ပရိသတ်တွေ ထင်ထားတာထက် ပိုကြမ်းတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို
ပရိသတ်တွေကြားမှာ တော်တော်လေးအောင်မြင်ခဲ့တဲ့ “ည” ရုပ်ရှင်ကို ဖန်တီးထားတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ နမူနာဗီဒီယို မထွက်လာခင်မှာပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ချပြလိုက်တာ တွေ့ရပါတယ်။ ပရိသတ်တွေ မမြင်နိုင်တဲ့ ဇာတ်လမ်းရဲ့မြုပ်ကွက်တွေနဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လောက်တောင် ကြည့်လို့ကောင်းမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလှပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် နမူနာကြည့်ရုံနဲ့တင် သွေးပျက်ဖွယ်ကောင်းလှတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
“သူစိမ်းအိမ်” ရုပ်ရှင်ကားကြီးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေးတို့အပြင် အသစ်တွေဖြစ်ကြတဲ့ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင့်ထူး၊ ကူးကူးဇင်အောင်နဲ့ မြတ်နိုးအေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့လည်း သိရပါတယ်။
ပရိသတ်တွေ ထင်ထားတာထက် ပိုကြမ်းနေတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို
ဇာတ်ကားကို စတင်မရိုက်ခင်ကတည်းက Rehearsal အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်လုံးကိုခေါ်ပြီး အိမ်ထဲမှာ သေချာလေ့ကျင့် ပြင်ဆင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်မြင်မှုတွေရရှိဦးမှာ မလွဲမသွေပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် အားပေကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original





