ဖိနပ္ေလးတစ္ရံေၾကာင့္ သူ ့ဘဝကိုၾကီးၾကီးမားမား… ေျပာင္းလဲေစခဲ့တယ္ဆိုတဲ့… ျမန္မာလက္ေရြးစင္ ေက်ာ္ဇင္လြင္





ျမန္ မာ လက္ေရြးစင္ ေနာက္ခံကစားသမား ေက်ာ္ဇင္လြင္ (၂၈) ၾကိမ္ေျမာက္ အေရွ ့ေတာင္အာရွ ဆီးဂိမ္း အားကစားျပိဳင္ပြဲ မွာ ျမန္မာ ယူ-၂၃ နဲ့အတူ နာမည္ေက်ာ္ၾကားလာတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး သူဟာ ေဘာလံုးသမား တစ္ေယာက္ျဖစ္လာဖို့အတြက္ ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရပါတယ္။ ေဘာလံုးေကာက္ ဘဝကေန ျမန္မာလက္ေရြးစင္ ကစားသမားျဖစ္ဖို့အတြက္ မေလွ်ာ့ေသာ ဇြဲလံုလ ၊ ခုိင္မာေသာ စိတ္ဓါတ္၊ သည္းခံျခင္း နွင့္ ၾကိဳးစားအားထုတ္မွဳေတြေၾကာင့္ ျမန္မာေဘာလံုး ဇာတ္ခံုမွာ ေက်ာ္ဇင္လြင္ ဆိုၿပီးေတာ့ ျဖစ္လာခဲ့ပါတယ္။



ေက်ာ္ ဇင္ လြင္ဟာ သူဘဝမွာ ပေရာ္ဖက္ရွင္နယ္ေဘာလံုးကစားသမားျဖစ္ဖို့အတြက္ သူငယ္ငယ္တုန္းက ေဘာလံုးကန္ ဖိနပ္တစ္ရံ အတြက္နဲ့ ျပစ္ျပစ္ခါခါ အေျပာခံရဖူးေၾကာင္းကို သူရ ဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ရင္ဖြင့္ခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ စိတ္မဆိုးခဲ့ဘဲ အဲ့စကား တစ္ခြန္းေၾကာင့္ပဲ ခြန္အားေတြျဖစ္ခဲ့ၿပီး ျမန္မာလက္ေရြးစင္ ကစားသမားတစ္ေယာက္အျဖစ္နဲ့ေတာင္ ျမက္ခင္းစိမ္းေပၚမွာ ေျခခ်နိုင္ခဲ့ပါတယ္။



သူ ငယ္ ငယ္ က ေဘာကန္ဖိနပ္ေလးတစ္ရံေၾကာင့္ သူအစ္မ၏ အဆူခံခဲ့ရၿပီး အဲ့စကားကပဲ သူကိုတြန္းအားျဖစ္ေစခဲ့တာနဲ့ ပါက္သတ္ၿပီး “ ငယ္ငယ္ကၽြန္ေတာ္အိမ္မွန္ေဘာင္ထဲမွာ ကၽြန္ေတာ္အစ္ကိုရဲ႕ တန္ဖိုးႀကီးတဲ့ဖိနပ္ေလးကိုအေမကသိမ္းထားတယ္။ ကၽြန္ေတာ္ကကေလးဆိုေတာ့ အဲ့ဒီဖိနပ္ေလးကို ခနယူစီးမိတယ္။ ကၽြန္ေတာ္စီးေနတဲ့အခ်ိန္မွာကၽြန္ေတာ္အစ္မကျမင္ေတာ့ ဟဲ့ နင္နဲ႔ အဲ့ဒီဖိနပ္နဲ႔တန္လို႔လား လို႔အစ္မကေျပာခဲ့တယ္။ကၽြန္ေတာ္အစ္မကို ကၽြန္ေတာ္စိတ္မဆိုးဘူး ။



အ စ္ မေျပာလိုက္တဲ့ စကားတခြန္းက ကၽြန္ေတာ္ကို ခြန္းအားျဖစ္ေစခဲ့တယ္။ တစ္ေန႔ ကၽြန္ေတာ္လည္း အဲ့လိုအေကာင္းစားဖိနပ္စီးရေအာင္ ႀကိဳးစားမယ္လို႔ဆံုးျဖတ္ခဲ့တယ္။ တစ္ခါတစ္ေလမွာ စကားတခြန္းက ကို႔အတြက္ခြန္အား ျဖစ္ေစတယ္” ေဖ့စ္ဘုတ္ ေပၚမွာ ရင္ဖြင့္ခဲ့ပါတယ္။

ေက်ာ္ ဇင္ လြင္ ဟ ာ ယခုအခ်ိန္မွာ ဧရာဝတီ ယူနိုက္အသင္း၏ ေနာက္ခံကစားသမား တစ္ဦးျဖစ္ၿပီး ၂၈ ၾကိမ္ေျမာက္ အေရွ ့ေတာင္အာရွ ဆီးဂိမ္း အားကစားျပိဳင္ပြဲ မွာ ေငြတံဆိပ္ဆုရ ျမန္မာ ယူ-၂၃ နဲ့အတူ နာမည္ေက်ာ္ၾကားလာတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

CRD-popolay

Unicode Version
မြန် မာ လက်ရွေးစင် နောက်ခံကစားသမား ကျော်ဇင်လွင် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲ မှာ မြန်မာ ယူ-၂၃ နဲ့အတူ နာမည်ကျော်ကြားလာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူဟာ ဘောလုံးသမား တစ်ယောက်ဖြစ်လာဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဘောလုံးကောက် ဘဝကနေ မြန်မာလက်ရွေးစင် ကစားသမားဖြစ်ဖို့အတွက် မလျှော့သော ဇွဲလုံလ ၊ ခိုင်မာသော စိတ်ဓါတ်၊ သည်းခံခြင်း နှင့် ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာဘောလုံး ဇာတ်ခုံမှာ ကျော်ဇင်လွင် ဆိုပြီးတော့ ဖြစ်လာခဲ့ပါတယ်။
ကျော် ဇင် လွင်ဟာ သူဘဝမှာ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဖြစ်ဖို့အတွက် သူငယ်ငယ်တုန်းက ဘောလုံးကန် ဖိနပ်တစ်ရံ အတွက်နဲ့ ပြစ်ပြစ်ခါခါ အပြောခံရဖူးကြောင်းကို သူရ ဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ စိတ်မဆိုးခဲ့ဘဲ အဲ့စကား တစ်ခွန်းကြောင့်ပဲ ခွန်အားတွေဖြစ်ခဲ့ပြီး မြန်မာလက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ်နဲ့တောင် မြက်ခင်းစိမ်းပေါ်မှာ ခြေချနိုင်ခဲ့ပါတယ်။
သူ ငယ် ငယ် က ဘောကန်ဖိနပ်လေးတစ်ရံကြောင့် သူအစ်မ၏ အဆူခံခဲ့ရပြီး အဲ့စကားကပဲ သူကိုတွန်းအားဖြစ်စေခဲ့တာနဲ့ ပါက်သတ်ပြီး “ ငယ်ငယ်ကျွန်တော်အိမ်မှန်ဘောင်ထဲမှာ ကျွန်တော်အစ်ကိုရဲ့ တန်ဖိုးကြီးတဲ့ဖိနပ်လေးကိုအမေကသိမ်းထားတယ်။ ကျွန်တော်ကကလေးဆိုတော့ အဲ့ဒီဖိနပ်လေးကို ခနယူစီးမိတယ်။ ကျွန်တော်စီးနေတဲ့အချိန်မှာကျွန်တော်အစ်မကမြင်တော့ ဟဲ့ နင်နဲ့ အဲ့ဒီဖိနပ်နဲ့တန်လို့လား လို့အစ်မကပြောခဲ့တယ်။ကျွန်တော်အစ်မကို ကျွန်တော်စိတ်မဆိုးဘူး ။
အ စ် မပြောလိုက်တဲ့ စကားတခွန်းက ကျွန်တော်ကို ခွန်းအားဖြစ်စေခဲ့တယ်။ တစ်နေ့ ကျွန်တော်လည်း အဲ့လိုအကောင်းစားဖိနပ်စီးရအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ တစ်ခါတစ်လေမှာ စကားတခွန်းက ကို့အတွက်ခွန်အား ဖြစ်စေတယ်” ဖေ့စ်ဘုတ် ပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။

ကျော် ဇင် လွင် ဟ ာ ယခုအချိန်မှာ ဧရာဝတီ ယူနိုက်အသင်း၏ နောက်ခံကစားသမား တစ်ဦးဖြစ်ပြီး ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲ မှာ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ နဲ့အတူ နာမည်ကျော်ကြားလာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

CRD-popolay

Recent Updates

Recent Posts Widget