Credit \\ original
Unicode
Wisdom Hill မူကြိုကျောင်း သက်ငယ်မုဒိန်းမှုရဲ့ အဓိကသက်သေ ဆရာမနှင်းနု ပျောက်ဆုံးနေ …..
Wisdom hill ကလေးမူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိန်းမှုရဲ့ အဓိက မျက်မြင်သက်သေဟု ယူဆဏသော ဆရာမလေး နှင်းနု ပျောက်ဆုံးနေတယ်လို့ tomorrow သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
အဆိုပါ နှင်းနုဆိုတဲ့ ဆရာမနဲ့ ဂျူလိုင်လ ၆ရက်နေ့က BBC သတင်းဌာနနဲ့ တိုက်ရိုက် အင်တာဗျူးထုတ်လွှင့် အပြီးမှာ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။
၆ ရက်နေ့မှာ တိုက်ရိုက်အင်တာဗျူး ရတယ်ဆိုတာ သိရတာနဲ့ ကျနော်တို့ သတင်းမီဒီယာတွေ အင်တာဗျူးဖို့ သွားရောက် စောင်းဆိုင်းခဲ့ကြတာပါ။
နေ့လည် ၁၂နာရီကနေ ညနေ ၃နာရီအထိ wisdom hill ကျောင်းရဲ့ ဝင်ပေါက်ကနေ စောင့်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် တွေ့ခွင့်မရသလို အရိပ်အယောင်မျှ မတွေ့ခဲ့တာကြောင့် ဆရာမ နှင်းနုအိမ်ကို ၇ ရက်နေ့မှာ သွားရောက် ကြပါတယ်။
အိမ်မှာလည်း မတွေ့ခဲ့ရပါဘူး ကျောင်းမှာလည်း မတွေ့ခဲ့ရပါဘူး။
ဒါကြောင့် ဆရာမလေး ပျောက်ဆုံးနေသလားဆိုတာ သံသယ ဖြစ်ဖွယ် အခြေအနေ ဖြစ်နေပါတယ်။သတင်းရရင် ကျနော်တို့ကို ဆက်သွယ်ပေးပါ လို့ သတင်းမီဒီယာ တွေက ပြောကြားပါတယ်။
Wisdom Hill မူကြိုကျောင်း သက်ငယ်မုဒိန်းမှုရဲ့ အဓိကသက်သေ ဆရာမနှင်းနု ပျောက်ဆုံးနေ …..
ပရိတ်သတ်ကြီးကရော ဘယ်လိုထင်လဲဗျ။
Credit \\ original


