တမူထူးခြားတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ အလန်းစားပုံရိပ်တွေကို ဝေမျှပေးလိုက်တဲ့ နန်းဆုရတီစိုး
ပရိသတ်တွေဆီကို သီချင်းကောင်းလေးတွေ ဝေမျှပေးလေ့ရှိသူတဲ့ နန်းဆုရတီစိုးကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုရတီစိုးက ပရိသတ်တွေအတွက် သူမရဲ့ ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တမူထူးခြားတဲ့ ဖက်ရှင်လေးနဲ့ လှရက်လွန်းတဲ့ နန်းဆုရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းနေတာပါနော်၊
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုမိုက်တဲ့ နန်းဆုရတီစိုးရဲ့ အလန်းစားပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။
နန်းဆုက ” မြန်မာအမျိုးသမီးရေးရာ VIP show မှာ တာဝန်ရှိလူကြီးမင်းများနှင့်ကျောင်းသူကျောင်းသားများကို အခုလိုမိုးရာသီနဲ့လိုက်ဖက်တဲ့ နန်းဆုတို့အားလုံးငယ်ငယ်ထဲကကြိုက်နှစ်သက်ခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ဖြင့်သီဆိုဖျော်ဖြေခဲ့ပါတယ် 💦☔️🌈 ချစ်ခင်ပျော်ရွှင်စွာအားပေးမှုအတွက်ကျေးဇူးအထူးပါ 🙏😍 ဒီည ၇:၀၀ public show မှာသီဆိုဖျော်ဖြေပါမယ် နန်းဆုက ပုလဲကုံးသီသံစဉ်ညီ ချိုမြတေးပန်းချီ အစီအစဉ်မှာ ဖျော်ဖြေမှာပါ .. Sky Net ကနေ Live စောင့်ကြည့်အားပေးလို့ရပါတယ်ရှင့် ” ဆြိုပီး လှရက်လွန်းတဲ့ သူမရဲ့အလှပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။
အဆိုပါပွဲမှာတော့ နန်းဆုက သူမရဲ့သီချင်းတွေနဲ့ အကောင်းဆုံးဖျော်ဖြေခဲ့ပါသေးတယ်။
နန်းဆုရတီစိုးကတော့ ချစ်သူ G Fatt ကိုယ်တိုင်ရေးပြီး သူမသီဆိုထားတဲ့ “ကမ်းမဲ့လှေ”ဆိုတဲ့သီချင်းလေးကိုလည်း တလောကပဲ ပရိသတ်တွေအတွက် ဝေမျှပေးခဲ့ပါသေးတယ်။ ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆုရတီစိုးရဲ့ အလန်းစားပုံရိပ်တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original






