ရန္ကုန္တိုင္းတြင္ရာသီတုပ္ေကြးေၾကာင့္ ေသဆုံးသူ ၁၀ ဦးထိရွိ
ရာသီတုပ္ေကြးေၾကာင့္ ေသဆုံးလူနာမ်ားတြင္ ရန္ကုန္တိုင္းေဒသႀကီးမွ အမ်ားဆုံးျဖစ္ေၾကာင္း ျပည္သူ႕က်န္းမာေရးဦးစီး ဌာန မွသိရသည္။ဇြန္လ ၂၇ ရက္ေန႕ အထိ စာရင္းအရ ရာသီတုပ္ေကြးေၾကာင့္ ေသဆုံးသူ ၁၂ ဦးအနက္ ၁၀ ဦးမွာ ရန္ကုန္ တိုင္းေဒသႀကီးက ျဖစ္ကာ ဧရာဝတီတိုင္းေဒသႀကီးမွ ၁ ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ၁ ဦး ျဖစ္ေၾကာင္း သိရသည္။ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးမႉး ေဒါက္တာထြန္းျမင့့္္က “ရန္ကုန္တိုင္းဟာ လူဦးေရ ထူထပ္တယ္။ လူေနမ်ား တယ္။ ကူးစက္ေရာဂါ အမ်ားစုကလည္း ရန္ကုန္တိုင္းမွာ ျဖစ္တာမ်ားတယ္။ ရန္ကုန္တိုင္းမွာက လူဦးေရ က်ပ္သိပ္ေနတာ ကလည္း ကူးစက္ဖို႔ ပိုလြယ္တာေပါ့” ဟုဆိုသည္။
အဆိုပါ ေသဆုံးသူမ်ားသည္ နာတာရွည္ေရာဂါ အခံမ်ားလည္းရွိေၾကာင္း၊ ထိုသို႔ေသာ သူမ်ား ကူးစက္ခံရပါက အျပင္း အထန္ခံစားရေၾကာင္း က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာန၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ က်န္းမာေရးအသိပညာ ျမႇင့္တင္ေရးဌာနခြဲက ၫႊန္ၾကားေရးမႉး ေဒါက္တာျဖဴျဖဴေအး က ေျပာသည္။ေတာက္ေလွ်ာက္ၾကည့္ေနတာေတာ့ နာတာရွည္ ေရာဂါအခံရွိေနတာ မ်ားတယ္။ ကေလးေတြဆို ေမြးရာပါ ႏွလုံးေရာဂါ ရွိတယ္။ လက္ရွိရတဲ့ အခ်က္အလက္ေတြ ကိုၾကည့္ၿပီး ေျပာတာပါ” ဟု ေဒါက္တာျဖဴျဖဴေအးက ဧရာဝတီသို႔ ေျပာသည္။
ရာသီတုပ္ေကြး သံသယရွိသည့္ လူနာ၂၃၄ ဦးကို ဓာတ္ခြဲခန္းတြင္ စစ္ေဆးၿပီး A H1N1 pdm 09 ေတြ႕ရွိသည့္ လူနာ ၅၆ ဦး ရွိေၾကာင္း ျပည္သူ႕က်န္းမာေရး ဦးစီးဌာနမွ သိရသည္။ဆက္လက္ၿပီး ေဒါက္တာျဖဴျဖဴေအးက “က်မတို႔ နိုင္ငံမွာ လူဦးေရ ဘယ္ေလာက္ရွိလဲ၊ ရန္ကုန္တိုင္းေဒသႀကီးမွာ လူဦးေရ ဘယ္ေလာက္ရွိလဲ၊ အဲဒီထဲကမွ ေတြ႕ရွိတဲ့ လူနာက တနိုင္လုံးမွာ ၅၆ ေယာက္၊ အဲဒါေတြေပၚမွာ မူတည္ၿပီးေတာ့ ခြဲျခမ္းစိတ္ျဖာၿပီး ၾကည့္ေစခ်င္ပါတယ္” ဟုဆိုသည္။
ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးမႉး ေဒါက္တာထြန္းျမင့္ကလည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း ရာသီတုပ္ေကြး ေၾကာင့္ ေသဆုံးသူမ်ားသည္ နာတာရွည္ေရာဂါအခံႏွင့္ အသက္အ႐ြယ္ေၾကာင့္ ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားသည္။၂၀၁၇ ခုႏွစ္တြင္မူ ရာသီတုပ္ေကြး စစ္ေဆးသူ ၁၁၆၅ ဦးရွိခဲ့ၿပီး ေရာဂါပိုး ေတြ႕ရွိသူ ၄၀၆ ဦး၊ ေသဆုံးလူနာ ၃၈ ဦးရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ရာသီတုပ္ေကြး စစ္ေဆးသူ ၃၆၇ ဦးရွိခဲ့ၿပီး ေရာဂါ ပိုးေတြ႕ရွိသူ ၁၃ ဦးေတြ႕ရွိခဲ့ကာ ေသဆုံးသူ မရွိခဲ့ ေၾကာင္း ျပည္သူ႕က်န္းမာေရး ဦးစီးဌာနမွ သိရသည္။ဇြန္ ၂၆ ရက္ေန႕မွစတင္ၿပီး ရန္ကုန္ကေလးေဆး႐ုံႀကီးတြင္ ရာသီတုပ္ေကြးေရာဂါ သီးသန႔္လူနာေဆာင္ဖြင့္လွစ္ကာ ကုသေပးလ်က္ရွိေၾကာင္း သိရသည္။
Credit TheIrrawaddyBurmeseNews
Unicode
ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာများတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန မှသိရသည်။ဇွန်လ ၂၇ ရက်နေ့ အထိ စာရင်းအရ ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၂ ဦးအနက် ၁၀ ဦးမှာ ရန်ကုန် တိုင်းဒေသကြီးက ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့့််က “ရန်ကုန်တိုင်းဟာ လူဦးရေ ထူထပ်တယ်။ လူနေများ တယ်။ ကူးစက်ရောဂါ အများစုကလည်း ရန်ကုန်တိုင်းမှာ ဖြစ်တာများတယ်။ ရန်ကုန်တိုင်းမှာက လူဦးရေ ကျပ်သိပ်နေတာ ကလည်း ကူးစက်ဖို့ ပိုလွယ်တာပေါ့” ဟုဆိုသည်။
အဆိုပါ သေဆုံးသူများသည် နာတာရှည်ရောဂါ အခံများလည်းရှိကြောင်း၊ ထိုသို့သော သူများ ကူးစက်ခံရပါက အပြင်း အထန်ခံစားရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး က ပြောသည်။တောက်လျှောက်ကြည့်နေတာတော့ နာတာရှည် ရောဂါအခံရှိနေတာ များတယ်။ ကလေးတွေဆို မွေးရာပါ နှလုံးရောဂါ ရှိတယ်။ လက်ရှိရတဲ့ အချက်အလက်တွေ ကိုကြည့်ပြီး ပြောတာပါ” ဟု ဒေါက်တာဖြူဖြူအေးက ဧရာဝတီသို့ ပြောသည်။
ရာသီတုပ်ကွေး သံသယရှိသည့် လူနာ၂၃၄ ဦးကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီး A H1N1 pdm 09 တွေ့ရှိသည့် လူနာ ၅၆ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ဆက်လက်ပြီး ဒေါက်တာဖြူဖြူအေးက “ကျမတို့ နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ အဲဒီထဲကမှ တွေ့ရှိတဲ့ လူနာက တနိုင်လုံးမှာ ၅၆ ယောက်၊ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်စေချင်ပါတယ်” ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး ကြောင့် သေဆုံးသူများသည် နာတာရှည်ရောဂါအခံနှင့် အသက်အရွယ်ကြောင့် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။၂၀၁၇ ခုနှစ်တွင်မူ ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦးရှိခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၃၆၇ ဦးရှိခဲ့ပြီး ရောဂါ ပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ဇွန် ၂၆ ရက်နေ့မှစတင်ပြီး ရန်ကုန်ကလေးဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ သီးသန့်လူနာဆောင်ဖွင့်လှစ်ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။
Credit TheIrrawaddyBurmeseNews


