မိဘကျေးဇူးနဲ့ ဆရာ့ကျေးဇူးဆပ်ရာရောက်အောင် ကုသိုလ်တစ်ခုအနေနဲ့ သီလရှင်ဝတ်ဖြစ်ခဲ့တာဆိုတဲ့ မိုးဟေကို





မင်းသမီးတစ်ဦးရဲ့ ကောင်းခြင်းတွေနဲ့ပြည့်စုံတဲ့ ကျော့ရှင်းတဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့ မိုးဟေကိုကတော့ မနေ့ကပဲ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ မိုးဟေကိုကတော့ ဆရာလေး အဂ္ဂဉာဏီ ဘွဲ့အမည်နဲ့
ဝစီပိတ် မယ်သီလရှင်ဝတ်ဖြစ်နေတာလို့လည်း သိရပါတယ်။ အေးချမ်းတည်ငြိမ်လွန်းတဲ့ ဆရာလေး အဂ္ဂဉာဏီရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကိုပါ အေးချမ်းမှုတွေ ကူးစက်စေပါတယ်နော်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် ဆရာလေး အဂ္ဂဉာဏီ ဘွဲ့အမည်နဲ့ ဝစီပိတ် မယ်သီလရှင်ဝတ်နေတဲ့ မိုးဟေကိုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။



မိုးဟေကိုရဲ့ admin ကတော့ ‘မိုးရဲ့ ဒီနှစ် မွေးနေ့လေးမှာ မိုး ချစ်ရတဲ့ အဖေနဲ့အမေ ရှိနေစဉ်အချိန်ကာလလေးမှာ မိဘကျေးဇူး နဲ့ ဆရာ့ကျေးဇူးဆပ်ရာလည်း ရောက်အောင်လို့ ကုသိုလ်ကောင်းမှုလေးတစ်ခုအနေနဲ့ ဆရာလေး အဂ္ဂဉာဏီ ဘွဲ့အမည်ဖြင့် ဝစီပိတ် မယ်သီလရှင်ဝတ်ဖြစ်ခဲ့တယ် မိုးမွေးနေ့အလှူလေးမှာမိုးချစ်ရတဲ့ မိသားစု,သူငယ်ချင်းမိတ်ဆွေများနဲ့အတူတူ ကုသိုလ်ကောင်းမှူလေး ပြုလုပ်ရင်းဖြတ်သန်းခဲ့ပုံလေးကို မိုးချစ်ရတဲ့ ပရိသတ်တွေသာဓုခေါ်နိုင်အောင် အမှတ်တရအနေနဲ့ Admin မှတင်ပေးလိုက်တယ်နော်❤️❤️ ‘ ဆိုပြီး မိုးဟေကို သာသနာ့ဘောင်အတွင်းသို့ ဝင်ရတဲ့ရည်ရွယ်ချက်လေးကို ပြောထားတာ တွေ့ရပါတယ်။




မိဘနှစ်ပါးနဲ့ မိုးဟေကို.. .။

အေးချမ်းတည်ငြိမ်တဲ့ ဆရာလေး ဆရာလေး အဂ္ဂဉာဏီ…။



မိုးဟေကိုကတော့ လက်ရှိမှာ သူကိုယ်တိုင်တည်ထောင်ထားတဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်ပြီး အရည်အသွေးရှိတဲ့ ဇာတ်ကားကောင်းလေးတွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ မိဘကို လုပ်ကျွေးနေတဲ့ သမီးလိမ္မာလေး မိုးကတော့ ကျန်းမာရေးမကောင်းတဲ့ မိဘတွေကို ပြုစုရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မိဘကျေးဇူးနဲ့ ဆရာ့ကျေးဇူးဆပ်ရာရောက်အောင် ကုသိုလ်တစ်ခုအနေနဲ့ သီလရှင်ဝတ်ဖြစ်ခဲ့တဲ့ မိုးဟေကိုကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Moe Hay Ko’s Facebook
Photo- Life Photography

Credit  \\   original

Recent Updates

Recent Posts Widget