“Line Walker 2 ႐ုပ္ရွင္ကို ျမန္မာႏိုင္ငံမွာ ျပသေတာ့မယ္”
ျမန္မာႏုိင္ငံမွာ လာေရာက္ရုိက္ကူးခဲ့တဲ့ Line Walker 2 ရုပ္ရွင္ကုိ မၾကာခင္ရုံတင္ေတာ့မွာျဖစ္ျပီး ႏုိင္ငံတကာမွာ ျပသတဲ့အခ်ိန္နဲ႔တျပိဳက္နက္ ျမန္မာႏုိင္ငံမွာလည္းရုံတင္သြားမယ္လုိ႔ မဂၤလာရုပ္ရွင္ရုံအုပ္စုက သိရပါတယ္။
” ျပသမယ့္ ရက္ကုိ အတိအက်မသိရေသးေပးမယ့္ ျပသဖုိ႔ကေတာ့ အတာ္ျပဳျပီးပါျပီး ၾသဂုတ္လ ထဲမွာ ျပသသြားဖုိ႔ ရွိပါတယ္။”လုိ႔ မဂၤလာရုပ္ရွင္ရုံအုပ္စု တာ၀န္ရွိသူျဖစ္တဲ့ ကုိျမတ္ခုိင္စုိးက Duwun ကုိေျပာပါတယ္။
Line Walker 2 ရုပ္ရွင္ဟာ ရန္ကုန္က ဆူေလလမ္းမေပၚမွာ ေသနတ္ပစ္ Action ခန္းေတြနဲ႔ရုိက္ကူးခဲ့တာေၾကာင့္ ျမန္မာျပည္သူေတြရဲ႕ အထူးစိတ္၀င္စားမႈခံေနရတဲ့ ရုပ္ရွင္ျဖစ္ပါတယ္။
အဲ့ဒီရုပ္ရွင္ကုိ ေဖေဖာ္ဝါရီ ၁၇ ရက္ ေန႔ကေန ေဖေဖာ္ဝါရီ ၂၆ ရက္အထိ ျမန္မာႏုိင္ငံ ရန္ကုန္ျမိဳ႕က ေရႊတိဂုံ ဘုရားတ၀ုိက္နဲ႔ ဆူးေလျမိဳ႕ေတာ္ခန္းမ၀န္းက်င္မွာ လာေရာက္ရုိက္ကူးသြားခဲ့တာျဖစ္ပါတယ္။
Shaw Brothers Pictures ရုပ္ရွင္ကုမၸဏီကရုိက္ကူးတဲ့ အဲ့ဒီရုပ္ရွင္မွာ ျမန္မာျပည္က ရုပ္ရွင္သရုပ္ေဆာင္အခ်ိဳ႕လည္းပါ၀င္သရုပ္ေဆာင္ထားၾကပါတယ္။
Credit: Duwun
Unicode Version
မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ကို မကြာခင်ရုံတင်တော့မှာဖြစ်ပြီး နိုင်ငံတကာမှာ ပြသတဲ့အချိန်နဲ့တပြိုက်နက် မြန်မာနိုင်ငံမှာလည်းရုံတင်သွားမယ်လို့ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက သိရပါတယ်။
” ပြသမယ့် ရက်ကို အတိအကျမသိရသေးပေးမယ့် ပြသဖို့ကတော့ အတာ်ပြုပြီးပါပြီး သြဂုတ်လ ထဲမှာ ပြသသွားဖို့ ရှိပါတယ်။”လို့ မင်္ဂလာရုပ်ရှင်ရုံအုပ်စု တာဝန်ရှိသူဖြစ်တဲ့ ကိုမြတ်ခိုင်စိုးက Duwun ကိုပြောပါတယ်။
Line Walker 2 ရုပ်ရှင်ဟာ ရန်ကုန်က ဆူလေလမ်းမပေါ်မှာ သေနတ်ပစ် Action ခန်းတွေနဲ့ရိုက်ကူးခဲ့တာကြောင့် မြန်မာပြည်သူတွေရဲ့ အထူးစိတ်ဝင်စားမှုခံနေရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ကို ဖေဖော်ဝါရီ ၁၇ ရက် နေ့ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့က ရွှေတိဂုံ ဘုရားတဝိုက်နဲ့ ဆူးလေမြို့တော်ခန်းမဝန်းကျင်မှာ လာရောက်ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။
Shaw Brothers Pictures ရုပ်ရှင်ကုမ္ပဏီကရိုက်ကူးတဲ့ အဲ့ဒီရုပ်ရှင်မှာ မြန်မာပြည်က ရုပ်ရှင်သရုပ်ဆောင်အချို့လည်းပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Credit: Duwun



