တနလာၤသားသမီးမ်ား နှစ်ဝက်စာ မနောမယ ဟောစာကိန်း
တနလာင်္သားသမီးများ နှစ်ဝက်စာ မနောမယ ဟောစာကိန်း
တနင်္လာသားသမီးတို့သည် ယခုနှစ်တွင် မိမိအလိုဆန္ဒများ မပြည်ဝတတ်ပေ ရှေ့ပိုင်းတွင် အဆင်ပြေသလို့ရှိပြီး နောက်ပိုင်းတွင် အခက်ကြုံမည်။ 14-6လပိုင်းမှစ၍ လုပ်ငန်းသစ်များ စတင်ဆောင်ရွက်ရမည်။
တနင်္လာသားသမီးများ ဤနှစ်ထဲ၌ ထီဆုကြီးပေါက်နိုင်၍ အရှေ့မြောက်အရပ်ရှိထီဆိုင်တွင် (၄)ဂဏန်းအစ (၄)ဂဏန်း အဆုံး ကိုရှာထိုးပါ အိမ်၊ ခြံ၊ မြေ အဆောက်အဦးများလည်း ဝင်လာကိန်းရှိသည်။
ဇိမ်ခံပစ္စည်းများ ဝင်မည် အဆိပ်ရှိသော သတ္တဝါများရန်မူခြင်း ခံရတတ်သည် အသက် ၁၁၊ ၁၃၊ ၁၄၊ ၁၆၊ ၁၈၊ ၃၁၊ ၃၆၊ ၃၈၊ ၄၁၊ ၄၃၊ ၄၆၊ ၄၈၊ ၆၁၊ ၆၃နှစ် အထူးကံကောင်းပါလိမ့်မည်။
ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်းရေးနှင့် စီးပွားရေး မိမိလုပ်ငန်းမျာအောင်မြင်ခြင်းနှင့် ပြည်ပအလုပ်အကိုင်များအကျိုးဖြစ်၍ ပြည်တွင်းပြည်ပနိုင်ငံရပ်ခြားဘာသာရပ်များ ဖြေဆိုမှုအောင်မြင်ခြင်း၊ ပြည်တွင်းပြည်ပခရီများ သွားရပါလိမ့်မည်။
အလှူတန်းဒါနများပေးရတတ်သည် မိသာစုအိမ်တွင် စနေ့၊ ကြာသပတေး၊ တနင်္ဂနွေ သားသမီးရတနာများအတွက်ကြောင့် ဂုဏ်သတင်း ကျော်ဇော်မည်။နယ်ဝေးဆွေမျိုးများထံသို့ အလည်အပတ်သွားလာခြင်း၊
အကူညီပေးရခြင်းများရှိမည် ချစ်သူဟောင်း၊ အိမ်ထောင်ဖက်ဟောင်းနှင့် မမျော်လင့်ဘဲပြန်ဆုံ၍ တစ်ဦးပေါ်တစ်ဦး နာလည်းပြန်ရ၍ ပေါင်းသင်းရတတ်သည်။ယခုနှစ်တွင် 1လ,7လ၊ 10လ ပိုင်းများတွင်
မည်သည့်ကိစ္စမဆို ဆာင်ရွက်လျင် အောင်မြင်မှုရရှိမည် လူမှုရေး နှင့် ဘာသာရေးလုပ်ငန်းများတွင် ကိုယ်တိုင်ဦးစီးရခြင်း၊ အများသဘောတူညီမှု့ဖင့် ဦးဆောင်လုပ်ကိုင်ရမည်။
လှုမူဆက်ဆံရေးတွင် လှည့်ပတ်ဖုံးကွယ်မှုကင်းပြီး ကတိတည်လျှင် ဂုဏ်ဒြပ်မြင့် တက်လာမည် မိမိရပ်တန့်ထားသော လုပ်ငန်းကိစ္စများ ပြန်လည် ဆောင်ရွက်ရမည် သို့သော်
လုပ်ငန်းခွင်တွင် အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။1လ,9လ၊ 11တန်ဆောင်မုန်းလများတွင် လုပ်ငန်းခွင်တွင် အထူးသတိပြု ဆောင်ရွက်ပါ လုပ်ငန်းတူသူများ လုပ်ဖေါ်ကိုင်ဖက်များ ရဲ့
သစ္စာဖောက်ခြင်းကြောင့် ငွေကြေးထိခိုက်နစ်နာမှုများကြုံတွေရတတ်၍ သတိထားဆောင်ရွက်ရလိမ့်မည်။
စေ့စေ့စပ်စပ် ငွေစုဆောင်ပြီး လုပ်ကိုင်သွားမည်ဆိုလျှင် ဤနစ်ထဲမှာကြီးပွားလာတတ်သည် အကြံအစည်အားလုံး အောင်မြင်မည် အပင်ပန်းခံရကြိုးနပ်မည် ရာထူးရာခံတိုးမည် ။
အထက်လူကြီးများ၏ အထူးယုံကြည်ခြင်းခံရ၍ မည်သူမှ မလုပ်ချင်သည့် မလုပ်ရဲသည့်၊အလုပ်များကို ယုံယုံကြည်ကြည် လွှဲအပ်ခိုင်းစေခြင်းခံရလိမ့်မည်။1လ,4လ၊ 8လပိုင်းများတွင်
အကောင်း နှင့် အဆိုး ဒွန့်တွဲနေပါလိမ့်မည် စိတ်လောပြီး ငွေအမြောက်အများရင်းနှီး၊ စပ်တူရှယ်ယာထဲ့ခြင်းကို တစ်ထိုင်ထဲ ဆုံးဖြတ်ချက်မချဘဲ အခြေအနေနှင့်အချိန်အခါကို ဆင်ခြင်သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။
သင်လုပ်သမျှတွေဟာ နောက်မှ ပြင်မရသော အမှားလည်းဖြစ်နိုင်သည် အလုပ်အကိုင်၊ အကြံအစည်များ အဆင်မပြေ ဖြစ်နေမည် ငွေကြေးမြောက်များစွာ မြှုပ်နှံ၍ အရှုံးပေါ် တာမျိုးတွေကြုံရတတ်သည်။ိ
ပြည်ပ၌အလုပ်လုပ်သူ နိုင်ငံရပ်ခြားအဖွဲ့အစည်း၌ တာဝန်ထမ်းသူများ ပြဿနာအငြင်းပွားစရာများ ဖြစ်လာတတ်၍ လူမျိုးရေးကိစ္စရပ်များ၊စဉ်းမျည်းစည်းကမ်းဥပဒေပြောင်းလဲခြင်းနှင့် အန္တရာယ်ကြုံ ခြင်း၊
လုပ်ကြံခံရခြင်း၊ အဖမ်းအဆီးခံရခြင်း ဖြစ်တတ်သည်။
စီးပွားရေး
စီးပွားရေး လုပ်ရာတွင် သတိထား၍ လုပ်ကိုင်သင့်သည် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ရင်းနှီးမတည်ရသော လုပ်ငန်းများကို လွန်ကဲစွာမလုပ်သင့်ပါ။ရေလုပ်ငန်း၊ မွေးမြူ.းရေးလုပ်ငန်း၊
အပန်းဖြေစခန်းဖွင့်ခြင်း၊ ပြည်တွင်ပြည်ဆက်သွယ်ရေး လုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူ တာနှင့်တီထွင်ပညာများဆောင်းရွက်ခြင်း၊ ထီး၊ ဖနပ်၊ အထည်အလိပ်ရောင်းဝယ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများဖြန့်ချီ ခြင်းကောင်း၏
အစုရှယ်ယာဝင် စီးပွားရေး စတော့ဈေးကွက်များ ဝယ်ယူနိုင်သည် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ စနေ့ သားသီးများနှင့် အလုပ်အတူတူသွားလာ၊သွားလုပ်ခြင်း၊စပ်တူရှယ်ယာလုပ်ခြင်းများ အကျိုးပေးမည်။
အမျိုးသမီးများအတွက် ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စိလုပ်ငန်းများအကျိုးခံစားရမည် လူမျိုးကွဲ၊ ဘာသာကွဲများ နှင့် လုပ်ငန်းစပ်တူရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုရတတ်သည်။
မနာလိုသူတွေ ပေါများပြီး ချောက်တွန်းချင်းသူများ မိမိဘေးနား ပတ်လည်ဝိုင်း၍ နေလိမ့်ဆိုတာ မိမိအထူးသတိထားပါ။
မိမိသဘောဖြင့် ထင်ရာတစွတ်ထိုးမပြုလုပ်ပဲ အမြဲတစေ ဤနှစ် အကြီးအကဲများကို နှီးနှော တိုင်ပင်လုပ်ကိုင်၍ မိသားစုနှင့်လည်း ညှိနှိုင်း ဆွေးနွေးလုပ်ကိုင်သင့်ပါသည် ငွေကြေးပြတ်လတ် ငွေအခက်အခဲ ကြုံတွေ့ရတတ်သည် ။
မိတ်ဆွေအပေါင်းအသင်းများ သတိထားပါ သူတစ်ပါးအကျိုးတွက် မိမိ၏ဦးတည်ချက်ပြောင်းပြီး ဆောင်ရွက်ခြင်းဖြင့် မိမိရည်မှန်းကိစ္စရပ်များ ကစဥ့်ကလျားဖြစ်သွားတတ်သည် အပျော်အပါး လိုက်စားမှုများရှောင်ကြဉ်ပါ။
အချစ်ရေးအိမ်ထောင်ရေး
�မေတ္တာရေးတွက် နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးလျှင် ပိုအဆင်မည် ပျို ရွယ်သူများအချစ်ရေးတွင် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံခြင်းခံရတတ်သည် အချစ်ရေးတွင် အသုံးချ ခံရတတ်ပြီး
မလိုသူတို့၏ ကုန်းစကားကြောင့် ကံဆိုးတတ်သည်။ အသက် ၁၉ နှစ် မှာ အသက်၃၀နှစ် အတွင်းရှိ စီပွားရေး၊ အချစ်ရေး၊ အိမ်ထောင်းရေး၊ ပညာရေး၊ ကျန်းမာရေး ညံပါလိမ့်မည်။
အိမ်ထောင်ရှင်များသည်လည်း သားသမီး အပူသောက၊ မိဘ၊ ညီအစ်ကိုမောင်နှမ အပူသောက ဤနှစ် ပေါများတတ်ပြီး အိမ်တွင်းရေး အရှုပ်အထွေး ပဋိပက္ခ များတတ်သည့်နှစ်ဖြစ်သည်။
အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများဖြစ်လာလိမ့်မည် သတိထားပါ အိမ်ထောင်ရှင်များ အပျော်အပါးလိုက်စားခြင်းကြောင့် အိမ်ထောင်ရေး ထိခိုက်မည်။
အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်မပြေမှုကြုံရနိုင်သလို လက်တလုံးခြား လှည်းစာသစ္စာဖောက်ခံရခြင်း၊ ငွေသိန်းရာချီ လိမ်ခံရကိန်းရှိလို့ သတိထားသင့်ပါတယ် ။
ပညာရေးတွင် ကြိုးစားအားထုတ်မူကောင်းပြိး နောက်ပိုင်းရည်မှန်ချက်များနှင့်ဝေးကွာရတတ်သည် မိမိစိတ်ကိုတည်ငြိမ်ထားရမည် ပညာရှာဖွေနေသူများသည် အသက်ဝမ်းကြောင်းနှင့်
သက်ဆိုင်ရာပညာရပ်ကို ဦးစားပေးသင်ကြားပါ။ ဥာဏဆိုင်ရာပညာရပ်များ တီထွင်ဆန်းသစ်သောပညာရပ်များ လေ့လာသင်ယူသင့်သည် လူမှုရေးချူပ်ထွေးမှုကြောင့် ပညာရေးနှောင်းနည်းတတ်သည်
ပညာရေးတွင် ဝိရီယစိုက်ထုတ်မှာသာ အကျိုးထူးခံစားရမည်။ ပညာရေးတွင် တခြားလူမှုရေးကိစ္စများပေါ်လာပြိး နှောင်းနှေးမှုများဖြစ်တတ်သည် မိဘအုတ်ထိန်းသူများသည် အဆင့်မြင့်ပညာရေး တန်ဖိုးမြင့်တတ်လာမှုကြောင့် အကြပ်အတည်နှင့် ရင်ဆိုင်ရတတ်သည်။
ကျန်းမာရေးအနေ့နဲ့ ကတော့ �ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကြောင့် သွေးတိုး၊ သွေးကျ၊ နှလုံးနှင့် ဦးနှောက်အားရုံကြောရောဂါ ၊ခန္ဓာကိုယ်နေရာအနှံ့အပြား ကိုက်ခဲခြင်း ။
မီးယပ်ရောဂါသွေးအားနည်းရောဂါများခံစားရတတ်သည် ကြိုတင်ကျန်းမာရေးလိုက်စားပါ အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။
ဆောင်ရွက်စရာကိစ္စ � ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် * ရှင်သီဝလီဂါထာတော် * ရွတ်ဆိုပြိး ခရီးသွားခြင်း နှင့် ။
အဖြူရောင်၊ အဝါရောင် *အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးဆောင်အဖြစ်အသုံးပြုနိုင်သည်။
မိမိလုပ်ငန်းဆောင်တာများပြုလုပ်ရာတွင် အဖြူရောင်ရှိ ပုလဲရတနာ ဝတ်ဆင်ပါ။ ဆောင်ထားပါ အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ (တ၊ ထ၊ န၊ အ) (၁- ၃- ၈- ၆) ။
တနင်္လာသမီးများ ကံကောင်း စေလိုသော်… အရှေမြောက်အရပ်မှာ ဘုရားဆင်းတုတော် တည်ထားကိုးကွယ်ခြင်း၊ ဘုရား စေတီဟောင်းများ မိမိတတ်သမျှ ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းများပြုလုပ်ပါ။
ချယားပင် စိုက်ခြင်း နှင့် အရှေ့အရပ် လမ်းဘေးဝဲယာ၌ လက်ပံပင် စိုက်ပါ ယတြာ � မိမိမွေးနေ့တွင် သရက်ညွန့်၊ သီးညွန့်၊ သဖန်းညွန့်၊ သနပ်ခါးညွန့်(၉)ညွန့်ကို ဘုရားလှူ ပေးပါ။
Credit – manawmaya


