ျပည့္သူ႔အသံနားေထာင္ၿပီး ..သမီးေလး ဗစ္တိုးရီးယား ..အမႈအတြက္ သမၼတရံုးမွထုတ္ျပန္လိုက္ၿပီ





Myanmar President Office နဲ႔ Myanmar State Counsellor Office တို႔ရဲ႕ Message Box နဲ႔ Comment မ်ားမွာ ေပးပို႔လာတဲ့ ေတာင္းဆိုခ်က္မ်ားစြာကို ေကာင္းစြာ လက္ခံရရွိပါတယ္။

ဒီျဖစ္စဥ္ ျဖစ္ပြားတာကို စတင္သိရွိရကတည္းက ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို “ဒီအမႈ မေပၚ ေပၚေအာင္ ေဖာ္ပါ” လို႔ နႈတ္နဲ႔ မွာၾကားထားခဲ့တာ ျဖစ္ပါတယ္။

စဥ္ဆက္မျပတ္လည္း အမႈေဖာ္ထုတ္မႈရဲ႕ တိုးတက္မႈ အေျခအေနေတြကို ေမးျမန္းၿပီး အႀကီးအကဲမ်ားထံ တင္ျပေနပါတယ္။



အမႈ စစ္ေဆးေဖာ္ထုတ္မႈ ၾကန္႔ၾကာေနရျခင္းနဲ႔ ပတ္သက္လို႔လည္း အေသးစိတ္အထိ ေမးျမန္းထားၿပီး ျဖစ္ပါတယ္။ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေၾကာင္းေၾကာင္းေၾကာင့္ ၾကန္႔ၾကာေနရျခင္း ျဖစ္ၿပီး အမႈမွန္ ေပၚေပါက္ဖို႔ အခ်ိန္ အနည္းငယ္ ေပးေနရတာ ျဖစ္ေၾကာင္း သိရွိပါတယ္။

လတ္တေလာ စစ္ေဆးေဖာ္ထုတ္ဆဲကိစၥ ျဖစ္တဲ့အတြက္ အေသးစိတ္ကို ေလာေလာဆယ္ ထုတ္ေဖာ္ ေျပာၾကားႏိုင္ျခင္း မျပဳႏိုင္ေသးတာကို နားလည္သေဘာေပါက္ေပးၾကေစခ်င္ပါတယ္။



အစိုးရ၊ ပုဂၢလိက စာသင္ေက်ာင္းေတြမွာ ဒီလိုကိစၥရပ္ေတြ မျဖစ္ေပၚေအာင္ ၾကဳိတင္ေဆာင္ရြက္ရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ၊ လုပ္ထုံးလုပ္နည္းေတြ၊ ျဖစ္ပြားလာခဲ့ရင္ ထိုက္သင့္တဲ့ အေရးယူမႈေတြ ေဆာင္ရြက္ဖို႔လည္း ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြကို မွာၾကားထားၿပီး ျဖစ္ပါတယ္။ အစိုးရပဲ ျဖစ္ျဖစ္၊ ပုဂၢလိကပဲျဖစ္ျဖစ္ စာသင္ေက်ာင္းပရဝုဏ္ဟာ ကေလးေတြအတြက္ ေဘးကင္းလုံျခဳံဖို႔ ဦးစားေပးရမွာပါ။

ဒီအမႈကိစၥနဲ႔ ပတ္သက္လို႔ ျပည္သူေတြရဲ႕ ခံစားခ်က္၊ လိုလားခ်က္၊ ေတာင္းဆိုခ်က္ေတြကို ေကာင္းစြာ သိရွိနားလည္ပါေၾကာင္း၊ ျပည္သူမ်ားႏွင္ ထပ္တူစြာပင္ အျမန္ဆုံးေဖာ္ႏိုင္ေရး လိုလားပါေၾကာင္း၊ အမႈမွန္ ျမန္ျမန္ေပၚေပါက္ၿပီး အေရးယူႏိုင္ဖို႔ အခ်ိန္တစ္ခုေပးၿပီး ေစာင့္ဆိုင္းေနတာ ျဖစ္ပါေၾကာင္း ေလးစားစြာျဖင့္ အသိေပးအပ္ပါတယ္။

Credit- Zaw Htay ‘s Facebook

Unicode Version
Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment များမှာ ပေးပို့လာတဲ့ တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။

စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်။



အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း သိရှိပါတယ်။

လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ ဖြစ်တဲ့အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော် ပြောကြားနိုင်ခြင်း မပြုနိုင်သေးတာကို နားလည်သဘောပေါက်ပေးကြစေချင်ပါတယ်။



အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်ပါတယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် စာသင်ကျောင်းပရဝုဏ်ဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံဖို့ ဦးစားပေးရမှာပါ။

ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်တွေကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊ ပြည်သူများနှင် ထပ်တူစွာပင် အမြန်ဆုံးဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ဖို့ အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေတာ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။

Credit- Zaw Htay ‘s Facebook

Recent Updates

Recent Posts Widget