“သမၼတၾကီးဦး၀င္းျမင့္၏ အိႏၵိယခရီးစဥ္အၿပီး အိႏိၵယက ျမန္မာ့ပဲမ်ိဳးစံု တန္ခ်ိန္ငါးသိန္းကို စတင္ တင္သြင္းခြင့္ျပဳ “




ႏိုင္ငံေတာ္သမၼတႀကီး ဦး၀င္းျမင့္၏ အိႏၵိယခရီးစဥ္အၿပီး အိႏိၵယက ျမန္မာ့ပဲမ်ိဳးစံု တန္ခ်ိန္ငါးသိန္းကို စတင္ တင္သြင္းခြင့္ျပဳလိုက္ေၾကာင္း သိရသည္။

သမၼတဦးဝင္းျမင့္သည္ ၿပီးခဲ့သည့္ ေမ ၃၀ ရက္ေန႕က အိႏိၵယဝန္ႀကီးခ်ဳပ္၏က်မ္းသစၥာက်ိန္ဆိုပဲြသို႕တက္ေရာက္ခဲ့ျခင္းျဖစ္ကာ ျမန္မာ့ ပဲမ်ိဳးစံု တန္ခ်ိန္ ငါးသိန္းကို ယခုလမွ စၿပီးေတာ့ အိႏိၵယက တင္သြင္းခြင့္ ျပဳလိုက္ တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီး ဌာနမွ သိရသည္။

ပဲတီစိမ္းနဲ႔ မတ္ပဲ တန္ခ်ိန္တစ္သိန္းခြဲစီနဲ႔ ပဲစင္းငံုတန္ခ်ိန္ ႏွစ္သိန္း ျမန္မာက တင္ပို႔ခြင့္ ရရွိလုိက္ၿပီး ကိုတာစနစ္ျဖင့္လည္း အခြန္အခ သက္သာခြင့္ ရရွိခဲ့သည္။ “ကၽြန္ေတာ္တို႕ႏိုင္ငံက အၾကီးအကဲေတြ အိႏၵိယႏိုင္ငံသြားေရာက္တိုင္း ပဲ ျပန္တင္ပို႕ခြင့္ရဖို႕ ညိွႏိွဳင္းမႈေတြ အျမဲလုပ္ေဆာင္ေပးေနတာပါ” ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရိွသူတစ္ဦးက ဆိုသည္။
သမၼတၾကီး၏ ခရီးစဥ္ေၾကာင့္ ယခုကဲ့သို႕ ေအာင္ျမင္မႈရရိွသည္ကို ဝမ္းေျမာက္ဂုဏ္ယူမိေၾကာင္းႏွင့္ သမၼတႀကီးအားအလြန္ေက်းဇူးတင္ေၾကာင္း ပဲလုပ္ငန္းရွင္တစ္ဦးကလည္း ေျပာၾကားသည္။

အိႏၵိယႏိုင္ငံသည္ ယခုႏွစ္တြင္ ပဲအထြက္ႏႈန္းမ်ားၿပားသျဖင့္ ျပည္ပမွ ပဲတင္ပို႕မႈ ကိုတာမ်ား ေလ်ာ့ခ်မည္ျဖစ္သည့္အျပင္ ျမန္မာႏိုင္ငံမွ ပဲတင္ပို႕မႈကိုလည္း ေလ်ာ့ခ်မည္ဟု ယခင္က ေၾကညာထားသျဖင့္ ပဲစိုက္ပ်ိဳးသူမ်ား စိုးရိမ္စိတ္မ်ားဝင္ခဲ့ၾကေၾကာင္း သိရသည္။

ဇြဲခန္႔
Via: iSee Media
Credit  \  original

#Unicode Version

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အပြီး အိန္ဒိယက မြန်မာ့ပဲမျိုးစုံ တန်ချိန်ငါးသိန်းကို စတင် တင်သွင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်သည် ပြီးခဲ့သည့် မေ ၃၀ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ်၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ခဲ့ခြင်းဖြစ်ကာ မြန်မာ့ ပဲမျိုးစုံ တန်ချိန် ငါးသိန်းကို ယခုလမှ စပြီးတော့ အိန္ဒိယက တင်သွင်းခွင့် ပြုလိုက် တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ပဲတီစိမ်းနဲ့ မတ်ပဲ တန်ချိန်တစ်သိန်းခွဲစီနဲ့ ပဲစင်းငုံတန်ချိန် နှစ်သိန်း မြန်မာက တင်ပို့ခွင့် ရရှိလိုက်ပြီး ကိုတာစနစ်ဖြင့်လည်း အခွန်အခ သက်သာခွင့် ရရှိခဲ့သည်။ “ကျွန်တော်တို့နိုင်ငံက အကြီးအကဲတွေ အိန္ဒိယနိုင်ငံသွားရောက်တိုင်း ပဲ ပြန်တင်ပို့ခွင့်ရဖို့ ညှိနှိုင်းမှုတွေ အမြဲလုပ်ဆောင်ပေးနေတာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သမ္မတကြီး၏ ခရီးစဉ်ကြောင့် ယခုကဲ့သို့ အောင်မြင်မှုရရှိသည်ကို ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် သမ္မတကြီးအားအလွန်ကျေးဇူးတင်ကြောင်း ပဲလုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် ပဲအထွက်နှုန်းများပြားသဖြင့် ပြည်ပမှ ပဲတင်ပို့မှု ကိုတာများ လျော့ချမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ပဲတင်ပို့မှုကိုလည်း လျော့ချမည်ဟု ယခင်က ကြေညာထားသဖြင့် ပဲစိုက်ပျိုးသူများ စိုးရိမ်စိတ်များဝင်ခဲ့ကြကြောင်း သိရသည်။

ဇွဲခန့်
Via: iSee Media

Credit  \  original

Recent Updates

Recent Posts Widget