“ေမြးေန႔မွာ ဘုရားသြားကုသိုလ္ယူခဲ့တဲ့ ေအာင္ရဲလင္း”
ေအာင္ရဲလင္းကေတာ့ ဒီႏွစ္မွာ အသက္ထိပ္စီးေျပာင္းသြားခဲ့ပါၿပီ။ အသက္၃၁ႏွစ္ျပည့္ ေမြးေန႕မွာလည္း ဘုရားသြား ကုသိုလ္ယူခဲ့တာ ေတြ႕ရပါတယ္။
ဇြန္လ(၁၉) ရက္ေန႕က သရုပ္ေဆာင္ ေအာင္ရဲလင္းရဲ႕ ေမြးေန႕ပါ။ ဒီႏွစ္ေမြးေန႕မွာ အသက္(၃၁) ႏွစ္ျပည့္သြားၿပီ ျဖစ္တဲ့ ေအာင္ရဲလင္းက ဘုရားသြားကုသိုလ္ယူခဲ့တာ ေတြ႕ရပါတယ္။
သူ႕ရဲ႕ ေမြးေန႕မွာ ေမြးေန႕ဆုေတာင္းေပးခဲ့တဲ့ သူငယ္ခ်င္းေတြ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္စကား ေျပာထားပါေသးတယ္။
“peaceful my full of 31st birthday (19.6.88 ) under the embrace of..” Lord Buddha ” n all my thanks goes to the ones who wish for me I wish all of the people…to b healthy…wealthy n…happy” ဆုိၿပီး ဇြန္လ(၁၉) ရက္ေန႕က ညက ေရးသားထားပါတယ္။
ေအာင္ရဲလင္းက သူ႕ကို ေမြးေန႕ဆုေတာင္းေပးထားတဲ့ သူေတြအားလံုးကိုလည္း က်န္းမာ၊ခ်မ္းသာၿပီး၊ ေပ်ာ္ရႊင္ေစဖို႕ျပန္ၿပီး ဆုေတာင္းေပးထားပါေသးတယ္။
အခုခ်ိန္ထိ တစ္ကိုယ္တည္း လူပ်ိဳႀကီး ျဖစ္ေနတဲ့ေအာင္ရဲလင္းရဲ႕ အခ်စ္ေရးဟာလည္း ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ရရွိထားတ့ဲ အေျခအေနပါ။ သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ယခုလို ေျပာျပခဲ့ဖူးပါတယ္။
သူဟာ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္လည္း သူ႔ရဲ႕ လက္တြဲေဖာ္ ေကာင္မေလးကုိေတာ့ သတ္မွတ္ခ်က္ ေတြထားၿပီး ေရြးခ်ယ္မွာ မဟုတ္ဘူးလုိ႔ ဆုိပါတယ္။
ဒီအတြက္ေၾကာင့္လည္း ေယာက်္ားေလး တစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကုိ ဆက္လက္ ေျပာျပလာခဲ့ပါတယ္။
” အစ္ကုိခ်စ္တယ္ဆုိရင္ သူ႔ဘာသာ ဆင္းရဲရဲ ခ်မ္းသာသာ ပိန္ပိန္၊ ဝဝ ျဖဴျဖဴ မဲမဲ အေရးမႀကီးဘူး။ အဓိက က အစ္ကုိခ်စ္ဖုိ႔လုိတယ္။ သူလည္း ကုိယ့္ကုိ ျပန္ခ်စ္ဖုိ႔လုိတယ္။ အစ္ကုိ႔ ဘက္ကလည္း Strong ျဖစ္ေအာင္ ႀကိဳးစားဖုိ႔လုိတယ္။ ခ်စ္တယ္ ဆုိရင္ေတာ့ သူ႔ဘာသူ ဘာပဲျဖစ္ျဖစ္ အစ္ကုိက ဂရုစုိက္မယ့္ လူမ်ဳိးမဟုတ္ဘူး” လုိ႔ သူကဆုိပါတယ္။
ေခ်ာေမာခန္႔ညားလြန္းတဲ့ပံုစံနဲ႔ မိန္ကေလးပရိသတ္္ရဲ႕ ပရိသတ္ အသဲစြဲ မင္းသား ေအာင္ရဲလင္းက သူ႔ကိုယ္သူေတာ့ ရင္ခုန္စရာေကာင္းတဲ့ သူတစ္ေယာက္လို႔ မထင္ပါဘူး။ ပြင့္ပြင့္လင္းလင္းေျပာတတ္သူျဖစ္တာေၾကာင့္ ရုိမန္႔တစ္ ဆန္တတ္တဲ့ လူမဟုတ္ဘူးလို႕လည္း ဆုိပါတယ္။
ေအာင္ရဲလင္းက သရုပ္ေဆာင္ပိုင္းမွာ ပရိသတ္အားေပးမႈ အခိုင္အမာကို ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးပါ။ သူ႕ရဲ႕ အခ်စ္ ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြက အရမ္းစိတ္ဝင္စားၾကၿပီး သူကိုယ္ေရြးခ်ယ္မယ့္ အိမ္ေထာင္ဖက္ မိန္းကေလး ကိုလည္း စိတ္ဝင္ စားေန ၾကပါတယ္။
Credit: Duwun
Unicode Version
အောင်ရဲလင်းကတော့ ဒီနှစ်မှာ အသက်ထိပ်စီးပြောင်းသွားခဲ့ပါပြီ။ အသက်၃၁နှစ်ပြည့် မွေးနေ့မှာလည်း ဘုရားသွား ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
ဇွန်လ(၁၉) ရက်နေ့က သရုပ်ဆောင် အောင်ရဲလင်းရဲ့ မွေးနေ့ပါ။ ဒီနှစ်မွေးနေ့မှာ အသက်(၃၁) နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အောင်ရဲလင်းက ဘုရားသွားကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သူငယ်ချင်းတွေ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကား ပြောထားပါသေးတယ်။
“peaceful my full of 31st birthday (19.6.88 ) under the embrace of..” Lord Buddha ” n all my thanks goes to the ones who wish for me I wish all of the people…to b healthy…wealthy n…happy” ဆိုပြီး ဇွန်လ(၁၉) ရက်နေ့က ညက ရေးသားထားပါတယ်။
အောင်ရဲလင်းက သူ့ကို မွေးနေ့ဆုတောင်းပေးထားတဲ့ သူတွေအားလုံးကိုလည်း ကျန်းမာ၊ချမ်းသာပြီး၊ ပျော်ရွှင်စေဖို့ပြန်ပြီး ဆုတောင်းပေးထားပါသေးတယ်။
အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတဲ့အောင်ရဲလင်းရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားတဲ့ အခြေအနေပါ။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ အင်တာဗျူးမှာ ယခုလို ပြောပြခဲ့ဖူးပါတယ်။
သူဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ လက်တွဲဖော် ကောင်မလေးကိုတော့ သတ်မှတ်ချက် တွေထားပြီး ရွေးချယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအတွက်ကြောင့်လည်း ယောကျ်ားလေး တစ်ယောက်ရဲ့ ခံစားချက်တွေကို ဆက်လက် ပြောပြလာခဲ့ပါတယ်။
” အစ်ကိုချစ်တယ်ဆိုရင် သူ့ဘာသာ ဆင်းရဲရဲ ချမ်းသာသာ ပိန်ပိန်၊ ဝဝ ဖြူဖြူ မဲမဲ အရေးမကြီးဘူး။ အဓိက က အစ်ကိုချစ်ဖို့လိုတယ်။ သူလည်း ကိုယ့်ကို ပြန်ချစ်ဖို့လိုတယ်။ အစ်ကို့ ဘက်ကလည်း Strong ဖြစ်အောင် ကြိုးစားဖို့လိုတယ်။ ချစ်တယ် ဆိုရင်တော့ သူ့ဘာသူ ဘာပဲဖြစ်ဖြစ် အစ်ကိုက ဂရုစိုက်မယ့် လူမျိုးမဟုတ်ဘူး” လို့ သူကဆိုပါတယ်။
ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။
Credit: Duwun




