သမ္မတအိမ်ပြာတော်ရဲ့ ညစာစားပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခံခဲ့ရတဲ့ EXO
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသော Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO ဟာ ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ပြာတော်မှာ ကျင်းပခဲ့တဲ့ ညစာစားပွဲကို တက်ရောက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်သူ Donald Trump နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အမေရိကန်သမ္မတဖြစ်သူ Donald Trump ဟာ တောင်ကိုရီးယားသမ္မတဖြစ်တဲ့ Moon Jae In နဲ့ တွေ့ဆုံဖို့အတွက် လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ထွက်ရှိလာတဲ့သတင်းတွေအရတော့ သမ္မတ Donald Trump ရဲ့ အကြံပေးလည်းဖြစ်၊ သမီးလည်းဖြစ်တဲ့ Ivanka Trump ရဲ့ တောင်းဆိုမှုကြောင့် EXO ဟာ အခုလိုမျိုးဖိတ်ကြားခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ Ivanka Trump ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ပြီး အဲဒီတုန်းက သူမအနေနဲ့ K-Pop ကို စိတ်ဝင်စားကြောင်းကို ထုတ်ပြောပြခဲ့ပါတယ်။
သူမဟာ EXO နဲ့ 2018 PyeongChang Winter Olympics ပွဲအပြီးတုန်းကလည်း တွေ့ဆုံခဲ့ပြီးပြီး အဲဒီတုန်းကလည်း “ကျွန်မရဲ့ကလေးတွေက EXO ရဲ့ အမာခံပရိသတ်တွေပါ။ ဒီလိုမျိုးတွေ့ခွင့်ရတာကို မယုံကြည်နိုင်ဖြစ်မိပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။
အခုတက်ရောက်ခဲ့တဲ့ ညစာစားပွဲမှာ EXO သမ္မတ Donald Trump နဲ့ရော၊ သူ့ရဲ့သမီးဖြစ်သူ Ivanka Trump နဲ့ပါ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး အဖွဲ့ဝင်တွေလက်မှတ်ရေးထိုးထားတဲ့ အယ်လ်ဘမ်တွေကို ကိုယ်တိုင်ကိုယ်ကျပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။
Ivanka Trump ဟာ အိုလံပစ်ပွဲတုန်းက EXO ဖျော်ဖြေခဲ့တဲ့ တင်ဆက်မှုတွေကိုလည်း ပြန်လည်အမှတ်ရပြောခဲ့သေးတယ်လို့ သိရပါတယ်။
EXO ကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် Nation’s Boy Group ဆိုတဲ့ ပြယုဂ်ကို ပြသနေနိုင်ဆဲပါပဲနော်။
Credit \\ original







