ေနာ္ေ၀းႏိုင္ငံမွာရွိတဲ့.. ေဒၚေအာင္ဆန္းစုၾကည္ပန္းျခံ
ေနာ္ေ၀းႏိုင္ငံမွာရွိတဲ့ ေဒၚေအာင္ဆန္းစုၾကည္ပန္းျခံ
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ရဲ႕ ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကိုအစြဲဲျပဳျပီး မွည့္ေခၚထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္လို႔အမည္ေပးထားတဲ့ပန္းျခံတစ္ခုကမၻာ့ႏိုင္ငံတစ္ႏိုင္ငံမွာတည္ရွိပါတယ္။
အဲ့ဒီႏိုင္ငံဟာ ေနာ္ေ၀ႏိုင္ငံ၊ ဖရိုလန္းျမိဳ႕မွာတည္ရွိတာျဖစ္ျပီး ၂၀၁၆ခုႏွစ္ ဇြန္လ ၁၉ရက္ေန႔မွာစတင္ဖြင့္လွစ္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ စတင္ဖြင့္လွစ္ခဲ့တဲ့ ဇြန္လ ၁၉ရက္ေန႔ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ျဖစ္ျပီး ေမြးေန႔အမွတ္တရဂုဏ္ျပဳခ်င္တဲ့အေနနဲ႔ ဖြင့္လွစ္ေပးခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။
ဖြင့္လွစ္လိုက္တဲ့ပန္းျခံဟာယခင္က Froland Verk Park လို႔အမည္ရခဲ့ျပီး ဖရိုလန္းျမိဳ႕လည္ေခါင္မွာတည္ရွိပါတယ္။ ပန္းျခံထဲမွာေဒၚေအာင္ဆန္းစုၾကည္ရဲ႕ရုပ္ထုအျပင္ ဒိန္းမတ္ႏိုင္ငံမွာရွိတဲ့ျမန္မာလူမ်ိဳးေတြရဲ႕အမွတ္တရေက်ာက္တိုင္ေတြကိုစိုက္ထူထားတယ္လို႔ သိရပါတယ္။
ပန္းျခံထဲမွာရွိတဲ့ေဒၚေအာင္ဆန္းစုာကည္ရဲ႕ ဖေယာင္းရုပ္ထုကို ဦးငယ္ေဇာ္လို႔ေခၚတဲ့ ေနာ္ေ၀းႏိုင္ငံမွာေနထိုင္တဲ့ျမန္မာလူမ်ိဳးတစ္ေယာက္ကျပဳလုပ္ေပးထားတာပါ။ အဲ့တာအျပင္ကို ႏိုဘယ္ျငိမ္းခ်မ္းေရးဆုေကာ္မတီကျပဳလုပ္ေပးထားတဲ့ ႏိုဘယ္ျငိမ္းခ်မ္းေရးစင္တာမွာရွိတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေၾကးရုပ္ထုနဲ႔ ပံုစံျခင္းတူတဲ့ ေၾကးရုပ္တုတစ္ခုကိုလည္း ပန္းျခံထဲမွာထပ္မံစိုက္ထူထားပါတယ္။
အဲ့ဒီပန္းျခံကို Torgir Oveland of International Caffe-Froland ကဦးစီးျပီးျပဳလုပ္ေပးခဲ့တာျဖစ္ျပီး အျခားျဖစ္ႏိုင္တဲ့ ေနရာသံုးခုေလးခုထဲကေနမွ ဒီပန္းျခံကိုဂရုတစိုက္နဲ႔ေရြးခ်ယ္ေပးခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
Credit \\ original
Unicode Version
နော်ဝေးနိုင်ငံမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုအစွဲပြုပြီး မှည့်ခေါ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို့အမည်ပေးထားတဲ့ပန်းခြံတစ်ခုကမ္ဘာ့နိုင်ငံတစ်နိုင်ငံမှာတည်ရှိပါတယ်။
အဲ့ဒီနိုင်ငံဟာ နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့မှာတည်ရှိတာဖြစ်ပြီး ၂၀၁၆ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ စတင်ဖွင့်လှစ်ခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့အမှတ်တရဂုဏ်ပြုချင်တဲ့အနေနဲ့ ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဖွင့်လှစ်လိုက်တဲ့ပန်းခြံဟာယခင်က Froland Verk Park လို့အမည်ရခဲ့ပြီး ဖရိုလန်းမြို့လည်ခေါင်မှာတည်ရှိပါတယ်။ ပန်းခြံထဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ထုအပြင် ဒိန်းမတ်နိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေရဲ့အမှတ်တရကျောက်တိုင်တွေကိုစိုက်ထူထားတယ်လို့ သိရပါတယ်။
ပန်းခြံထဲမှာရှိတဲ့ဒေါ်အောင်ဆန်းစုာကည်ရဲ့ ဖယောင်းရုပ်ထုကို ဦးငယ်ဇော်လို့ခေါ်တဲ့ နော်ဝေးနိုင်ငံမှာနေထိုင်တဲ့မြန်မာလူမျိုးတစ်ယောက်ကပြုလုပ်ပေးထားတာပါ။ အဲ့တာအပြင်ကို နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီကပြုလုပ်ပေးထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေးရုပ်ထုနဲ့ ပုံစံခြင်းတူတဲ့ ကြေးရုပ်တုတစ်ခုကိုလည်း ပန်းခြံထဲမှာထပ်မံစိုက်ထူထားပါတယ်။
အဲ့ဒီပန်းခြံကို Torgir Oveland of International Caffe-Froland ကဦးစီးပြီးပြုလုပ်ပေးခဲ့တာဖြစ်ပြီး အခြားဖြစ်နိုင်တဲ့ နေရာသုံးခုလေးခုထဲကနေမှ ဒီပန်းခြံကိုဂရုတစိုက်နဲ့ရွေးချယ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
Credit \\ original


