“ေက်ာင္းသူ/သားေတြအတြက္ Lesswalk ရဲ႕ ဒုတိယအၾကိမ္ စက္ဘီးအလွဴ”





“ေက်ာင္းသူ/သားေတြအတြက္ Lesswalk ရဲ႕ ဒုတိယအၾကိမ္ စက္ဘီးအလွဴ”

ဒီေန႔ (1.7.2019) မနက္ ၇ နာရီမွာ ကၽြန္ေတာ္တို့ ရန္ကုန္တိုင္းေဒသႀကီး ၊ ထန္းတပင္ၿမိဳ့နယ္ ၊ နဲသမိန္ေက်းရြာ ၊ အေျခခံပညာအထက္တန္းေက်ာင္း

(နဲသမိန္) သို့ စက္ေလွျဖင့္ စက္ဘီး ၅၂ စီးအျပည့္တင္ေဆာင္ကာ ထြက္ခြာခဲ့ပါတယ္။ ဒီရြာကေလးက

ရန္ကုန္တိုင္းေဒသႀကီးရဲ့အျပင္ဘက္ တဖက္ကဧရာ၀တီတိုင္းေဒသႀကီးရဲ့ျမစ္နားမွာ တည္ရွိပါတယ္။ မိုးရာသီလည္းျဖစ္သည့္အေလ်ာက္

ေက်ာင္းနဲ႔ရြာကို သြားနိုင္တဲ့နည္းကေတာ့ စက္ေလွအျပင္ တျခားနည္းလမ္းမရွိပါဘူး။



ဒီရြာကေလးမွာ လၽွပ္စစ္မီးမရွိသလို ၿပီးေတာ့ ဒီၿမိဳ့နယ္မွာ အလယ္တန္း၊ အထက္တန္းေက်ာင္းတစ္ေက်ာင္းသာရွိပါတယ္။ ဒါေၾကာင့္မို့

ေက်ာင္းသူ/သားေတြဟာ ဘယ္ေလာက္ပဲေဝးေဝးမွာေနေန ဒီေက်ာင္းတစ္ေက်ာင္းသာ လာေရာက္ၾကရပါတယ္။

စက္ေလွေပၚ စက္ဘီးေတြတင္ၿပီးတဲ့ေနာက္မွေတာ့ ကၽြန္ေတာ္တို့ ကုန္ေလွာင္႐ုံကေန မနက္ ၈နာရီခြဲမွာစတင္ထြက္ခြာခဲ့ပါတယ္။ ပုံမွန္ဆို

စက္ေလွနဲ႔ ၂နာရီခြဲသာစီးရမယ့္ေရေၾကာင္းလမ္းျဖစ္ေပမယ့္ ရန္ကုန္ျမစ္ေရစီးေၾကာင္းသန္တာေၾကာင့္ ေက်ာင္းကိုေရာက္ဖို့ ၄နာရီနီးပါး

ၾကာခဲ့ပါတယ္။ ဒီေက်ာင္းကိုေရာက္ဖို့ ကၽြန္ေတာ္တို့စက္ေလွဟာ ေရစီးေၾကာင္းနဲ႔ေလအားသန္တဲ့ ေရေၾကာမွာ အေရာက္သြားနိုင္ဖို့

ႀကိဳးစားျဖတ္ေနရပါတယ္။



ေက်ာင္းက ျမစ္တစ္ဖက္ကမ္းမွာရွိၿပီး ကၽြန္ေတာ္တို့စက္ေလွဟာ ေန႔လည္ ၁၂နာရီခြဲေလာက္ ေရာက္သြားခဲ့ပါတယ္။

ဒီလိုအခက္အခဲေတြရွိေပမဲ့လည္း ကၽြန္ေတာ္တို့ကို ဆိပ္ခံတံတားမွာေစာင့္ၿပီး ႀကိဳေနၾကမယ့္ ဆရာ/မေတြ ေက်ာင္းသူ/သားေတြကို

ေတြ႕ရဖို့ အလြန္ပဲစိတ္လွုပ္ရွားမိပါတယ္။ဒီေက်ာင္းေလးမွာ ေက်ာင္းသားအေရအတြက္ ၈၉၂ေယာက္ရွိၿပီး ေက်ာင္းအုပ္ဆရာမႀကီးက

ေက်ာင္းသူ/သား ၅၂ေယာက္ကို ကူညီေရြးခ်ယ္ၿပီးေပးအပ္သြားမွာပါ။

အေရြးခံရတဲ့ ေက်ာင္းသား ၅၂ေယာက္ဟာ ေက်ာင္းကေန ၂မိုင္နဲ႔ ၅မိုင္မွာေလာက္မွာ ေနထိုင္တဲ့သူေတြပဲျဖစ္ပါတယ္။

ေက်ာင္းသားအမ်ားစုဟာ သြားလာရတဲ့ခရီးေဝးေၾကာင့္ ေက်ာင္းထြက္ၾကတာလည္းရွိေနပါတယ္။

အေျခခံအေဆာက္အဦးေတြအားနည္းျခင္းေၾကာင့္ ေက်ာင္းေတြနဲ႔ရြာေတြမွာ လၽွပ္စစ္မီးမရၾကသလို သြားလာေရးအတြက္လည္း

ေရြးစရာကသိပ့္မရွိၾကပါဘူး။



ကၽြန္ေတာ္တို့ စက္ဘီးေလးေတြက ဒီကေလးေတြအတြက္ အျပဳံးပန္း ၊ ေပ်ာ္ရႊင္မွုေနာက္ၿပီး ေမၽွာ္လင့္ခ်က္ေတြ ေပးနိုင္မယ္လို့ ေမၽွာ္လင့္မိပါတယ္။ ျမန္မာျပည္ကို ခ်စ္ပါတယ္။

Credit: Ba Min

Unicode

“ကျောင်းသူ/သားတွေအတွက် Lesswalk ရဲ့ ဒုတိယအကြိမ် စက်ဘီးအလှူ”

ဒီနေ့ (1.7.2019) မနက် ၇ နာရီမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့နယ် ၊ နဲသမိန်ကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်း

(နဲသမိန်) သို့ စက်လှေဖြင့် စက်ဘီး ၅၂ စီးအပြည့်တင်ဆောင်ကာ ထွက်ခွာခဲ့ပါတယ်။ ဒီရွာကလေးက ရန်ကုန်တိုင်းဒေသကြီးရဲ့အပြင်ဘက် တဖက်က

ဧရာဝတီတိုင်းဒေသကြီးရဲ့မြစ်နားမှာ တည်ရှိပါတယ်။ မိုးရာသီလည်းဖြစ်သည့်အလျောက် ကျောင်းနဲ့ရွာကို သွားနိုင်တဲ့နည်းကတော့ စက်လှေအပြင် တခြားနည်းလမ်းမရှိပါဘူး။

ဒီရွာကလေးမှာ လျှပ်စစ်မီးမရှိသလို ပြီးတော့ ဒီမြို့နယ်မှာ အလယ်တန်း၊ အထက်တန်းကျောင်းတစ်ကျောင်းသာရှိပါတယ်။ ဒါကြောင့်မို့ ကျောင်းသူ/သားတွေဟာ ဘယ်လောက်ပဲ

ဝေးဝေးမှာနေနေ ဒီကျောင်းတစ်ကျောင်းသာ လာရောက်ကြရပါတယ်။

စက်လှေပေါ် စက်ဘီးတွေတင်ပြီးတဲ့နောက်မှတော့ ကျွန်တော်တို့ ကုန်လှောင်ရုံကနေ မနက် ၈နာရီခွဲမှာစတင်ထွက်ခွာခဲ့ပါတယ်။ ပုံမှန်ဆို စက်လှေနဲ့ ၂နာရီခွဲသာ

စီးရမယ့်ရေကြောင်းလမ်းဖြစ်ပေမယ့် ရန်ကုန်မြစ်ရေစီးကြောင်းသန်တာကြောင့် ကျောင်းကိုရောက်ဖို့ ၄နာရီနီးပါး ကြာခဲ့ပါတယ်။ ဒီကျောင်းကိုရောက်ဖို့ ကျွန်တော်တို့

စက်လှေဟာ ရေစီးကြောင်းနဲ့လေအားသန်တဲ့ ရေကြောမှာ အရောက်သွားနိုင်ဖို့ ကြိုးစားဖြတ်နေရပါတယ်။

ကျောင်းက မြစ်တစ်ဖက်ကမ်းမှာရှိပြီး ကျွန်တော်တို့စက်လှေဟာ နေ့လည် ၁၂နာရီခွဲလောက် ရောက်သွားခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေရှိပေမဲ့လည်း ကျွန်တော်တို့ကို

ဆိပ်ခံတံတားမှာစောင့်ပြီး ကြိုနေကြမယ့် ဆရာ/မတွေ ကျောင်းသူ/သားတွေကို တွေ့ရဖို့ အလွန်ပဲစိတ်လှုပ်ရှားမိပါတယ်။

ဒီကျောင်းလေးမှာ ကျောင်းသားအရေအတွက် ၈၉၂ယောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းသူ/သား ၅၂ယောက်ကို ကူညီရွေးချယ်ပြီးပေးအပ်သွားမှာပါ။

အရွေးခံရတဲ့ ကျောင်းသား ၅၂ယောက်ဟာ ကျောင်းကနေ ၂မိုင်နဲ့ ၅မိုင်မှာလောက်မှာ နေထိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ကျောင်းသားအများစုဟာ သွားလာရတဲ့ခရီးဝေးကြောင့် ကျောင်းထွက်ကြတာလည်းရှိနေပါတယ်။

အခြေခံအဆောက်အဦးတွေအားနည်းခြင်းကြောင့် ကျောင်းတွေနဲ့ရွာတွေမှာ လျှပ်စစ်မီးမရကြသလို သွားလာရေးအတွက်လည်း ရွေးစရာကသိပ့်မရှိကြပါဘူး။

ကျွန်တော်တို့ စက်ဘီးလေးတွေက ဒီကလေးတွေအတွက် အပြုံးပန်း ၊ ပျော်ရွှင်မှုနောက်ပြီး မျှော်လင့်ချက်တွေ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်ကို ချစ်ပါတယ်။

Credit: Ba Min

Recent Updates

Recent Posts Widget