ကြားနေရတဲ့သတင်းဆိုးတွေနဲ့ပတ်သက်ပြီး တိုင်းပြည်ကြီးလုံခြုံမှုမရှိသလိုပဲလို့ပြောလာတဲ့ နိုင်းနိုင်း





နိုင်ငံကျော် သရုပ်ဆောင် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ပြောပြစရာမလိုလောက်အောင် ပီပြင်တဲ့အနုပညာပြကွက်တွေကို ချပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းနေထိုင်ခဲ့တာကြောင့်ပါ အများရဲ့ လေးစားအားကျမှုတွေကို အပြည့်အဝရရှိထားတဲ့ သူကတော့ လတ်တလော ပြည်သူတွေကြုံတွေ့နေရတဲ့ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ကိုယ့်မိသားစုကိုယ် သေချာစောင့်ရှောက်ကြဖို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။



လတ်တလော ပြည်သူတွေကြား အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုအားကိုးရမှန်းမသိဖြစ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့မိသားစုတွေကို သေချာစောင့်ရှောက်ကြဖို့ပြောပြလာတဲ့ နိုင်းနိုင်းရဲ့ စာသားတစ်ချို့ကို မိုမိုလေးချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်းနိုင်းကတော့ ” အခုတစ်လော ကြားရတဲ့သတင်းတွေ ရင်ထဲကိုဆို့ပြီးတစ်ကယ်ခံစားရပါတယ်။ ကျွန်တော်တို့တိုင်းပြည် လုံခြုံမှုမရှိသလိုပါပဲ…ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် မသမာမှု ဒုစရိုက်ဆိုတာရှိကြစမြဲပါ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုဘဝ လုံခြုံမှုအတွက် အကာအကွယ်ပေးဖို့ ရဲဝန်ထမ်းတွေရှိကြပါတယ်။ ”


” တစ်ခုခုဖြစ်ပြီဆို ဘယ်သူ့ ကိုတိုင်တန်းပြီး၊ ဘယ်သူ့ကိုအားကိုးရမလဲဆိုတာ မသိတော့အောင်ကိုဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်ပြောချင်တာက အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ကလေးများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြပါစို့..” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေဆဲဖြစ်ပြီး မကြာသေးခင်ကမှရုံတင်ပြသပေးသွားပြီး သူပါဝင်ထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကြား အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ဘယ်သူ့အားကိုမှမကိုးတော့ဘဲ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့ပြောလာခဲ့တဲ့ နိုင်းနိုင်းရဲ့ စာသားလေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit  \\   original

Recent Updates

Recent Posts Widget