မြင်သူတိုင်းကြွေဆင်းသွားရလောက်တဲ့ ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်မြင်ကွင်းအလှ





ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ယခုချိန်ထိတိုင် အောင်မြင်မှုတွေ များစွာ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို အကယ်ဒမီဆုကြီး (၂)ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ လက်တလောမှာတော့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို မအားမလပ် ရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။



လူလေးလှသလို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ခေတ်နဲ့အမီ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သူလေး ဖြစ်ပါတယ်။ နေရာဒေသမရွေး လိုက်ဖက်စွာ ဝတ်ဆင်တတ်တဲ့ ဖက်ရှင် Queenလေး ဝတ်မှုံရွှေရည်က သူမရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။



လူလေးလှသလို အဝတ်အစားကိုလည်း လုံလုံခြုံခြုံလေးနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့ သူမကတော့ ဇူလိုင်လ (၅) ရက်နေ့ Novotel Hotel မှာ ကျင်းပပြုလုပ်တဲ့ L’Oréal Paris ရဲ့ ၆ကြိမ်မြောက် Red Carpet ပွဲကြီးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

အလှဆုံးဝတ်စုံလေးဆင်မြန်းပြီး ပွဲတက်ရောက်ခဲ့ တဲ့ ဝတ်မှုံရွှေရည်ကတော့ ” Queen of Happiness 💛 ” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်ဒီဇိုင်းလေးကလည်း မြင်သူတိုင်းကြွေဆင်းသွားရလောက်တဲ့ ပုံစံမျိုးပါပဲနော်။

ဝတ်မှုံရွှေရည်က လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားမှာ သွားရောက်ရိုက်ကူးပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။


အသက် (၃၀) ကျော်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ရွှေကစ်လေးကတော့ ဆယ်ကျော်သက်လေးတစ်ယောက်လို တစ်နေ့တစ်ခြားကို ချစ်စရာကောင်းလာတာပါနော်။ ဝတ်မှုံရွှေရည်ကတော့ ဆယ်ကျော်သက်မလေး တစ်ယောက်လို နုပျိုလန်းဆန်းစွာနဲ့ တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget