မြန်မာဆန်ဆန် ပုဆိုးလေးဝတ်ပြီး မိန်းကလေးတွေ အသည်းနှလုံးကို ခြွေလိုက်ပြန်တဲ့ ပိုင်တံခွန်




နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ဘရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။




အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ မင်းသားချော ပိုင်တံခွန်က ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ ဘုရားဖူးပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။



မိုမိုလေး ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ရွှေတိဂုံဘုရားဖူးမြှော်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ခပ်မိုက်မိုင်စတိုင်လ်တွေနဲ့လည်း လန်းသလို အခုလို မြန်မာဆန်ဆန် ပုဆိုးလေးနဲ့လည်း တစ်မျိုးလေး ခန့်ညားသန့်ပြန့်နေတာကို တွေ့ရပါတယ်။




ပိုင်တံခွန်က မကြာသေးခင်ကလည်း သင်ဇာဝင့်ကျော်နဲ့အတူတူ “သူ ဘယ်သူလဲ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ တ်းနေ့တစ်မျိုး မရိုးရအောင် ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ဖမ်းစားထားနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Paing Takhon’s fb

Credit  \\   original


Recent Updates

Recent Posts Widget