Victoria လေးအမှုကိစ္စနဲ့ပတ်သတ်ပြီး မရှင်းတာတွေကို ဒဲ့မေးလိုက်တဲ့ အဆိုတော် Cobra





လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နားနဲ့မဆံ့အောင် ကြားနေရတဲ့ နေပြည်တော်က သမီးလေး Victoria ရဲ့မုဒိန်းမှုကတော့ ပြည်သူတွေရော အနုပညာရှင်တွေပါ အင်တိုက်အားတိုက် ဝန်းရံနေကြတာတောင် အခုအချိန်အထိ တရားခံကို ဖမ်းမမိသေးပါဘူး။ သမီးလေး Victoria ရဲ့အမှုကို အားမလိုအားမရ ဖြစ်နေကြတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အဆိုတော် Cobra ကလည်း အဆိုပါ အမှုကိစ္စနဲ့ပတ်သတ်ပြီး မရှင်းတာလေးတွေကို ဒဲ့မေးထားတာ တွေ့ရပါတယ်။ အရှိကို အရှိအတိုင်း ဒဲ့မေးရဲတဲ့ အဆိုတော် Cobra ရဲ့အမေးကိုတော့ ပရိသတ်တွေကလည်း ထောက်ခံနေကြတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နေပြည်တော်က သမီးလေး Victoria ရဲ့အမှုကိစ္စနဲ့ပတ်သတ်ပြီး သူ မရှင်းတာလေးတွေ ဒဲ့မေးလိုက်တဲ့ အဆိုတော Cobra ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် Cobra ကတော့ “သိချင်တာက ကျောင်းမှာမဟုတ်ပါဘူး ကျောင်းနဲ့မသက်ဆိုင်ပါဘူးလို့ရှင်းလင်းပွဲတွေလုပ်ပြီးခေါင်းရှောင်ခဲ့ပြီး ခုကြတော့အောင်ကြီးလုပ်ပါတယ်ဖြစ်ပြန်ရော ကဲအောင်ကြီးကဘယ်မှာလုပ်တာလဲ? ကျောင်းထဲမှာမဟုတ်ပါဘူးလည်းငြင်းထားတာကရော? မရှင်းတာတွေကအရမ်းများတယ်” ဆိုပြီး သူ မရှင်းတဲ့အကြောင်းအရာလေးတွေကိုရေးပြီး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

သမီးလေး Victoria ရဲ့အမှုကိစ္စကိုတော့ အဆိုတော် Cobra တင်မကပဲ၊ တစ်နိုင်ငံလုံးက အနုပညာရှင်တွေကလည်း အမှန်တရား ပေါ်ပေါက်စေဖို့ တတ်နိုင်တဲ့ ဘက်ကနေ ကူညီနေကြတာ တွေ့ရပါတယ်။

ဘာမှမသိနားမလည်သေးတဲ့ ကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီး တရားခံလွတ်မြောက်နေတာ မဖြစ်သင့်ဘူးမို့ ရန်ကုန်တိုင်းမှာသာမက မြန်မာနိုင်ငံရဲ့နေရာတစ်ချို့မှာ ဆန္ဒပြမှုတွေ အင်တိုက်အားတိုက် ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေလည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ပြည်သူပြည်သားတွေရဲ့ဝန်းရံမှုတွေကြောင့် သမီးလေး Victoria အမှုရဲ့တရားခံကို အမြန်ဆုံး ဖမ်းမိဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Myint Myat
Source;Nay Lin Thinn’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget