အၾကင္နာ အနမ္းေလးေတြေႁခြရင္း ၾကည္ႏူး ေပ်ာ္႐ႊင္ေနၾကတဲ့ပုံေလးေတြ တင္လိုက္တဲ့ တိုင္႐ြန္နဲ႔ ေနာ္ေဖာအယ္ထား
အၾကင္နာ အနမ္းေလးေတြေႁခြရင္း ၾကည္ႏူး ေပ်ာ္႐ႊင္ေနၾကတဲ့ပုံေလးေတြ တင္လိုက္တဲ့ တိုင္႐ြန္နဲ႔ ေနာ္ေဖာအယ္ထား
ေမာ္ဒယ္ ၊ သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး တိုင္႐ြန္ကေတာ့ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ခႏၶာကိုယ္ အခ်ိဳးအစားေတြနဲ႔ ေခ်ာေမာခန႔္ညားတဲ့ မ်က္ႏွာ သြင္ျပင္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားေနသူတစ္ဦး ျဖစ္ပါတယ္ ။ အမိုက္စား တက္တူးေတြနဲ႔ ကိုရီးယား မင္းသားတစ္ေယာက္လို ႐ုပ္ရည္မ်ိဳးနဲ႔ တိုင္႐ြန္က မာန ကင္းစင္ၿပီး ပရိသတ္ေတြအေပၚမွာ ခင္မင္ေဖာ္ေ႐ြစြာ ဆက္ဆံတတ္သူလည္း ျဖစ္ပါတယ္ ။
သူကေတာ့ အႏုပညာ အလုပ္ေတြ ဇာတ္တိုက္လုပ္ကိုင္ ေနတာျဖစ္ၿပီး သူရဲ႕ အႏုပညာ လႈပ္ရွားမႈ ပုံရိပ္ေတြကိုလည္း ေဖ့ဘြတ္ စာမ်က္ႏွာေပၚတြင္ ေဖာ္ျပေလ့ရွိတာလည္း ေတြ႕ရပါတယ္ ။ လတ္တေလာမွာေတာ့ ေနာ္ေဖာအယ္ထားနဲ႔အတူ ၾကည္ႏူးသာယာစြာ အၾကင္နာအနမ္းေလးေတြ ေႁခြေနတဲ့ MTV ႐ိုက္ကြင္းက ပုံေတြကို ေဖာ္ျပထားတာ ေတြ႕ရပါတယ္ ။ ပုံေလးေတြတိုင္းက ဆြဲေဆာင္မႈရွိရွိ လန္းလြန္းေနသလို ႏွစ္ေယာက္လုံး အရမ္းခ်စ္ဖို႔ေကာင္းေနတာ အမွန္ပဲ ျဖစ္ပါတယ္ ။
သူရဲ႕ Tik tok ဗီဒီယိုေလးေတြဟာ ဆိုရင္လည္း မိန္ကေလး ပရိသတ္ေတြၾကားမွာ ေရပန္းစား အႀကိဳက္မ်ားတာလည္း ေတြ႕ရပါတယ္ ။ သူကေတာ့ အႏုပညာ အလုပ္ေတြ ဆက္တိုက္ လုပ္ေနတယ္လို႔လည္း သိရပါတယ္ ။ကဲ . . . ခ်စ္ပရိသတ္ႀကီးေရ တိုင္႐ြန္ရဲ႕ ႐ိုက္ကြင္းက ပုံေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ ။
Credit \\ original
For Unicode
အကြင်နာ အနမ်းလေးတွေခြွေရင်း ကြည်နူး ပျော်ရွှင်နေကြတဲ့ပုံလေးတွေ တင်လိုက်တဲ့ တိုင်ရွန်နဲ့ နော်ဖောအယ်ထား
မော်ဒယ် ၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ် အချိုးအစားတွေနဲ့ ချောမောခန့်ညားတဲ့ မျက်နှာ သွင်ပြင်ကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ် ။ အမိုက်စား တက်တူးတွေနဲ့ ကိုရီးယား မင်းသားတစ်ယောက်လို ရုပ်ရည်မျိုးနဲ့ တိုင်ရွန်က မာန ကင်းစင်ပြီး ပရိသတ်တွေအပေါ်မှာ ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ် ။
သူကတော့ အနုပညာ အလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်း တွေ့ရပါတယ် ။ လတ်တလောမှာတော့ နော်ဖောအယ်ထားနဲ့အတူ ကြည်နူးသာယာစွာ အကြင်နာအနမ်းလေးတွေ ခြွေနေတဲ့ MTV ရိုက်ကွင်းက ပုံတွေကို ဖော်ပြထားတာ တွေ့ရပါတယ် ။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လန်းလွန်းနေသလို နှစ်ယောက်လုံး အရမ်းချစ်ဖို့ကောင်းနေတာ အမှန်ပဲ ဖြစ်ပါတယ် ။
သူရဲ့ Tik tok ဗီဒီယိုလေးတွေဟာ ဆိုရင်လည်း မိန်ကလေး ပရိသတ်တွေကြားမှာ ရေပန်းစား အကြိုက်များတာလည်း တွေ့ရပါတယ် ။ သူကတော့ အနုပညာ အလုပ်တွေ ဆက်တိုက် လုပ်နေတယ်လို့လည်း သိရပါတယ် ။ကဲ . . . ချစ်ပရိသတ်ကြီးရေ တိုင်ရွန်ရဲ့ ရိုက်ကွင်းက ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ် ။
Credit \\ original





