ကျွန်တော့်ကို ဒါရိုက်တာအဖြစ် လမ်းကြောင်းပေါ် တင်ပေးခဲ့တာ ယုန်လေးပါဆိုတဲ့ သားညီ
အဆိုတော် ယုန်လေးကတော့ သရုပ်ဆောင်လိုင်းဘက် ကူးရင်း တဖြည်းဖြည်းနဲ့ ဒါရိုက်တာအလုပ်ပါ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သားညီ ၊ မြင့်မြတ် တို့နဲ့ တွဲဖက်ပြီး အနုပညာတွေ ဖန်တီးနေတဲ့ ယုန်လေးက “သတိ အန္တရာယ်ရှိသည်” ဆိုတဲ့ ရုပ်ရှင်ကားကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားပါတယ်။ ဒီကားနဲ့ ပတ်သက်လို့ ဒါရိုက်တာ တစ်ယောက်အဖြစ် ယုန်လေးကို ကျေကျေနပ်နပ်ကြီး လက်ခံကြောင်းကိုတော့ သားညီက ခုလို ချီးကျုး ပြောဆိုသွားပါတယ်။
“ကျွန်တော့်ကို ဒါရိုက်တာအဖြစ် လမ်းကြောင်းပေါ် တင်ပေးခဲ့တာ ယုန်လေးပါ။ ကျွန်တော်ကို အရင်ဆုံး ဒါရိုက်တာအဖြစ် ငှားရိုက်တာလည်း ယုန်လေးပါပဲ။ အဲ့တော့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူ့ကို comment ပေးရရင် သူက ခုဆိုရင် ကျွန်တော်တို့ကို level လိုက်လာပြီ။ ကျော်တောင် ကျော်တက်နေပြီပေါ့နော်။ မိုက်လည်း မိုက်ပါတယ်။ ဆက်ပြီးလုပ်ပါ။ လတ်ဆတ်တဲ့ အတွေးအခေါ် လတ်ဆတ်တဲ့ ရိုက်ချက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ပါစေ။” ဆိုပြီး ချီးကျူးသွားပါတယ်။
တစ်လိုင်းတည်းကိုပဲ မရွေးချယ်သင့်ကြောင့်လည်း သားညီက ခုလို ထင်မြင်ချက် ပေးသွားပါတယ်။
သူ့ mtv ကို ရိုက်ပေးရင်းနဲ့မှ ကျွန်တော်တို့ ‘ကိုယ့်သမိုင်းကို ရေးကြသူများ’ ဆိုတဲ့ dvd ရိုက်ဖြစ်တယ်။ အဲ့လမ်းကြောင်းပေါ်ကနေ ကျွန်တော် ဒါရိုက်တာ စဖြစ်လာတာပေါ့နော်။ ယုန်လေးက အက်ရှင်တွေ ရိုက်တာများတယ်။ သူက အက်ရှင်သန်တော့ သူသန်တဲ့ လိုင်းကို ရိုက်တာပေါ့နော်။ ဒါရိုက်တာ တစ်ယောက်ဆိုတာ ပေါင်းစုံ ရိုက်နိုင်ရမယ်။ သန်တဲ့ တစ်လိုင်းကိုပဲ ရွေးတာမျိုး မဖြစ်သင့်ဘူး။” လို့ ဆိုပါတယ်။
စိတ်ထားဖြူစင်သလို သူတစ်ပါးကို ကူညီတတ်တဲ့ ယုန်လေးက သားညီရဲ့ ခြေရာကို နင်းရုံတင်မက ကျော်တက်သွားပါပြီဆိုပြီး အင်တာဗျူးမှာ အပြုသဘောဆောင်ကာ ဖြေကြားသွားခဲ့ပါတယ်။
Credit \\ original







