သဇင်ထူးမြင့်နဲ့အတူတူ ရိုက်ကူးရေးလုပ်နေတဲ့ မြင်ကွင်းတွေကို ပြသခဲ့တဲ့ ဘုန်းမင်းနေလ
အကယ်ဒမီပွဲကြီးပြီးတဲ့နောက် ရွှေကြိုအဖြစ် လုပ်ကိုင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေကတော့ အခုချိန်ထိ အခင်အမင်မပျက်ပဲ သွားအတူ စားအတူနဲ့ ရှိနေကြဆဲပါ။ ထိုထဲကမှ သရုပ်ဆောင် ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်နဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူ ဘုန်းမင်းနေလတို့ကတော့ အတွဲညီလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေလျက်ရှိပါတယ်။
မနေ့က ဇွန်လ(၂၈) ရက်နေ့မှာတော့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့က မဂ္ဂဇင်းတစ်ခုအတွက် အတူတူ ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ရဲ့ ရိုက်ကွင်းပေါ်မှ မြင်ကွင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ရဲ့ ရိုက်ကွင်းပေါ်မှ မြင်ကွင်းများ
ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့က ကြော်ငြာတွေကိုလည်း အတူတူ ရိုက်ကူးပေးထားပြီး မဂ္ဂဇင်းဓာတ်ပုံတွေကိုလည်း အများအပြား ရိုက်ကူးပေးထားတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးက အရွယ်လေး နည်းနည်း ထပ်ရောက်လာရင် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးချင်ပါသေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားထားပါသေးတယ်။
ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့က အတွဲညီညီ လိုက်ဖက်စွာနဲ့ ဓာတ်ပုံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေ ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော် ပရိသတ်ကြီးရေ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original




