ကယ္လီဖိုးနီးယား၌ ႏွစ္ ၂၀ အတြင္းအျပင္းထန္ဆုံးငလ်င္လႈပ္
ကယ္လီဖိုးနီးယား၌ ႏွစ္ ၂၀ အတြင္းအျပင္းထန္ဆုံးငလ်င္လႈပ္
ငလ်င္ေၾကာင့္ ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ၿပီး မီးေလာင္သည္ကို ၿငိမ္းသတ္ခဲ့စဥ္ -ေအပီ
ကယ္လီဖိုးနီးယားေတာင္ပိုင္း၌ အေမရိကန္လြတ္လပ္ေရးေန႔ ဇူလိုင္ ၄ ရက္က ျပင္းအား ၆ ဒသမ ၄ အဆင့္ရွိ ငလ်င္ႀကီးတစ္ခု လႈပ္ခတ္ခဲ့ၿပီး ေဒသတြင္း ႏွစ္ ၂၀ အတြင္း အျပင္းထန္ဆုံးငလ်င္ျဖစ္ခဲ့သည္။
နီဗားဒါးျပည္နယ္အစိတ္အပိုင္းအခ်ိဳ႕ကိုပါ ႐ိုက္ခတ္ခဲ့သည့္ ယင္းငလ်င္ေၾကာင့္ ကယ္လီဖိုးနီးယားမွ လူဦးေရ ၂၈၀၀၀ ရွိ ရစ္ဂ်္ခရက္ၿမိဳ႕တြင္ အိမ္ႏွစ္လုံးမီးေလာင္ကာ အျခားအပ်က္အစီးမ်ားလည္း ျဖစ္ေပၚခဲ့သည္။
ၿမိဳ႕၏ေဆး႐ုံမွ လူနာ ၁၅ ဦးကို အေရးေပၚေ႐ႊ႕ေျပာင္းေပးခဲ့ရသည္။
ငလ်င္သည္ ေလာ့စ္အိန္ဂ်ယ္လိစ္ အေရွ႕ေျမာက္ဘက္ မိုင္ ၁၅၀(ကီလိုမီတာ ၂၄၀)အကြာ ရစ္ဂ်္ခရက္ၿမိဳ႕အနီးကို ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။ လမ္းပ်က္စီးမႈမ်ား၊ ဓာတ္ေငြ႕ပိုက္လိုင္းယိုစိမ့္မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ ပိုက္လိုင္းမ်ားကို အျမန္ဆုံးျပန္လည္ျပဳျပင္ေနၿပီျဖစ္ေၾကာင္း ေဒသခံမီးသတ္အႀကီးအကဲက ေျပာသည္။
ဘိုးဘြားရိပ္သာတြင္ လြတ္လပ္ေရးေန႔အခမ္းအနားက်င္းပစဥ္ ငလ်င္လႈပ္ခဲ့၍ သိသာစြာယိမ္းထိုးခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရမႈ မရွိခဲ့ဆိုသည္။ ျပင္းအား ၄ ဒသမ ၅ အဆင့္ရွိ ေနာက္ဆက္တြဲငလ်င္အမ်ားအျပားလည္း ထပ္မံ လႈပ္ခတ္ခဲ့သည္။ ကန္းေက်းလက္၌ အေရးေပၚ အေျခအေနေၾကညာခဲ့ၿပီး ျပည္နယ္မွအကူအညီေတာင္းခံထားသည္။ သတင္းၾကားသိခဲ့ရၿပီး အေျခအေနကို ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္ခဲ့ပုံရေၾကာင္း သမၼတထရမ့္က တြစ္တာ၌ေဖာ္ျပခဲ့သည္။
ယခုငလ်င္သည္ ကယ္လီဖိုးနီးယား၌ ၁၉၉၉ ခုႏွစ္က ျပင္းအား ၇ ဒသမ ၁ ရွိ ငလ်င္ေနာက္ အျပင္းထန္ဆုံးငလ်င္ ျဖစ္သည္။
Credit to Myanmar Times
ကယ်လီဖိုးနီးယား၌ နှစ် ၂၀ အတွင်းအပြင်းထန်ဆုံးငလျင်လှုပ်
ငလျင်ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်သည်ကို ငြိမ်းသတ်ခဲ့စဉ် -အေပီ
ကယ်လီဖိုးနီးယားတောင်ပိုင်း၌ အမေရိကန်လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသတွင်း နှစ် ၂၀ အတွင်း အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်။
နီဗားဒါးပြည်နယ်အစိတ်အပိုင်းအချို့ကိုပါ ရိုက်ခတ်ခဲ့သည့် ယင်းငလျင်ကြောင့် ကယ်လီဖိုးနီးယားမှ လူဦးရေ ၂၈၀၀၀ ရှိ ရစ်ဂျ်ခရက်မြို့တွင် အိမ်နှစ်လုံးမီးလောင်ကာ အခြားအပျက်အစီးများလည်း ဖြစ်ပေါ်ခဲ့သည်။
မြို့၏ဆေးရုံမှ လူနာ ၁၅ ဦးကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်။
ငလျင်သည် လော့စ်အိန်ဂျယ်လိစ် အရှေ့မြောက်ဘက် မိုင် ၁၅၀(ကီလိုမီတာ ၂၄၀)အကွာ ရစ်ဂျ်ခရက်မြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ လမ်းပျက်စီးမှုများ၊ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပိုက်လိုင်းများကို အမြန်ဆုံးပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း ဒေသခံမီးသတ်အကြီးအကဲက ပြောသည်။
ဘိုးဘွားရိပ်သာတွင် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပစဉ် ငလျင်လှုပ်ခဲ့၍ သိသာစွာယိမ်းထိုးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဆိုသည်။ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင်အများအပြားလည်း ထပ်မံ လှုပ်ခတ်ခဲ့သည်။ ကန်းကျေးလက်၌ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ပြည်နယ်မှအကူအညီတောင်းခံထားသည်။ သတင်းကြားသိခဲ့ရပြီး အခြေအနေကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပုံရကြောင်း သမ္မတထရမ့်က တွစ်တာ၌ဖော်ပြခဲ့သည်။
ယခုငလျင်သည် ကယ်လီဖိုးနီးယား၌ ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်နောက် အပြင်းထန်ဆုံးငလျင် ဖြစ်သည်။
Credit to Myanmar Times


