LGBT တွေကို သူမရဲ့မိသားစုတွေလို အားပေးထောက်ခံတယ်ဆိုတဲ့ နေခြည်ဦး





လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးသွားတဲ့ ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး Beauty Blogger မလေး နေခြည်ဦးက သူမရဲ့အမြင်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း LGBT တွေကို Support လဲလုပ်နေသူတစ်ဦးဖြစ်ပြီး LGBT တွေနဲ့ပတ်သတ်ပြီး သူမရဲ့ခံယူချက်ကို ပွင့်ပွင့်လင်းလင်း ပြောထားခဲ့တာပါ။ ထိုးနှက်မှုတွေကိုကြောက်လို့ LGBT ဖြစ်နေမှန်း ထုတ်ပြဖို့ မဝံ့မရဲဖြစ်နေသူတွေကိုလည်း သူမကအားပေးစကားပြောထားပြီး သူမရဲ့မိသားစုတွေလို အမြဲတမ်း Support လုပ်နေတယ်လို့လည်း ပြောထားပါသေးတယ်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် LGBT တွေနဲ့ပတ်သတ်ပြီး သူမထားရှိတဲ့ စိတ်ထားကို ပွင့်ပွင့်လင်းလင်းပြောလာတဲ့ နေခြည်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



နေခြည်ဦးကတော့ “လူတစ်ယောက်က ကိုယ့်ရဲ့ယုံကြည်ရာ ကိုယ့်ရဲ့ ထင်မြင်ချက်ကိုတောင် ဒီလူ့ဘောင် အသိုင်းအဝိုင်းမှာ ရဲရဲဝင့်ဝင့် ချပြဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပါ ချပြနေတဲ့ လူတွေကို နေခြည် support လုပ်တယ်၊ 🏳️‍🌈🏳️‍🌈ချစ်လဲချစ်တယ်။ 💕💕 GAY ဖြစ်မှ #LGBT ကို support လို့ရတာမဟုတ်ဘူးလေ။နေခြည်တို့လို straight ဖြစ်ပေမယ့် #LGBT community တစ်ခုလုံးကို support လုပ်နေကြတဲ့သူတွေ အသိုင်းအဝိုင်းမရွေး
အဆင့်အတန်းမရွေးမှာလဲ ရှိနေကြတယ်ဆိုတာ အဆင်သင့် မဖြစ်သေးတဲ့သူတွေကော ထုတ်ပြချင်ပေမယ့် ထိုးနှက်မှုဒဏ်ကို ကြောက်လို့ မဝင့်မရဲဖြစ်နေတဲ့သူတွေကိုကောကိုပါ သိစေချင်တယ်။ Stand Up High and Stay Strong 🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈I love you for who you are and i support you just like my family. LET LOVE WINS !!!!!!’ ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားတာပါ။



လတ်တလော လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး LGBT တွေကို အပြည့်အဝထောက်ခံလိုက်တဲ့ ချီချီကတော့ တကယ့်ကို လေးစားစရာစိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူသားတစ်ဦးကို လူသားတစ်ဦးကဲ့သို့၊ အချစ်တစ်ခုကို အချစ်တစ်ခုကဲ့သို့သာမြင်ပြီး အချင်းချင်းကူညီရိုင်းပင်းကာ သာယာပျော်ရွှင်တဲ့ ကမ္ဘာတစ်ခုတည်ဆောက်ဖို့ ကြိုးစားလိုက်ကြရအောင်လားနော်။

Myint Myat
Source;Nay Chi Oo’s Facebook

credit   \\   original

Recent Updates

Recent Posts Widget