ျဖတ္သူတိုင္း ကုသုိလ္ရေစတဲ့ ေျမာက္ဥကၠလာက ကမၻာ့ပထမဆံုး ျပတင္းေပါက္ပါေသာတံတား




ရန္ကုန္ျမိဳ႕အေမြအနွစ္တံတားေလးဟာျဖင့္ ေျမာက္ဥကၠလာ ဝင္ဝင္ခ်င္းေလးမွာ သဘာဝအတိုင္း ယိုယိုယြင္းယြင္းေလး အလွမပ်က္စြာႏွင့္ ရန္ကုန္ျမိဳ႕ခရီးသြားျပည္သူမ်ားသာမက ကမ႓ာအရပ္က ခရီးသြားျပည္သူမ်ားကိုပါ ေစာင့္ၾကိဳလ်က္ရွိ ေနပါသည္။တံတားေပၚတက္ေရာက္ေသာ ယဥ္မ်ားအႏၲရာယ္ကင္းေဝးနိုင္ေရးအတြက္လည္း လမ္းဝတံတားေျခရင္းနားမွာ မီးသတ္ ဌာနၾကီးတစ္ခု တည္ေဆာက္ေပးထားပါသည္။ တံတားေပၚတက္ေနစဥ္ ရုတ္တရက္ တံတားျပိဳက်ခဲ့ေသာ္ အေရးေပၚ အစီအစဥ္အေနျဖင့္ ေအာက္မွာမီးရထားသံလမ္းတခု ထားရွိေပးထားပါသည္။



ယာဥ္မ်ားျပဳတ္က်ျပီး ရထားလာေနသည္နွင့္ ကံေကာင္းေထာက္မစြာ ၾကံဳရပါက ရထားေခါင္မိုးေပၚက်ျပီး မိမိသြားလိုရာ ခရီးမ်ားသို ့ ေလာင္စာဆီမကုန္ ယဥ္ေၾကာၾကပ္တည္းမႈမၾကံဳရပဲ ေအးေအးလူလူေရာက္နိုင္ပါေသးသည္။ တံတား တည္ေဆာက္စဥ္ အင္ဂ်င္နီယာမ်ား မခိုမကပ္ေဆာက္လုက္ ထားျခင္းျဖစ္ေၾကာင္းကိုလည္း တံတားအလယ္ရွိ ခ်ိဳင့္ခြက္ ၾကီးမ်ားမွ ထြက္ေပၚေနေသာ သံေခ်ာင္းၾကီးမ်ားက သက္ေသခံေနပါသည္။တံတား ေဘးဘက္မ်ား၌လည္း ျပတင္းေပါက္မ်ား သဘာဝအတိုင္းထားရွိျခင္းျဖင့္ ခရီးသြားျပည္သူမ်ား လတ္ဆတ္ေသာ ေလကို ရွဴခြင့္႐ွိေစမွာျဖစ္ပါသည္။ အစာမေၾက ရင္ျပည့္ရင္ကယ္ ျဖစ္ေနသူမ်ားမွာ တံတားတက္ျပီး တံတားဆင္းသြားသည့္ အခါ မိမိတို ့ခံစားရေသာေဝဒနာမ်ား ယူပစ္သလို ေပ်ာက္ကင္းသြားၾကပါလိမ့္မည္။



ထို ့ျပင္ တံတားေပၚတက္ေသာ ခရီးသြားျပည္သူမ်ားသည္ မိမိတို ့ကိုးကြယ္ရာဘာသာမ်ားကို တံတားတက္ေနစဥ္အတြင္း ပိုမိုသတိတရရွိေစရန္ ရင္ခုန္လွဳပ္ရွားဖြယ္ရာ ခ်ိဳင့္ၾကီးမ်ား နည္းနည္းေလး အရွိန္တင္ပါက တဖက္ယာဥ္ေၾကာကို ေရာက္သြားေစရန္ ဖန္တီးထားေသာ အေကြ႕ၾကီး ( ငါးလမ္းဘက္္မွလာလ်င္)မ်ားဖန္တီးေပးထားသည္။ထို ့ေၾကာင့္ ‘ အမေလး ျမတ္စြာဘုရား” “အိုးမိုင္ေဂါ့” “အလႅာဟ္” စသည္ျဖင့္ ေန ့စဥ္လူအမ်ားကို ဘာသာတရား သတိလက္မလြတ္ေစရန္ စီစဥ္ထားျခင္းေၾကာင့္ အိမ္မွာဘုရားဝတ္ျပဳရန္ ေမ့လာေသာခရီးသြားျပည္သူမ်ားအတြက္ အလြန္အဆင္ေျပလ်က္ရွိေနပါေၾကာင္း မိဘျပည္သူမ်ားထံ တင္ျပလိုက္ရပါသည္။

ညီလင္းZ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Credit  \\   original

Unicode

ရန်ကုန်မြို့အမွေအနှစ်တံတားလေးဟာဖြင့် မြောက်ဥက္ကလာ ဝင်ဝင်ချင်းလေးမှာ သဘာဝအတိုင်း ယိုယိုယွင်းယွင်းလေး အလှမပျက်စွာနှင့် ရန်ကုန်မြို့ခရီးသွားပြည်သူများသာမက ကမ႓ာအရပ်က ခရီးသွားပြည်သူများကိုပါ စောင့်ကြိုလျက်ရှိ နေပါသည်။တံတားပေါ်တက်ရောက်သော ယဉ်များအန္တရာယ်ကင်းဝေးနိုင်ရေးအတွက်လည်း လမ်းဝတံတားခြေရင်းနားမှာ မီးသတ် ဌာနကြီးတစ်ခု တည်ဆောက်ပေးထားပါသည်။ တံတားပေါ်တက်နေစဉ် ရုတ်တရက် တံတားပြိုကျခဲ့သော် အရေးပေါ် အစီအစဉ်အနေဖြင့် အောက်မှာမီးရထားသံလမ်းတခု ထားရှိပေးထားပါသည်။

ယာဉ်များပြုတ်ကျပြီး ရထားလာနေသည်နှင့် ကံကောင်းထောက်မစွာ ကြုံရပါက ရထားခေါင်မိုးပေါ်ကျပြီး မိမိသွားလိုရာ ခရီးများသို ့ လောင်စာဆီမကုန် ယဉ်ကြောကြပ်တည်းမှုမကြံုရပဲ အေးအေးလူလူရောက်နိုင်ပါသေးသည်။ တံတား တည်ဆောက်စဉ် အင်ဂျင်နီယာများ မခိုမကပ်ဆောက်လုက် ထားခြင်းဖြစ်ကြောင်းကိုလည်း တံတားအလယ်ရှိ ချိုင့်ခွက် ကြီးများမှ ထွက်ပေါ်နေသော သံချောင်းကြီးများက သက်သေခံနေပါသည်။တံတား ဘေးဘက်များ၌လည်း ပြတင်းပေါက်များ သဘာဝအတိုင်းထားရှိခြင်းဖြင့် ခရီးသွားပြည်သူများ လတ်ဆတ်သော လေကို ရှူခွင့်ရှိစေမှာဖြစ်ပါသည်။ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေသူများမှာ တံတားတက်ပြီး တံတားဆင်းသွားသည့် အခါ မိမိတို ့ခံစားရသောဝေဒနာများ ယူပစ်သလို ပျောက်ကင်းသွားကြပါလိမ့်မည်။ထို ့ပြင် တံတားပေါ်တက်သော ခရီးသွားပြည်သူများသည် မိမိတို ့ကိုးကွယ်ရာဘာသာများကို တံတားတက်နေစဉ်အတွင်း ပိုမိုသတိတရရှိစေရန် ရင်ခုန်လှုပ်ရှားဖွယ်ရာ ချိုင့်ကြီးများ နည်းနည်းလေး အရှိန်တင်ပါက တဖက်ယာဉ်ကြောကို ရောက်သွားစေရန် ဖန်တီးထားသော အကွေ့ကြီး ( ငါးလမ်းဘက််မှလာလျင်)များဖန်တီးပေးထားသည်။ထို ့ကြောင့် ‘ အမလေး မြတ်စွာဘုရား” “အိုးမိုင်ဂေါ့” “အလ္လာဟ်” စသည်ဖြင့် နေ ့စဉ်လူအများကို ဘာသာတရား သတိလက်မလွတ်စေရန် စီစဉ်ထားခြင်းကြောင့် အိမ်မှာဘုရားဝတ်ပြုရန် မေ့လာသောခရီးသွားပြည်သူများအတွက် အလွန်အဆင်ပြေလျက်ရှိနေပါကြောင်း မိဘပြည်သူများထံ တင်ပြလိုက်ရပါသည်။

ညီလင်းZ (လေးစားမှုဖြင့် ခရက်ဒစ်)

Credit  \\   original


Recent Updates

Recent Posts Widget