သစ္ပင္ ၅၈ ပင္ကို ေမြးေန႔အႀကိဳအျဖစ္လွဴလိုက္တဲ့ ခ်စ္သုေဝ





အခ်ိန္ကာလ ေတြေျပာင္းလဲတိုက္စားမႈကေတာ့ ကမၻာ့အပၚမွာ ျမန္လို႔ ျမန္မွန္းမသိရတဲ့ ယႏၱရားတစ္ခုပါ ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္က စိုင္းစိုင္းခမ္းလိွဳင္ရဲ႕ အခ်စ္သို႔႐ံႈးနိမ့္ျခင္း သီခ်င္း VCD ဗား႐ွင္းမွာပါခဲ့တဲ့ ျဖဴျဖဴေဖြးေဖြး ခ်စ္စရာေကာင္းမေလးတစ္ေယာက္ ကိုအားလံုးမွတ္မိၾကဦးမယ္ထင္ပါတယ္။ သူကေတာ့ အခုဆိုရင္ ေပ်ာ္႐ႊင္သာယာတဲ့မိသားစု တစ္ခုကိုပိုင္ဆိုင္ထားႏိုင္ၿပီး အရမ္းခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ႔သစ္ကို လည္းပိုင္ဆိုင္ထားပါေသးတယ္ ။ သူကေတာ့ က်ေနာ္တို႔ခ်စ္ရတဲ့ ခ်စ္သုေဝ ပဲျဖစ္ပါတယ္။



သူကေတာ့ အႏုပညာအလုပ္ေတြကိုလည္း အဆက္မျပတ္လုပ္ကိုင္ေန႐ံုသာမက တစ္ဖက္ကလည္း ပရဟိတ အလုပ္ေတြကို အားသြန္ခြန္စိုက္လုပ္ကိုင္ေနသူတစ္ေယာက္ဆိုတာလည္း ပရိသတ္ႀကီးသိ႐ိွၿပီးသားျဖစ္မွာပါတယ္။ အခုလည္းသူရဲ႕ ဒီႏွစ္မွာ က်ေရာက္မယ့္ ေမြးေန႔အတြက္ရည္ရြယ္ၿပီး သစ္ပင္ ၃၅ ပင္နဲ႔ We Love Chit Thu Wai အဖြဲ႔ ငါးႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ သစ္ပင္ ၅၀ နဲ႔ စုစုေပါင္း သစ္ပင္ေပါင္း ၈၅ ပင္စာအတြက္ အလွဴေငြ ႏွစ္သိန္းငါးေသာင္းငါးေထာင္ကို လွဴဒါန္းသြားေၾကာင္းသိရတာေၾကာင့္ အဲ့ဒီ သတင္းေလးကို ခ်စ္သုေဝ ကိုခ်စ္ၾကတဲ့ ေျပာခ်င္လြန္းလို႔က ေဘာ္ဒါေတြ ကိုကိုမမေတြ သိေအာင္လို႔ေဖာ္ျပေပးလိုက္ရပါတယ္။



အခုဆိုရင္ေတာ့ ေခတ္နဲ႔သစ္ ေဖာင္ေဒး႐ွင္းဟာဆိုရင္လည္း တကယ္အခက္အခဲ ေတြ႔ေနတဲ့ မိသားစုေတြကို တကယ္ ကြင္းဆင္းၿပီး ကူညီေစာင္မေပးေနတာကိုလည္း အားလံုး မ်က္ဝါးထင္ထင္ ေတြ႔ျမင္ၾကပါတယ္ ။ ခ်စ္စရာေကာင္းလြန္းတဲ့ ေခတ္နဲ႔သစ္ တို႔ေမေမ ၊ အဆိုေတာ္ မႏၱေလးသား Rocker ႀကီး လင္းလင္း ရဲ႕ ခ်စ္ဇနီးေလး ခ်စ္သုေဝ တစ္ေယာက္ ဒီႏွစ္ က်ေရာက္မယ့္ ေမြးေန႔မွာစၿပီး ေနာက္ႏွစ္ေပါင္း မ်ားစြာတိုင္ေအာင္ ခ်စ္ရတဲ့ မိသားစုေလးမွာ သာယာေပ်ာ္႐ႊင္ေသာ ဘဝ ပိုင္ဆိုင္ႏိုင္ၿပီး အားေပးတဲ့ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြကို ႏွစ္ေတြအၾကာႀကီး လုပ္ေဆာင္သြားႏိုင္ပါေစလို႔ ဆုေတာင္းစကားပါး လိုက္ရပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးလည္း ခ်စ္သုေဝ ရဲ႕ ေမြးေန႔အႀကိဳအလွဴအျဖစ္ သစ္ပင္၈၅ ပင္လွဴတဲ့အေပၚမွာ ပီတိစကားေလးေတြနဲ႔ ေမြးေန႔အႀကိဳ ဆုေတာင္းစကား ေလးေတြ ေျပာေပးသြားၾကပါဦးေနာ္ ။
Credit Nanmalgyi

Unicode

အချိန်ကာလ တွေပြောင်းလဲတိုက်စားမှုကတော့ ကမ်ဘာ့အပါ်မှာ မြန်လို့ မြန်မှန်းမသိရတဲ့ ယန္တရားတစ်ခုပါ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်သို့ရံှုးနိမ့်ခြင်း သီချင်း VCD ဗားရှင်းမှာပါခဲ့တဲ့ ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းမလေးတစ်ယောက် ကိုအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ သူကတော့ အခုဆိုရင် ပျော်ရွှင်သာယာတဲ့မိသားစု တစ်ခုကိုပိုင်ဆိုင်ထားနိုင်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို လည်းပိုင်ဆိုင်ထားပါသေးတယ် ။ သူကတော့ ကျနော်တို့ချစ်ရတဲ့ ချစ်သုဝေ ပဲဖြစ်ပါတယ်။

သူကတော့ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ကိုင်နေရုံသာမက တစ်ဖက်ကလည်း ပရဟိတ အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူတစ်ယောက်ဆိုတာလည်း ပရိသတ်ကြီးသိရှိပြီးသားဖြစ်မှာပါတယ်။ အခုလည်းသူရဲ့ ဒီနှစ်မှာ ကျရောက်မယ့် မွေးနေ့အတွက်ရည်ရွယ်ပြီး သစ်ပင် ၃၅ ပင်နဲ့ We Love Chit Thu Wai အဖွဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် သစ်ပင် ၅၀ နဲ့ စုစုပေါင်း သစ်ပင်ပေါင်း ၈၅ ပင်စာအတွက် အလှူငွေ နှစ်သိန်းငါးသောင်းငါးထောင်ကို လှူဒါန်းသွားကြောင်းသိရတာကြောင့် အဲ့ဒီ သတင်းလေးကို ချစ်သုဝေ ကိုချစ်ကြတဲ့ ပြောချင်လွန်းလို့က ဘော်ဒါတွေ ကိုကိုမမတွေ သိအောင်လို့ဖော်ပြပေးလိုက်ရပါတယ်။

အခုဆိုရင်တော့ ခေတ်နဲ့သစ် ဖောင်ဒေးရှင်းဟာဆိုရင်လည်း တကယ်အခက်အခဲ တွေ့နေတဲ့ မိသားစုတွေကို တကယ် ကွင်းဆင်းပြီး ကူညီစောင်မပေးနေတာကိုလည်း အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ကြပါတယ် ။ ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့သစ် တို့မေမေ ၊ အဆိုတော် မန္တလေးသား Rocker ကြီး လင်းလင်း ရဲ့ ချစ်ဇနီးလေး ချစ်သုဝေ တစ်ယောက် ဒီနှစ် ကျရောက်မယ့် မွေးနေ့မှာစပြီး နောက်နှစ်ပေါင်း များစွာတိုင်အောင် ချစ်ရတဲ့ မိသားစုလေးမှာ သာယာပျော်ရွှင်သော ဘဝ ပိုင်ဆိုင်နိုင်ပြီး အားပေးတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို နှစ်တွေအကြာကြီး လုပ်ဆောင်သွားနိုင်ပါစေလို့ ဆုတောင်းစကားပါး လိုက်ရပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ချစ်သုဝေ ရဲ့ မွေးနေ့အကြိုအလှူအဖြစ် သစ်ပင်၈၅ ပင်လှူတဲ့အပေါ်မှာ ပီတိစကားလေးတွေနဲ့ မွေးနေ့အကြို ဆုတောင်းစကား လေးတွေ ပြောပေးသွားကြပါဦးနော် ။
Credit Nanmalgyi

Recent Updates

Recent Posts Widget