လမ္းေဘးေခြးေလးကို ေခၚယူေမြးစားခဲ့သည့္ ေခြးခ်စ္သူေကာင္မေလး ေခြး႐ူးျပန္ေရာဂါႏွင့္ ေသဆုံး
ေနာ္ေဝႏိုင္ငံကေန ဖိလစ္ပိုင္ႏိုင္ငံ ကို အားလပ္ရက္အပန္းေျဖခရီးထြက္လာ တဲ့ ဘာဂစ္တီကယ္လက္စတက္ဒ္လို႔အ မည္ရတဲ့ အသက္၂၄ႏွစ္အ႐ြယ္ မိန္းက ေလးက ေခြး႐ူးျပန္ေရာဂါနဲ႔ ေသဆုံးသြား ခဲ့ရရွာပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ ခရီး ထြက္ေနတုန္း လမ္းမွာေတြ႕ခဲ့တဲ့ ေလလြင့္ ေခြးေလးတစ္ေကာင္ကို ဘာဂစ္တီက ဟိုတယ္ထိ ေခၚယူလာခဲ့ကာ ေရခ်ိဳးသန္႔ စင္ေပးၿပီး အစာေကၽြးေမြးကာ ျပဳစုေစာင့္ ေရွာက္ေပးခဲ့တာျဖစ္ပါတယ္။
ဟိုတယ္မွာ ေခြးေလးနဲ႔အတူ ေဆာ့ကစားေနခ်ိန္မွာပဲ ဘာဂစ္တီဆီမွာ ေခြးရဲ႕သြားနဲ႔ကိုက္ျခစ္မိ တဲ့ဒဏ္ရာေတြရခဲ့တာျဖစ္ပါတယ္။ ဒါေပ မယ့္ဘာဂစ္တီက လိုအပ္တဲ့ေဆးကုသမႈ မ်ိဳး ခ်က္ခ်င္းမျပဳလုပ္ခဲ့ဘဲ ဒဏ္ရာကို ေရ နဲ႔ပဲေဆးေၾကာသန္႔စင္ခဲ့တာျဖစ္ပါတယ္။ ခရီးကေနျပန္ေရာက္လာခဲ့ၿပီးေနာက္ နာ မက်န္းျဖစ္ၿပီး အေရးေပၚကိုခဏခဏ ေရာက္လာခဲ့ရၿပီး က်န္းမာေရးအေျခအ ေနလည္း သိသိသာသာတိုးတက္မႈမရွိခဲ့ ပါဘူး။
ရက္အနည္းငယ္အၾကာမွာပဲ ဘာ ဂစ္တီက ေဆး႐ုံမွာတင္အသက္ေသဆုံး သြားခဲ့ရွာပါတယ္။ ႏွစ္ေပါင္း ၂၀၀ အတြင္း ေနာ္ေဝးႏိုင္ငံမွာ ေခြး႐ူးျပန္ေရာဂါေၾကာင့္ ပထမဆုံးအသက္ေသဆုံးမႈလည္းျဖစ္ခဲ့ တယ္လို႔ သတင္းမွာေဖာ္ျပခဲ့ပါတယ္။ တိ ရစၧာန္ေလးေတြကို ခ်စ္တတ္တဲ့ ဘာဂစ္ တီေလးလို အျဖစ္ဆိုးမ်ိဳးနဲ႔မႀကဳံရေစဖို႔ တိရစၧာန္ေလးေတြေၾကာင့္ ဒဏ္ရာရတဲ့အ ခါ ဒဏ္ရာေသးေသးေလးပဲျဖစ္ရင္ေတာင္ မွ မေပါ့ဆဘဲ လိုအပ္တဲ့ေဆးဝါးကုသမႈ မ်ိဳးခံယူၾကဖို႔ ဘာဂစ္တီရဲ႕က်န္ရစ္သူမိ သားစုက တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ေခြး႐ူးျပန္ေရာဂါေၾကာင့္ႏွစ္စဥ္ လူေပါင္း မ်ားစြာအသက္ေသဆုံးေနရၿပီး ေခြး႐ူးျပန္ ေရာဂါေၾကာင့္ေသဆုံးမႈအမ်ားဆုံးႏိုင္ငံ ေတြက အာရွနဲ႔ အာဖရိကႏိုင္ငံေတြျဖစ္ တယ္လို႔ WHO က ထုတ္ျပန္ထားခဲ့ပါ တယ္။
Credit_သံသာ
Unicode
နော်ဝေနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ ကို အားလပ်ရက်အပန်းဖြေခရီးထွက်လာ တဲ့ ဘာဂစ်တီကယ်လက်စတက်ဒ်လို့အ မည်ရတဲ့ အသက်၂၄နှစ်အရွယ် မိန်းက လေးက ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွား ခဲ့ရရှာပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ခရီး ထွက်နေတုန်း လမ်းမှာတွေ့ခဲ့တဲ့ လေလွင့် ခွေးလေးတစ်ကောင်ကို ဘာဂစ်တီက ဟိုတယ်ထိ ခေါ်ယူလာခဲ့ကာ ရေချိုးသန့် စင်ပေးပြီး အစာကျွေးမွေးကာ ပြုစုစောင့် ရှောက်ပေးခဲ့တာဖြစ်ပါတယ်။
ဟိုတယ်မှာ ခွေးလေးနဲ့အတူ ဆော့ကစားနေချိန်မှာပဲ ဘာဂစ်တီဆီမှာ ခွေးရဲ့သွားနဲ့ကိုက်ခြစ်မိ တဲ့ဒဏ်ရာတွေရခဲ့တာဖြစ်ပါတယ်။ ဒါပေ မယ့်ဘာဂစ်တီက လိုအပ်တဲ့ဆေးကုသမှု မျိုး ချက်ချင်းမပြုလုပ်ခဲ့ဘဲ ဒဏ်ရာကို ရေ နဲ့ပဲဆေးကြောသန့်စင်ခဲ့တာဖြစ်ပါတယ်။ ခရီးကနေပြန်ရောက်လာခဲ့ပြီးနောက် နာ မကျန်းဖြစ်ပြီး အရေးပေါ်ကိုခဏခဏ ရောက်လာခဲ့ရပြီး ကျန်းမာရေးအခြေအ နေလည်း သိသိသာသာတိုးတက်မှုမရှိခဲ့ ပါဘူး။
ရက်အနည်းငယ်အကြာမှာပဲ ဘာ ဂစ်တီက ဆေးရုံမှာတင်အသက်သေဆုံး သွားခဲ့ရှာပါတယ်။ နှစ်ပေါင်း ၂၀၀ အတွင်း နော်ဝေးနိုင်ငံမှာ ခွေးရူးပြန်ရောဂါကြောင့် ပထမဆုံးအသက်သေဆုံးမှုလည်းဖြစ်ခဲ့ တယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။ တိ ရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ဘာဂစ် တီလေးလို အဖြစ်ဆိုးမျိုးနဲ့မကြုံရစေဖို့ တိရစ္ဆာန်လေးတွေကြောင့် ဒဏ်ရာရတဲ့အ ခါ ဒဏ်ရာသေးသေးလေးပဲဖြစ်ရင်တောင် မှ မပေါ့ဆဘဲ လိုအပ်တဲ့ဆေးဝါးကုသမှု မျိုးခံယူကြဖို့ ဘာဂစ်တီရဲ့ကျန်ရစ်သူမိ သားစုက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ခွေးရူးပြန်ရောဂါကြောင့်နှစ်စဉ် လူပေါင်း များစွာအသက်သေဆုံးနေရပြီး ခွေးရူးပြန် ရောဂါကြောင့်သေဆုံးမှုအများဆုံးနိုင်ငံ တွေက အာရှနဲ့ အာဖရိကနိုင်ငံတွေဖြစ် တယ်လို့ WHO က ထုတ်ပြန်ထားခဲ့ပါ တယ်။
Credit_သံသာ


