“20.6.2019 မှ 26.6.2019 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း”
“20.6.2019 မှ 26.6.2019 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း”
တနင်္ဂနွေ
ဒီကာလအတွင်း လူအများကို မိမိဆီပါလာအောင် စည်းရုံးသိမ်းသွင်းနိုင်မဲ့ နေ့ရက်ပါပဲ။ ဆိုဆုံးမခက်နေတဲ့ သားသမီးတွေကို ဆုံးမရလွယ်ကူနေလိမ့်မယ်။ မိမိလုပ်ကိုင်ဆောင်ရွက်သမျှကိစ္စတွေက လူကြီးတွေယုံကြည်မှုတိုး စေပါတယ်။
စိတ်အလိုကျမဲ့နေ့ရက်တွေဖြစ်နေတာကြောင့် အချိန်တွေကိုသင့်တော်တဲ့နေရာတွေမှာကုန်ဆုံးတတ်ပါ စေ။ မိသားစုကိုအချိန်ပေးဖို့အတွက် မေ့လျော့နေသူများ ဒီကာလမှာအချိန်ပေးကြည့်လိုက်ပါ။
ထင်ထားသည်ထက် ပိုမိုနွေးထွေးသွားပါလိမ့်မယ်။မိမိရုံးခန်းကို အလှဆင်တာပဲဖြစ်ဖြစ်၊သန့်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ်ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာကံပိုမိုမြင့်မားသွားစေနိုင်ပါလိမ့်မယ်။
သူတစ်ပါးနဲ့မတူဘဲ ဒီကာလမှာအာရုံစူးစိုက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ခက်ခဲလေးနက်တဲ့ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ပြောစရာမလို အောင်ကောင်းနေတတ်ပါတယ်။
ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ၀င်စရာရှိတဲ့ငွေကြေးတွေ မကြန့်ကြာဘဲရလာ တတ်ပါတယ်။ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးအဖုအထစ်နည်းပါးပါလိမ့်မယ်။ ပညာရေးမှာတော့မိမိ ကိုယ်တိုင်စိတ်ပါဝင်စားဖို့လိုပါတယ်။
အကျိုးပေးဂဏန်း 2/5/9
အထူးဟော စိတ်ချမ်းသာမည်။
ယတြာ ဂျယ်လီလေးတွေဝယ်ပြီး နီးစပ်ရာကလေးကိုကျွေးပါ။
တနင်္လာ
တွေးတောစိတ်ကူးသမျှဖြစ်မလာတတ်ပါ။ စိတ်ကူးနဲ့လက်တွေ့ကွာဟနေမဲ့အချိန်ကာလပါပဲ။ ငွေအသုံးပြတ် သည်အထိငွေထွက်သွားတတ်ပါတယ်။ မလိုအပ်တဲ့အရာတွေကိုဝယ်ပြီးငွေကုန်မခံမိဖို့လိုအပ်ပါတယ်။
မိသားစုဝင် တွေကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိကိုယ်တိုင်လဲ အဖျားကူးခံရတာမျိုးတွေဖြစ်လွယ်ပါတယ်။ ကိုယ်ခံအား နည်းနေတတ်ပါတယ်။ မိန်းကလေးဆိုရင်တော့ဓမ္မတာနဲ့ပက်သက်သောရောဂါမျိုးတွေရလွယ်ပါတယ်။
လိုအပ်တဲ့ ငွေကြေးတွေချေးငှားမယ်ဆိုကာလတွေမှာတော့ အဆင်ပြေဖို့မလွယ်ပါဘူး။ လူငယ်များလူကြီးမိဘစကားထက် အပေါင်းအသင်းစကားကိုပိုမိုနားယောင်နေမိတတ်ပါတယ်။
အလုပ်နဲ့ပက်သက်သောခရီးကလွဲ၍အပျော်ခရီးသွား ခြင်းတွေကိုတော့ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ စီးပွားရေးကံကတော့ အညံ့နည်းပါတယ်။ အကောင်းကြီးမ ဟုတ်ပေမဲ့ ပုံမှန်လေးတော့လည်ပတ်နိုင်ပါလိမ့်မယ်။
အချစ်ရေးမှာ ထစ်ခနဲရှိဒေါသနဲ့ဖြေရှင်းမိနေပါတယ်။ အရင်က တည်းကသံယောဇဉ်လက်ကျန်နည်းပါးနေသူများပိုမိုသတိထားလိုက်ပါ။ အိမ်ထောင်ဘက်ကျန်းမာရေးကိုတော့ ဂရုစိုက်ပေးပါ။
ပညာရေးနဲ့ပက်သက်ပြီးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်။
အကျိုးပေးဂဏန်း 3/5/9
အထူးဟော ကံအားနည်းနေမည်
ယတြာ ဆပ်ပြာတုံးလေးတွေရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။
အင်္ဂါ
ဒီကာလအတွင်း ပျော်စရာတွေရှိသလို၊စိတ်ညစ်စရာတွေလဲရှိနေတတ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားရင် ဖြစ်မလာတတ်ပါ။ လောပြီးကြိုလုပ်ထားတဲ့ကိစ္စတွေကအချည်းနှီးဖြစ်ရတတ်ပါတယ်။
ဒါကြောင့်ဖြစ်လာသမျှမီးစင်ပြီး ကတာကပိုကောင်းပါလိမ့်မယ်။ ရွယ်တူသူငယ်ချင်းတွေရဲ့ အခက်အခဲတွေကိုလဲ ၀ိုင်းဝန်းကူညီပေးရတတ်ပါတယ်။ စက်ကားနဲ့ အချိန်ပြည့်လုပ်ကိုင်နေရသူများ ပေါ့ပျက်ပျက် မလုပ်သင့်သလို၊ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းတာမျိုး လဲရှောင်စေချင်ပါတယ်။
ငွေကံကတော့ ၀င်လာလိုက်၊ပြန်ထွက်သွားလိုက်နဲ့ မိမိလက်ထဲမှာခဏပဲကိုင်ရတတ်ပါ တယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ အာကန္တု အဖျားလောက်ပဲဖြစ်ရတတ်ပါတယ်။ စပ်တူ လုပ်ထားသူများအနည်းငယ်ပြဿ နာလေးတွေရှိနိုင်ပါတယ်။
ရှယ်ယာဝင်တွေနဲ့စကားများရတတ်ပါတယ်။ကောင်း သောစိတ်ကူးအကြံအစည်တွေရှိပေမဲ့ ချပြလို့မသင့်သေးပါဘူး။ အချစ်ကံသင့် ပါတယ်။ အရမ်းညံ့နေတာမျိုးမ တွေ့ရပါဘူး၊၊ အိမ်ထောင်ရေးကိုတော့ ဂရုစိုက်လိုက်ပါ။ အိမ်ထောင်ဘက်နဲ့သဘောထားအမြင်လွဲနေပါလိမ့်မယ်။ ပညာရေးကံအားနည်းချက်ရှိနေတာတော့အမှန်ပါပဲ။
အကျိုးပေးဂဏန်း 4/8/6
အထူးဟော ကံသင့်ပါတယ်။
ယတြာ သရက်သီးမှည့်ဆယ်စိပ်ခန့်ဘုရားကပ်လှူပေးပါ။
ဗုဒ္ဓဟူး/ရာဟု
လိုအပ်သည်ထက်ပိုမိုအားစိုက်ပါ။ ကံကပေးသလို မိမိကလဲ ကြိုးစားမယ်ဆိုအတိုင်းထက်အကျိုးပေးသွား နိုင်လို့ပါပဲ။ လုပ်ငန်းစီးပွားနဲ့ ပက်သက်ပြီးပေးလာတဲ့ အခွင့်အရေးကိုလဲ တတ်နိုင်သမျှ အမိအရဖမ်းဆုပ်တတ်ဖို့လိုပါ တယ်။သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသလိုပဲအများနဲ့ပက်သက်ပြီးကူညီပေးလေ မိမိလေအဆင်ပြေ လေဖြစ်ရတတ်ပါတယ်။
ဝန်ထမ်းများ ဌာနတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေလက်တွဲလုပ်နိုင်မဲ့ကာလ တွေပါပဲ။ အရောင်းဝန်ထမ်းဆိုရင်လဲ သတ်မှတ်ထားတဲ့ target ပြည့်မီအောင်ရောင်းနိုင်မဲ့ကာလတွေပါပဲ။
ကျန်း မာရေးကိုတော့တတ်နိုင်သလောက်ဂရုစိုက်ပါ။ အမြင့်တတ်တာမျိုးတွေ၊ ရေကူးတာမျိုးတွေ၊ အသက်ကြီးသူများ ချော်လဲနိုင်တဲ့နေရာတွေကိုသတိထားသွားလိုက်ပါ။
ကိုယ်ပိုင်စီးပွားများ မိမိလုပ်ငန်းကို ယုံကြည်မှုတွေတိုးအောင် စွမ်းဆောင်နိုင်မဲ့ကာလပါပဲ။ အချစ်ရေးအတွက် စိတ်ချမ်းမြေ့ရမယ်။ ချစ်သူချင်းအချစ်တိုးလာတတ်ပါတယ်။ အိမ် ထောင်ရေးသာယာပါလိမ့်မယ်။
အဆင်မပြေသူတွေတောင်မှ နားလည်တွေပြန်ရတတ်ပါတယ်။ပညာရေးအား ကောင်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 5/7/0
အထူးဟော စီးပွားကံ၊အလုပ်ကံကောင်းနေမည်။
ယတြာ ထမင်းသုပ်ဆိုင်က၀ယ်ပြီးဘုရားကပ်ပါ
ကြာသပတေး
ပေးအပ်ထားတဲ့အလုပ်တာဝန်တွေကိုကျေပွန်ဖို့အထူးလိုအပ်ပါ တယ်။ ခိုင်းထားတဲ့အလုပ်တွေက မပြီးပြတ် အောင်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်အချိန်မဖြုန်းမိဖို့အထူးလိုအပ်ပါတယ်။ အလုပ်အကြွေးတွေများသွားတတ်ပါ တယ်။
ဘာမဟုတ်တာလေးတွေနဲ့အချိန်ဖြုန်းနေမိတတ်ပါတယ်။ မိမိလက်ထဲမှာရှိတဲ့ ငွေကြေးတွေကိုအပျော်အပါး အတွက်အသုံးချနေမိတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ ညဘက်အပျော်အပါးအသောက်အစားရှောင်လိုက်ပါ။
လက်ကားစီးပွားရေးများ ငွေမြုပ်အောင်မလုပ်သင့်ဘူး။ ကုန်တွေမလှောင်သင့်ပါဘူး ။ ဒီကာလမှာမိမိနိုင်သလောက် ပဲရင်းနှီးမြုပ်နှံစေချင်ပါတယ်။ ငွေမြုပ်သွားတဲ့အထိမဖြစ်အောင်သတိထားပါ။
ကျန်းမာရေးကတော့ အကောင်းထက် အညံ့များနေတတ်ပါတယ်။ဖျားတတ်နာတတ်ပါတယ်။ ဆေးမြီးတိုနဲ့ကုသခြင်းမျိုးမလုပ်စေချင်ပါဘူး။ အချစ်ရေးကိစ္စ တွေအပေါ်စိတ်ပျက်စိတ်ကုန်နေမိတတ်ပါတယ်။
အိမ်ထောင်ရေးကိုတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အိမ်ထောင်ဘက်က စိတ်ထင်ရာလုပ်နေတာမျိုးကို လွှတ်ထားပေးတာမျိုးတော့ရှောင်လိုက်ပါ။ ပညာရေးကံအား နည်းချက်များနေတတ်တဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း 1/6/5
အထူးဟော ကံမြင့်မားနေတတ်ပါတယ်။
ယတြာ ကျန်းမာရေးအားနည်းသူကိုဆေးဝါးဓာတ်စာလှူပါ။
သောကြာ
တတ်နိုင်သမျှ ကောင်းတာလေးတွေရွေးလုပ်ပြီး စိတ်ကြည်နူးအောင်နေပါ။ ပေးဆပ်မှုသပ်သပ်နဲ့ကြုံနေရ တတ်ပါတယ်။ ၀န်ထမ်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ဖြစ်ချင်တာကိုလဲ ဦးစားပေးလိုက်ပါ။
သိထားတဲ့ကိစ္စတွေကိုလဲ သူများတွေအကျိုးရှိမယ်ဆိုရင်လဲ ဝေမျှသင့်တဲ့နေ့တွေပါပဲ။ ကိုယ်ပိုင်စီးပွားများမိမိအကြံထက် ၀န်ထမ်းတွေဆီက ကောင်းတဲ့အကြံတွေယူပြီး လုပ်တာမျိုးက ပိုမိုအကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။
ကတိကိုလွယ်လွယ်မပေးမိပါနဲ့။ ကတိ မတည်ရာကစလို့ ပြဿ နာတွေကြီးသွားတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲအ၀င်များနေရင် အထွက် များနေမယ်။ အ၀င်နည်းနေရင်လဲ အထွက်နည်းနေပါလိမ့်မယ်။
ကျန်းမာရေးကိုလဲဂရုစိုက်တတ်ဖို့လိုပါတယ်။ ကျန်း မာရေးအားနည်းနေနိုင်ပါတယ်။ ရောင်းမှားဝယ်မှားတွေဖြစ်တတ်သလို၊ရင်းနှီးမြုပ်နှံမှုတွေလဲမှားနေနိုင်ပါတယ်။ အချစ်ရေးမှာလဲ ပေးဆပ်မှုတွေများနေတတ်ပါတယ်။
ချစ်သူတစ်ဖက်စောင်းနင်းအပြောတွေကို စနစ်တကျလက် တုန့်ပြန်မှအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာမျိုးသိပ်မတွေ့ရပါဘူး။ပညာရေးနဲ့ပက် သက်ပြီးကြိုးစားထားသမျှအရာထင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 2/7/0
အထူးဟော စိတ်ပူပန်ရတတ်ပါတယ်။
ယတြာ ငါးသေတ္တာဟင်းဘုရားကပ်လှူပါ။
စနေ
ဒီကာလအတွင်း စိတ်ချမ်းသာစရာများပါလိမ့်မယ်။ လိုအပ်တဲ့ အကူအညီတွေကိုလဲ ရလာတတ်ပါတယ်။ အတိတ်က ပင်ပန်းခံကြိုးစားခဲ့သမျှ ဒီကာလမှာ အကျိုးခံစားရတတ်ပါတယ်။ လှောင်ထားတဲ့ကုန်တွေရှိရင်ဈေး ကောင်းရတတ်ပါတယ်။ လိုသည်ထက်ပိုပြီးတော့ အခက်အခဲတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။
နိုင်ငံရပ်ခြား နဲ့ပက်သက်ဆက်နွယ်သောကိစ္စမှန်သမျှအဆင်ပြေတိုးတတ်ခြင်းတွေကိုခံစားရတတ်ပါတယ်။ငွေကြေးအစုလိုက်ဝင် တတ်ပါတယ်။ စိတ်ကူးထားတာလေးတွေအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
အလုပ်တွေများနေသူများ အားလုံး ကိုပြီးစီးပြည့်စုံအောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့အညံ့မရှိပါဘူး။ဒေါင်ဒေါင်မြည်ကျန်းမာနေတတ် ပါတယ်။ အနုစိပ်၊ အသေးစိပ်လုပ်ရသောအလုပ်များ၊ ခေါင်းစားရသောအလုပ်များ၊ ခက်ခဲတဲ့အလုပ်များကိုအထူးအာ ရုံစိုက်နိုင်ပါလိမ့်မယ်။
အချစ်ရေးကိစ္စတွေ ပြေလည်ပါလိမ့်မယ်။ ချစ်သူနဲ့ အတူတူငွေကြေးစတင်စုဆောင်းတာမျိုး လုပ်သင့်ပါတယ်။ အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မယ်။ မိသားစုနွေးထွေးမှုတွေရရှိမဲ့ကာလပါပဲ။ ပညာရေး မှာတော့ ကျက်စာပိုင်းပိုမိုအားသန်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 3/5/7
အထူးဟော ကံမြင့်နေမည်။
ယတြာ ထိုးမုန့်ဘုရားကပ်လှူပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695
Credit \\ original


