ.၉/၇၉နေ ဒေါ်မအောင်ကြွယ်အား အောင်ပင်လယ်စခန်းမှူး ရဲအုပ်စိန်ထွန်း နယ်ထိမ်းခေါင်းဆောင်ဒုရဲအုပ်ဝင်းပိုင်နှင့်အဖွဲ့တို့ သွားရောက်စစ်ေဆးမေးမြန်းခဲ့ရာ သေဆုံးသူ၏မိခင် ဒေါ်မအောင်ကြွယ် ဇွန်လ ၁၃ရက်နေ့က သားဖြစ်သူ မောင်ထူးအောင်လင်းအား ဆုံးမနေစဉ်

အတက်ရောဂါဖြစ်၍ ဆေးခန်းသို့ သွားရောက်ကုသပေးခဲ့ရပြီး ဇွန်လ ၁၆ရက်နေ့ ၃နာရီအချိန်တွင်သေဆုံးခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သေဆုံးသူ မောင်ထူးအောင်း၏ အလောင်းအား ရဲဆေးစာဖြင့် မန္တလေး ဆေးရုံကြီးသို့လပို့အပ်ခဲ့ရာ PR16/2019ဖြင့် လက်ခံစစ်ဆေးပြီး

မောင်ထူးအောင်လင်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းဟုတ် မဟုတ် သိရှိနိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၉/ ၂၀၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်ခဲ့ရာ

သေဆုံးသူ မောင်ထူးအောင်လင်း၏ ဦးခေါင်းအား တံမြတ်စည်းဝါး လက်ကိုင်ရိုးနှင့် ရိုက်နှက်ဆိုဆုံးမခဲ့ကြောင်းသိရှိရပါသည်။ တရားလို တို့အဖွဲ့သည် မန္တလေး မြို့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး

ဒေါက်တာ ယမင်းချို.ဒေါက်တာဘုန်းလျှံ ဒေါက်တာ ဝင်းလွင်အောင် တို့မှသေဆုံးသူ၏ အလောင်းအား ရင်ခွဲစစ်ဆေးခဲ့ရာ တရားလိုများ လိုက်ပါကြည့် ရှုခဲ့ရပြီး သေဆုံးသူ၏ ဦးခေါင်း၌ရရှိသော ဒဏ်ရာကြောင့် ဦးနှောက်အမှေးပါးအပေါ်၌သွေးခဲခြင်း.အမှေးပါးအောက်၌သွေးယိုခြင်းတို့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လူ၏အသက်အား သေသည်အထိ ဒဏ်ရာရရှိအောင် ရိုက်နှက်ခဲ့သူ ဒေါ်မအောင်ကြွယ်.

၄၄နှစ်.ဦးသောင်းတင်၏ သမီးဖြစ်သူ ၉/မရမနိုင်၀၈၁၉၆၁ ကိုင်ဆောင်သူအား အောင်ပင်လယ်စခန်းမှူး ရဲအုပ်စိန်ထွန်းဦးမှ

၂၀၁၉. ဇွန်လ.၁၇ရက်နေ့ည ၇နာရီအချိန်တွင် ပ.၃၉၂/၂၀၁၉ ရာဇသကိကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

Pan Tu

Credit  \\  original


Recent Updates

Recent Posts Widget