အသက် (၃၀)ကျော် အပျိုကြီးမမ အေးသောင်းရဲ့ စွဲမက်ဖွယ်အလှ




ဟိုးအရင် ဗီဒီယိုခေတ်မှာကတည်းက နာမည်ကြီးခေတ်စားလာခဲ့ရတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစားတဲ့ မအေးသောင်းကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အခုချိန်ထိ အောင်မြင်မှုတွေ ရရှိနေတဲ့သူလေး ဖြစ်ပါတယ်။ မအေးသောင်းက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို တောက်လျှောက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။



မအေးသောင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ Miss & Mrs Summer Global Myanmar 2019 ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက ပွဲတွေကို အဆက်မပြတ် တက်ရောက်နေရတာဖြစ်တာကြောင့် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးမြဲပဲ ဖြစ်ပါတယ်။



မိုမိုလေး ချစ်ပရိသတ်တွေအတွက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ တည်ငြိမ်တဲ့ အလှတွေကို ချပြခဲ့တဲ့ မအေးသောင်းရဲ့ မန္တလေးဂါဝန်ဆိုင်ဖွင့်ပွဲမှ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ မအေးသောင်းကတော့ “တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရမယ်” ဆိုတဲ့စာသားလေးနဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပါ။



အေးဝတ်ရည်သောင်းက လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်တဲ့ “ပြုံးချို” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ခိုင်သင်းကြည်၊ စမိုင်းလ်တို့နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အေးဝတ်ရည်သောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲက Channel 9 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။

အေးဝတ်ရည်သောင်းကတော့ (၃၅) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အချစ်ရေးကို စိတ်မဝင်စားပဲ သူမချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ အသက်အရွယ်တွေရလာခဲ့ပေမယ့်လည်း တစ်နေ့တစ်ခြား အလှတွေ ပိုပိုပြီးတိုးလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ လှပလွန်းတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ကြည့်ရှုပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\   original


Recent Updates

Recent Posts Widget