သားငယ္ရဲ႕ ေသြးကင္ဆာေရာဂါကုသဖို႔ အတြက္ ဝက္ဝံ႐ုပ္ဝတ္စုံဝတ္ၿပီး လမ္းအလယ္မွာ ေငြရွာေနတဲ့ ဖခင္
သားငယ္ရဲ႕ ေသြးကင္ဆာေရာဂါကုသဖို႔ အတြက္ ဝက္ဝံ႐ုပ္ဝတ္စုံဝတ္ၿပီး လမ္းအလယ္မွာ ေငြရွာေနတဲ့ ဖခင္
တ႐ုပ္ႏိုင္ငံက စက္ျပင္ဆရာတစ္ဦး ျဖစ္ခဲ့ဖူးသူ ဖန္းကိုင္ ဆိုတဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕တစ္ႏွစ္အ႐ြယ္ သားငယ္ ေသြးကင္ဆာေရာဂါခံစားေနရတဲ့ အတြက္
ေဆးကုသစရိတ္ကို ၿမိဳ႕လယ္ေကာင္မွာ ဝက္ဝံ႐ုပ္ဝတ္စုံ ဝတ္ဆင္ၿပီး စုေဆာင္းရွာေဖြေနတာကို ဝမ္းနည္းဖြယ္ျမင္ေတြ႕ရပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ ဖန္းကိုင္ဟာ သားငယ္ရဲ႕ ႀကီးမားလွတဲ့ ေဆးကုသစရိတ္ဟာ သူ႔ရဲ႕ေဆြမ်ိဳးေတြ မတတ္ႏိုင္တာကို သိတဲ့အတြက္ ဒုကၡမေပးေတာ့ပဲ
တစ္ေယာက္ထဲ ႀကိဳးစားရွာေဖြေနတာျဖစ္ပါတယ္။ လူစည္ကားရာေနရာေတြမွာ ဝက္ဝံ႐ုပ္ဝတ္စုံကို ဝတ္ဆင္ကာ လာေရာက္ဖက္ခ်င္သူေတြဆီက တစ္ခါဖက္ရင္ တ႐ုပ္ေငြ ၁၀ ယြမ္နဲ႔ အဖက္ခံၿပီး ပိုက္ဆံစုေနတာျဖစ္ပါတယ္။
ယခင္က စက္ျပင္ဆရာအလုပ္ကို လုပ္ကိုင္ခဲ့ေပမယ့္ သားငယ္ကို ျပဳစုေပးဖို႔ အခ်ိန္လိုတာေၾကာင့္ သူ႔ရဲ႕ အၿမဲတမ္းအလုပ္ကေန ထြက္ခဲ့ပါတယ္။
၂၀၁၅ ခုႏွစ္ထဲက ေသြးကင္ဆာ ျဖစ္ေနတဲ့ သားငယ္အတြက္ တ႐ုပ္ယြမ္ေငြ ၃၇၀,၀၀၀ (ျမန္မာေငြ သိန္း ၇၀၀ ေက်ာ္) ကုန္က်ခဲ့တဲ့အတြက္ မိသားစုေတြ အက်ပ္အတည္း ျဖစ္ခဲ့ရပါတယ္။
သူမ်ားဆီက ေငြေခ်းေပမယ့္လည္း မလုံေလာက္တာေၾကာင့္ ေနာက္ဆုံးမွာ ဝက္ဝံဝတ္စုံဝတ္ၿပီး သားအတြက္ လမ္းမေပၚမွာ ပိုက္ဆံရွာဖို႔ စဥ္းစားမိခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ထင္သေလာက္အလုပ္မျဖစ္ခဲ့ပဲ ပထမ သုံးရက္မွာ ယြမ္ ၁၀၀ သာ ရရွိခဲ့ပါတယ္။
ဒါေပမယ့္ ဖခင္ေမတၱာရဲ႕အစြမ္းေၾကာင့္ သူ႔ရဲ႕အေၾကာင္းဟာ အြန္လိုင္းေပၚ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ လူေတြက စုေပါင္းၿပီး ဝိုင္းဝန္းလႉဒါန္ၾကတဲ့အခါမွာေတာ့ ေနာက္ဆုံမွာ အလႉေငြ ၁၈၀,၀၀၀ ယြမ္ ရရွိခဲပါတယ္။
သားငယ္အတြက္ ေဆးကုသစရိတ္ လုံေလာက္ၿပီး အျမန္ဆုံးျပန္လည္ က်မ္းမာလာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Credit – popolay
Unicode
သားငယ်ရဲ့ သွေးကင်ဆာရောဂါကုသဖို့ အတွက် ဝက်ဝံရုပ်ဝတ်စုံဝတ်ပြီး လမ်းအလယ်မှာ ငွေရှာနေတဲ့ ဖခင်
တရုပ်နိုင်ငံက စက်ပြင်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးသူ ဖန်းကိုင် ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့တစ်နှစ်အရွယ် သားငယ် သွေးကင်ဆာရောဂါခံစားနေရတဲ့ အတွက်
ဆေးကုသစရိတ်ကို မြို့လယ်ကောင်မှာ ဝက်ဝံရုပ်ဝတ်စုံ ဝတ်ဆင်ပြီး စုဆောင်းရှာဖွေနေတာကို ဝမ်းနည်းဖွယ်မြင်တွေ့ရပါတယ်။
အသက် ၂၅ နှစ်အရွယ် ဖန်းကိုင်ဟာ သားငယ်ရဲ့ ကြီးမားလှတဲ့ ဆေးကုသစရိတ်ဟာ သူ့ရဲ့ဆွေမျိုးတွေ မတတ်နိုင်တာကို သိတဲ့အတွက် ဒုက္ခမပေးတော့ပဲ
တစ်ယောက်ထဲ ကြိုးစားရှာဖွေနေတာဖြစ်ပါတယ်။ လူစည်ကားရာနေရာတွေမှာ ဝက်ဝံရုပ်ဝတ်စုံကို ဝတ်ဆင်ကာ လာရောက်ဖက်ချင်သူတွေဆီက တစ်ခါဖက်ရင် တရုပ်ငွေ ၁၀ ယွမ်နဲ့ အဖက်ခံပြီး ပိုက်ဆံစုနေတာဖြစ်ပါတယ်။
ယခင်က စက်ပြင်ဆရာအလုပ်ကို လုပ်ကိုင်ခဲ့ပေမယ့် သားငယ်ကို ပြုစုပေးဖို့ အချိန်လိုတာကြောင့် သူ့ရဲ့ အမြဲတမ်းအလုပ်ကနေ ထွက်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ထဲက သွေးကင်ဆာ ဖြစ်နေတဲ့ သားငယ်အတွက် တရုပ်ယွမ်ငွေ ၃၇၀,၀၀၀ (မြန်မာငွေ သိန်း ၇၀၀ ကျော်) ကုန်ကျခဲ့တဲ့အတွက် မိသားစုတွေ အကျပ်အတည်း ဖြစ်ခဲ့ရပါတယ်။
သူများဆီက ငွေချေးပေမယ့်လည်း မလုံလောက်တာကြောင့် နောက်ဆုံးမှာ ဝက်ဝံဝတ်စုံဝတ်ပြီး သားအတွက် လမ်းမပေါ်မှာ ပိုက်ဆံရှာဖို့ စဉ်းစားမိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပဲ ပထမ သုံးရက်မှာ ယွမ် ၁၀၀ သာ ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဖခင်မေတ္တာရဲ့အစွမ်းကြောင့် သူ့ရဲ့အကြောင်းဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် လူတွေက စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်ကြတဲ့အခါမှာတော့ နောက်ဆုံမှာ အလှူငွေ ၁၈၀,၀၀၀ ယွမ် ရရှိခဲပါတယ်။
သားငယ်အတွက် ဆေးကုသစရိတ် လုံလောက်ပြီး အမြန်ဆုံးပြန်လည် ကျမ်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit – popolay




