Song Hye Kyo ရဲ႕ရုပ္ပံုေတြကို ဖယ္ရွားလိုက္ၿပီျဖစ္တဲ့ Song Joong Ki ရဲ႕ဖခင္





Song Hye Kyo ရဲ႕ရုပ္ပံုေတြကို ဖယ္ရွားလိုက္ၿပီျဖစ္တဲ့ Song Joong Ki ရဲ႕ဖခင္

Song Joong Ki နဲ႔ Song Hye Kyo တုိ႔ ကြာရွင္းေတာ့မယ္ဆုိတဲ့အသင္းေတြက အင္တာနက္အသံုးျပဳသူေတြၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားေနၿပီး

ဒီျဖစ္ရပ္အေပၚ သူ႕အျမင္၊ ကိုယ့္အျမင္ ျငင္းခံုမႈေတြလည္း ရွိေနပါတယ္။ အခုအခါမွာ Song Joong Kiရဲ႕ ဖခင္လုပ္ရပ္တစ္ခုက ပရိသတ္ေတြၾကား

ေျပာစရာကိစၥတစ္ခုျဖစ္ခဲ့ျပန္ပါတယ္။ Song Joong ရဲ႕ဖခင္ဟာ အိမ္ေရွ႕မွာထားထားတဲ့ Song Hye Kyo ရဲ႕ရုပ္ပံုေတြကို ဖယ္ရွားပစ္ခဲ့တာပဲ ျဖစ္ပါတယ္။

Song Joong Ki ရဲ႕ဖင္ဟာ အဲဒီအိမ္ကို ျပဳျပင္ထိန္းသိမ္းထားၿပီး Song Joong Ki ျပတုိက္အျဖစ္ တည္ေဆာက္ထားတာျဖစ္ပါတယ္။

ပရိသတ္အမ်ားအျပားဟာ အဲဒီအိမ္ေရွ႕ကို မၾကာခဏလာေရာက္ၾကည့္ရႈေလ့ရွိပါတယ္။



အဲဒီအိမ္ေရွ႕မွာ Song Joong Ki နဲ႔ Song Hye Kyo တုိ႔ရဲ႕ ႏွစ္ေယာက္သားရုပ္ပံုေတြကို ထားရွိထားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြားရွင္းေတာ့မယ္လို႔

သတင္းေတြထြက္ေပၚအၿပီးမွာေတာ့ ဖခင္ျဖစ္သူဟာ Song Hye Kyo ရဲ႕ရုပ္ပံုေတြကို ခ်က္ခ်င္း ဖယ္ရွားပစ္ခဲ့တာပဲ ျဖစ္ပါတယ္။



ဒီကိစၥနဲ႔ပတ္သက္ၿပီး အင္တာနက္အသံုးျပဳသူေတြက Song Joong Ki ရဲ႕ဖခင္ျဖစ္သူကို ေ၀ဖန္လ်က္ရွိေနၿပီး အတိတ္ကျဖစ္ရပ္ေတြကိုပါျပန္လည္တူးဆြလ်က္ရွိေနပါတယ္။

Song Joong Ki ဟာ ဇြန္လ (၂၇) ေန႔မွာ Song Hye Kyo ရဲ႕ကြာရွင္းေတာ့မွာျဖစ္တဲ့အေၾကာင္း ထုတ္ျပန္သြားခဲ့ပါတယ္။



သူတုိ႔ႏွစ္ေယာက္ဟာ ဇူလိုင္လအေစာပိုင္းမွာ အၿပီးသတ္ကြာရွင္းႏုိင္လိမ့္မယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

Ref koreaboo

Credit – Oz11(မုိမုိေလး)

Unicode

Song Hye Kyo ရဲ့ရုပ်ပုံတွေကို ဖယ်ရှားလိုက်ပြီဖြစ်တဲ့ Song Joong Ki ရဲ့ဖခင်

Song Joong Ki နဲ့ Song Hye Kyo တို့ ကွာရှင်းတော့မယ်ဆိုတဲ့အသင်းတွေက အင်တာနက်အသုံးပြုသူတွေကြားမှာ တော်တော်လေး ရေပန်းစားနေပြီး

ဒီဖြစ်ရပ်အပေါ် သူ့အမြင်၊ ကိုယ့်အမြင် ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။ အခုအခါမှာ Song Joong Kiရဲ့ ဖခင်လုပ်ရပ်တစ်ခုက ပရိသတ်တွေကြား

ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ Song Joong ရဲ့ဖခင်ဟာ အိမ်ရှေ့မှာထားထားတဲ့ Song Hye Kyo ရဲ့ရုပ်ပုံတွေကို ဖယ်ရှားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။



Song Joong Ki ရဲ့ဖင်ဟာ အဲဒီအိမ်ကို ပြုပြင်ထိန်းသိမ်းထားပြီး Song Joong Ki ပြတိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။

ပရိသတ်အများအပြားဟာ အဲဒီအိမ်ရှေ့ကို မကြာခဏလာရောက်ကြည့်ရှုလေ့ရှိပါတယ်။

အဲဒီအိမ်ရှေ့မှာ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ နှစ်ယောက်သားရုပ်ပုံတွေကို ထားရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကွားရှင်းတော့မယ်လို့

သတင်းတွေထွက်ပေါ်အပြီးမှာတော့ ဖခင်ဖြစ်သူဟာ Song Hye Kyo ရဲ့ရုပ်ပုံတွေကို ချက်ချင်း ဖယ်ရှားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေက Song Joong Ki ရဲ့ဖခင်ဖြစ်သူကို ဝေဖန်လျက်ရှိနေပြီး အတိတ်ကဖြစ်ရပ်တွေကိုပါပြန်လည်တူးဆွလျက်ရှိနေပါတယ်။

Song Joong Ki ဟာ ဇွန်လ (၂၇) နေ့မှာ Song Hye Kyo ရဲ့ကွာရှင်းတော့မှာဖြစ်တဲ့အကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ဇူလိုင်လအစောပိုင်းမှာ အပြီးသတ်ကွာရှင်းနိုင်လိမ့်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Ref koreaboo

Credit – Oz11(မိုမိုလေး)

Recent Updates

Recent Posts Widget