“အေမကို ျပန္သတ္တဲ႔သား”
ဇူလုိင္ ၈ ရက္ေန႔ ည ၉ နာရီ အခ်ိန္ခန္႔တြင္ ဒဂုံၿမိဳ႕သစ္ေျမာက္ပုိင္းၿမိဳ႕နယ္ေန မရႊန္းလဲ့လဲ့ေထြး ေနအိမ္တြင္ရွိေနစဥ္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၆၀ ရပ္ကြက္ေန မိခင္ျဖစ္သူ ေဒၚေထြးၾကည္ (၆၄ ႏွစ္)အား အစ္ကုိျဖစ္သူ စုိင္းၾကည္ျမင့္(၃၄ ႏွစ္)က ေခါင္းအုံးျဖင့္ ဖိသတ္လုိက္ေၾကာင္း မိခင္၏ အိမ္နီးခ်င္း ေနထုိင္ သူမိတ္ေဆြက အေၾကာင္းၾကားသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့သည္။
မိခင္မွာ ေနအိမ္ေရွ႕ခန္းအိပ္ရာအတြင္း ၀ဲပါး၊ ၀ဲနား၊ညိဳမဲဒဏ္ရာ ႏွာေခါင္းေသြးထြက္ဒဏ္ရာမ်ား ရရွိေသဆုံးေနသည္ကုိ ေတြ႔ရွိခဲ့သည္။
အစ္ကုိျဖစ္သူ စုိင္းၾကည္ျမင့္မွာ အလုပ္လုပ္ကုိင္ျခင္းမရွိဘဲ အရက္ ေသစာ ေသာက္စားမူးယစ္သျဖင့္ မိခင္ျဖစ္သူက တစ္ဗ်စ္ေတာက္ေတာက္ ေျပာဆုိေနသျဖင့္ နားညဥ္းသျဖင့္ ျပန္လည္ေျပာဆုိခဲ့ၿပီး မႈိ႔ေခါင္းအုံးျဖင့္ အေပၚမွဖိရာက ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အေလာင္းကုိ သက္ဆုိင္ရာက သဃၤန္းကၽြန္းစံျပေဆးရုံႀကီးသုိ႔ ပုိ႔အပ္ရာ ပီအာရ္ ၇၄ ျဖင့္ လက္ခံထားၿပီး ဒဂုံဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ (ပ)၁၁၅၇/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ အေရးယူထားသည္။
Credit: Aung Kyaw Oo
Unicode Version
ဇူလိုင် ၈ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ မရွှန်းလဲ့လဲ့ထွေး နေအိမ်တွင်ရှိနေစဉ် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်နေ မိခင်ဖြစ်သူ ဒေါ်ထွေးကြည် (၆၄ နှစ်)အား အစ်ကိုဖြစ်သူ စိုင်းကြည်မြင့်(၃၄ နှစ်)က ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း မိခင်၏ အိမ်နီးချင်း နေထိုင် သူမိတ်ဆွေက အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
မိခင်မှာ နေအိမ်ရှေ့ခန်းအိပ်ရာအတွင်း ဝဲပါး၊ ဝဲနား၊ညိုမဲဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
အစ်ကိုဖြစ်သူ စိုင်းကြည်မြင့်မှာ အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ အရက် သေစာ သောက်စားမူးယစ်သဖြင့် မိခင်ဖြစ်သူက တစ်ဗျစ်တောက်တောက် ပြောဆိုနေသဖြင့် နားညဉ်းသဖြင့် ပြန်လည်ပြောဆိုခဲ့ပြီး မှို့ခေါင်းအုံးဖြင့် အပေါ်မှဖိရာက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလောင်းကို သက်ဆိုင်ရာက သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၇၄ ဖြင့် လက်ခံထားပြီး ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ (ပ)၁၁၅၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။
Credit: Aung Kyaw Oo



