L’Oreal Paris Red Carpet Show ကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ မိုးဟေကို
ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ချောမောလှပပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူမက သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့L’Oreal Paris Red Carpet Show ကို တက်ရောက်ခဲ့တဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါလုပ်ကိုင်နေသူပါ။ စီးပွားရေးကို ဦးစားပေးလုပ်နေတာကြောင့် သရုပ်ဆောင်ပိုင်မှာ နည်းသွားတာတွေ့ရပေမယ့် ခုနောက်ပိုင်း မှာတော့ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေ မြင်တွေ့ရတော့မှာပါ။
ဒီတစ်ခါမှာတော့ မိုးဟေကို က L’Oreal Paris Red Carpet Show ကို အဖြူရောင်လိပ်ပြာမလေး အသွင် ဖန်တီးထားတဲ့ ဖက်ရှင်အမိုက်စားနဲ့ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
L’Oreal Paris Red Carpet Show မှာ တစ်ခြားသူများအလယ်မှာ အထင်းသား ပေါ်လွင်နေခဲ့တဲ့ သူမကတော့ လိပ်ပြာမလေး လို လှပနေခဲ့တာပါ။
မိုးဟေကို ရဲ့ အလှပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
သရုပ်ဆောင်မိုးဟေကိုရဲ့L’Oreal Paris Red Carpet Show တက်ရောက်ခဲ့တဲ့ အလှပုံရိပ်ကလေးတွေကို ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original






