တေကာက္ေကာက္ ေလွ်ာက္လုိက္ေနတဲ့ အိမ္ေမြးေခြးေလးကို တူနဲ႔ထုသတ္ခဲ့တဲ့ သခင္
အမ်ိဳးသားတစ္ေယာက္ဟာ သူရဲ႕အိမ္မွာေမြးထားတဲ့ေခြးက သူ႕ေနာက္ကုိ တေကာက္ေကာက္ ေလွ်ာက္လုိက္ေနတာကို သည္းမခံႏုိင္တဲ့အဆုံး တူနဲ႔ထုသတ္ခဲ့ေၾကာင္း သိရပါတယ္။ ေခြးဆုိတာ သခင္ကုိ ခ်စ္ျမတ္ႏုိးၿပီး၊ သခင္နဲ႔ အပါးမကြာ ေနခ်င္ၾကတာ သဘာဝပါ။
ျပစ္မႈက်ဴးလြန္ခဲ့သူကေတာ့ အသက္(၇၁)ႏွစ္အရြယ္ ရာဇဝတ္တရားသူႀကီးျဖစ္ၿပီး၊ အမည္ကေတာ့ Melvyn Hall ျဖစ္ပါတယ္။ တရားသူႀကီးလုိ ရာထူးထမ္းေဆာင္ခဲ့ဖူးသူက ဒီလုိ ရက္စက္တဲ့ျပစ္မႈကို က်ဴးလြန္တာမုိ႔ အေတာ္ေလး နားလည္ရခက္ေစပါတယ္။
ေသဆုံးသြားတဲ့ ေခြးမေလးကေတာ့ Molly ျဖစ္ၿပီး၊ အသက္(၆)ႏွစ္ပါ။ ေခြးမေလးရဲ႕႐ုပ္အေလာင္းကို Tyne ျမစ္ထဲမွာ ဒီဇင္ဘာ (၆)ရက္ေန႔က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ေခြးမေလးမွာ မုိက္က႐ုိခ်စ္ပ္ပါတဲ့အတြက္ ပိုင္ရွင္ဘယ္သူလဲဆုိတာ တန္းသိႏုိင္ခဲ့တာပါ။
RSPCA အဖြဲ႕ဝင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ေမးျမန္မႈကို Hall က ေဝ့လည္ေၾကာင္ပတ္နဲ႔ ေျဖၾကားခဲ့ေပမယ့္ ေနာက္တစ္ရက္မွာေတာ့ သူ႕ေနာက္ကို တေကာက္ေကာက္လုိက္ေနတာကို သည္းမခံႏုိင္ေတာ့လုိ႔ အခုလုိ သတ္လုိက္ရတာလုိ႔ ေျပာပါတယ္။ Hall ကုိ ျပစ္မႈခုိင္လုံတဲ့အတြက္
အသက္အရြယ္အရ ဆုိင္းငံ့ေထာင္ဒဏ္(၁)ႏွစ္အစား ေထာင္ဒဏ္(၁၈)ပတ္ က်ခံေစဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ဒါ့အျပင္ တရား႐ုံး ကုန္က်စာရိတ္ ေပါင္(၁၀၀၀)ကို တရားခံ Hall က ေပးေဆာင္ရမွာျဖစ္ေၾကာင္း၊ အသက္ရွင္ေနတဲ့အခ်ိန္အတြင္း ေခြးေမြးျမဴခြင့္ ေပးမွာမဟုတ္ေတာ့ေၾကာင္း သိရပါတယ္။
Credit \\ original
ယူနီကုဒ်ဖြင့်ဖတ်ရန်-
အမျိုးသားတစ်ယောက်ဟာ သူရဲ့အိမ်မှာမွေးထားတဲ့ခွေးက သူ့နောက်ကို တကောက်ကောက် လျှောက်လိုက်နေတာကို သည်းမခံနိုင်တဲ့အဆုံး တူနဲ့ထုသတ်ခဲ့ကြောင်း သိရပါတယ်။ ခွေးဆိုတာ သခင်ကို ချစ်မြတ်နိုးပြီး၊ သခင်နဲ့ အပါးမကွာ နေချင်ကြတာ သဘာဝပါ။
သာမန်လူက ရိုက်မောင်းပုတ်မောင်းလုပ်ရင် ဒီခွေးမလေးက ထွက်ပြေးမှာဆိုပေမယ့်၊ သခင်ဖြစ်နေတော့ ဒီလောက်ကြီးထိ ရက်စက်လိမ့်မယ် ထင်မထားတာကြောင့် နာကျင်တာကို ပေပြီးခံခဲ့ပုံပါဘဲ။ ခွေးမလေးဟာ ဦးခေါင်းကို တူနဲ့ပြင်းထန်စွာ ထုခံရလို့ သေဆုံးခဲ့တာပါ။
ပြစ်မှုကျူးလွန်ခဲ့သူကတော့ အသက်(၇၁)နှစ်အရွယ် ရာဇဝတ်တရားသူကြီးဖြစ်ပြီး၊ အမည်ကတော့ Melvyn Hall ဖြစ်ပါတယ်။ တရားသူကြီးလို ရာထူးထမ်းဆောင်ခဲ့ဖူးသူက ဒီလို ရက်စက်တဲ့ပြစ်မှုကို ကျူးလွန်တာမို့ အတော်လေး နားလည်ရခက်စေပါတယ်။
သေဆုံးသွားတဲ့ ခွေးမလေးကတော့ Molly ဖြစ်ပြီး၊ အသက်(၆)နှစ်ပါ။ ခွေးမလေးရဲ့ရုပ်အလောင်းကို Tyne မြစ်ထဲမှာ ဒီဇင်ဘာ (၆)ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ခွေးမလေးမှာ မိုက်ကရိုချစ်ပ်ပါတဲ့အတွက် ပိုင်ရှင်ဘယ်သူလဲဆိုတာ တန်းသိနိုင်ခဲ့တာပါ။
RSPCA အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့မေးမြန်မှုကို Hall က ဝေ့လည်ကြောင်ပတ်နဲ့ ဖြေကြားခဲ့ပေမယ့် နောက်တစ်ရက်မှာတော့ သူ့နောက်ကို တကောက်ကောက်လိုက်နေတာကို သည်းမခံနိုင်တော့လို့ အခုလို သတ်လိုက်ရတာလို့ ပြောပါတယ်။ Hall ကို ပြစ်မှုခိုင်လုံတဲ့အတွက်
အသက်အရွယ်အရ ဆိုင်းငံ့ထောင်ဒဏ်(၁)နှစ်အစား ထောင်ဒဏ်(၁၈)ပတ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် တရားရုံး ကုန်ကျစာရိတ် ပေါင်(၁၀၀၀)ကို တရားခံ Hall က ပေးဆောင်ရမှာဖြစ်ကြောင်း၊ အသက်ရှင်နေတဲ့အချိန်အတွင်း ခွေးမွေးမြူခွင့် ပေးမှာမဟုတ်တော့ကြောင်း သိရပါတယ်။
Credit \\ original




