ဒုဗၺစရဟန္းမ်ားတိုးပြားလာပါက သာသနာေတာ္ဆုတ္ယုတ္ပ်က္စီးႏိုင္
ဆရာေတာ္ႀကီးေတြရဲ႕ ဆံုးမၾသဝါဒကို မလိုက္နာတဲ့ ဒုဗၺစရဟန္းေတြ တိုးပြားလာရင္ သာသနာေတာ္ ဆုတ္ယုတ္ပ်က္စီးႏိုင္လို႔ သက္ဆိုင္ရာဥပေဒနဲ႔အညီ ေျဖရွင္းေဆာင္ရြက္ဖို႔ လိုတယ္လို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုက ဒီေန႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ၄၇ ပါးစုံညီ အစည္းအေဝးမွာ ေလွ်ာက္တင္ပါတယ္။အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ၄၇ ပါးစုံညီ ဒုတိယအစည္းအေဝး ပထမေန႔အျဖစ္ ဒီေန႔မနက္က ရန္ကုန္ၿမိဳ႕၊ သီရိမဂၤလာ ကမာၻေအးကုန္းေျမမွာ က်င္းပခဲ့ပါတယ္။
အစည္းအေဝးကို ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ဥကၠ႒ဆရာေတာ္နဲ႔ အဖြဲ႔ဝင္ ဆရာေတာ္ေတြ၊ သာသနာေရးနဲ႔ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးနဲ႔ ဒုတိယဝန္ႀကီး၊ သာသနာေရးဦးစီးဌာနက အရာရွိေတြ တက္ေရာက္ခဲ့ၾကပါတယ္။ျပည္ေထာင္စု ဝန္ႀကီး သူရဦးေအာင္ကိုက ဒီေန႔မ်က္ေမွာက္ အေျခအေနမွာ သံဃာ ပရိသတ္အလယ္မွာ အရည္အခ်င္းမျပည့္စံုဘဲ ထင္ေပၚေက်ာ္ၾကားလို႔တဲ့ တခ်ိဳ႕ပုဂၢိဳလ္ေတြဟာ သံဃာ့အဖြဲ႔အစည္း အဆင့္ဆင့္ရဲ႕ ၾသဝါဒခံမဟုတ္တဲ့ အဖြဲ႔အစည္းအမ်ိဳးမ်ိဳးကို စင္ၿပိဳင္ဖြဲ႔စည္း ထူေထာင္တာ၊ ရဟန္းေတြနဲ႔ မအပ္စပ္တဲ့ လူမႈေရး၊ ပါတီႏိုင္ငံေရး ကိစၥေတြမွာ ပါဝင္ပတ္သက္ေဆာင္ရြက္ေနတာကို ေတြ႔ရတယ္လို႔ ေလွ်ာက္ထားပါတယ္။
အဲဒီပုဂၢိဳလ္ေတြဟာ သံဃာ့အဖြဲ႔အစည္းအဆင့္ဆင့္အေပၚ အေကာင္းျမင္စိတ္ထားမရွိ၊ ထိန္းသိမ္း ၾကပ္မတ္တာကိုလည္း မလိုလား၊ သံဃာ့ဦးေသွ်ာင္ျဖစ္ၾကတဲ့ ရတၱညဴမေထရ္ႀကီး တို႔ရဲ႕ ၾသဝါဒစကားကိုလည္း နာယူထိုက္တယ္လို႔ မထင္ဘူးလို႔လည္း ဆိုပါတယ္။အဲဒီလို ဒုဗၺစရဟန္း (ဆရာေတာ္ႀကီးေတြရဲ႕ ဆံုမၾသဝါဒကို မလိုက္နာတဲ့ ရဟန္း) ေတြ တစထက္တစတိုးပြားလာရင္ သာသနာေတာ္ ဆုတ္ယုတ္ပ်က္စီးႏိုင္လို႔ ဒီလုိပုဂၢိဳလ္ေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ရဲ႕ ၾသဝါဒကိုခံယူၿပီး၊ အာဏာပိုင္ အဖြဲ႔အစည္း ေတြဆီ ေမတၱာရပ္ခံညႇိႏိႈင္းၿပီး သက္ဆိုင္ရာဥပေဒနဲ႔အညီေျဖရွင္းဖို႔လိုတယ္လို႔လည္း ဝန္ႀကီးက ေလွ်ာက္တင္ပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လတုန္းကလည္း ဥပေဒက်ဴးလြန္သူ ဝရမ္းေျပး၊ ရာဇဝတ္ျပစ္မႈျပစ္ဒဏ္ထိုက္သူ၊ အာဏာစက္နဲ႔ အေရးယူခံရသူ၊ သာသနာေတာ္ကို အေလးမထားသူ၊ အလဇၨီ၊ ဒုႆီလစာရင္းဝင္ ေနၿပီး သိကၡာပုဒ္ေတြကို ေျပာင္ေျပာင္တင္းတင္း မ်က္ႏွာေျပာင္တိုက္ က်ဴးလြန္သူဟာ သကၤန္းဝတ္ပဲ ျဖစ္ၿပီး ဆရာေတာ္လို႔ လံုးဝ မေခၚသင့္ဘူးလုိ႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။
Credit DVB BurmeseNews
Unicode
ဆရာတော်ကြီးတွေရဲ့ ဆုံးမသြဝါဒကို မလိုက်နာတဲ့ ဒုဗ္ဗစရဟန်းတွေ တိုးပွားလာရင် သာသနာတော် ဆုတ်ယုတ်ပျက်စီးနိုင်လို့ သက်ဆိုင်ရာဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးမှာ လျှောက်တင်ပါတယ်။အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့အဖြစ် ဒီနေ့မနက်က ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နဲ့ အဖွဲ့ဝင် ဆရာတော်တွေ၊ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ သာသနာရေးဦးစီးဌာနက အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့မျက်မှောက် အခြေအနေမှာ သံဃာ ပရိသတ်အလယ်မှာ အရည်အချင်းမပြည့်စုံဘဲ ထင်ပေါ်ကျော်ကြားလို့တဲ့ တချို့ပုဂ္ဂိုလ်တွေဟာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ သြဝါဒခံမဟုတ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးကို စင်ပြိုင်ဖွဲ့စည်း ထူထောင်တာ၊ ရဟန်းတွေနဲ့ မအပ်စပ်တဲ့ လူမှုရေး၊ ပါတီနိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ပတ်သက်ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ လျှောက်ထားပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အပေါ် အကောင်းမြင်စိတ်ထားမရှိ၊ ထိန်းသိမ်း ကြပ်မတ်တာကိုလည်း မလိုလား၊ သံဃာ့ဦးသျှောင်ဖြစ်ကြတဲ့ ရတ္တညူမထေရ်ကြီး တို့ရဲ့ သြဝါဒစကားကိုလည်း နာယူထိုက်တယ်လို့ မထင်ဘူးလို့လည်း ဆိုပါတယ်။အဲဒီလို ဒုဗ္ဗစရဟန်း (ဆရာတော်ကြီးတွေရဲ့ ဆုံမသြဝါဒကို မလိုက်နာတဲ့ ရဟန်း) တွေ တစထက်တစတိုးပွားလာရင် သာသနာတော် ဆုတ်ယုတ်ပျက်စီးနိုင်လို့ ဒီလိုပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ သြဝါဒကိုခံယူပြီး၊ အာဏာပိုင် အဖွဲ့အစည်း တွေဆီ မေတ္တာရပ်ခံညှိနှိုင်းပြီး သက်ဆိုင်ရာဥပဒေနဲ့အညီဖြေရှင်းဖို့လိုတယ်လို့လည်း ဝန်ကြီးက လျှောက်တင်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဥပဒေကျူးလွန်သူ ဝရမ်းပြေး၊ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာစက်နဲ့ အရေးယူခံရသူ၊ သာသနာတော်ကို အလေးမထားသူ၊ အလဇ္ဇီ၊ ဒုဿီလစာရင်းဝင် နေပြီး သိက္ခာပုဒ်တွေကို ပြောင်ပြောင်တင်းတင်း မျက်နှာပြောင်တိုက် ကျူးလွန်သူဟာ သင်္ကန်းဝတ်ပဲ ဖြစ်ပြီး ဆရာတော်လို့ လုံးဝ မခေါ်သင့်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Credit DVB BurmeseNews


