အမြန်လမ်းတွင်… နွားလှည်းနဲ့ Express တိုက်… နွားလှည်းမှ မောင်နှမ နှစ်ဦးလုံး သေဆုံး

အမြန်လမ်းတွင် နွားလှည်းနဲ့ Express တိုက်နွားလှည်းမှ မောင်နှမ နှစ်ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံး

ဇွန်လ(၃၀)ရက်​​နေ့ နံနက်(၀၅၃၀)နာရီအချိန်​ နေပြည်​​တော်​-မန္တလေး လမ်း မိုင်တိုင် ၂၇၂/၇ အနီး တွင် ယာဉ်​​မောင်းဦးမြင့်​​ကျော်​၊ (၅၀)နှစ်​၊ မောင်းနှင်လာသည့် ယာဉ်​အမှတ်​ MDY 5M/—-ကောင်းမြတ်​မန်း express ခရီးသည်​တင်​ယာဉ်​သည်​ ယာဉ်​​မောင်းပါ ကျား(၃၆)ဦး၊ မ(၄)ဦး၊ ​ပေါင်း (၄၀)ဦး တင်​​ဆောင်​ကာ ​မောင်းနှင်​လာစဉ်

လမ်းဖြတ်​ကူး​နေ​သော ဦးတင်​ထွန်း၊ (၄၀)နှစ်​၊ အိုင်​တို​ကျေးရွာ​နေသူ​မောင်းနှင်​လာ​သော နွားလည်းအား ၀င်​​ရောက်​တိုက်​မိပြီး နွားလှည်း​ပေါ်ပါရှိ​သော ဦးတင်​ထွန်းနှင့်​ ညီမ​တော်​စပ်​သူ ​ဒေါ်ညို​အေး၊ (၃၇)နှစ်​၊ အိုင်​တို​ကျေး

ရွာ ​နေသူတို့မှာ အခင်းဖြစ်​​နေရာတွင်​ပင်​ ​သေဆုံးသွားခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူပြု အဖွဲ့ များ ကူညီ ဆောင်ရွက်လျက် ရှိပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး

Credit  \\  original

Recent Updates

Recent Posts Widget