“လ်ပ္စစ္မီးမလို ဆိုလာမလို အင္ဂ်င္မလို သူ႔အလိုလိုေရတင္တဲ့နည္း”





ေရတြင္း ေရကန္ကေရကိုခပ္စရာမလို စုပ္ယူစရာစက္ပစၥည္းမလိုဘဲ သဘာဝနည္းနဲ႔ သံုးေရရယူ စိုက္ခင္းေရျဖန္း ၂၄ နာရီေရတက္ေနတဲ့နည္းလမ္းေလးျဖစ္ပါတယ္၊၊



ရိပ္သာထဲရွိ စိမ့္ေရတြင္းထဲကေရကို လုမၸနီဥယ်ာဥ္စိုက္ခင္းအတြက္ အလိုအေလ်ာက္ေရတင္ႏိုင္ေအာင္ စမ္းသပ္ရန္Youtube မွေလ့လာရွာေဖြထားတာပါ၊၊ နည္းပညာကို အားလံုးစမ္းသပ္အသံုးျပဳႏိုင္ၾကေစဖို႔ မၽွေဝလိုက္ပါတယ္၊၊

ေလလံုတဲ့သံတိုင္ကီရယ္၊ ပလပ္စတစ္ေရပိုက္နဲ႔ ပိုက္ဆက္ပစၥည္း ေရဘားေတြရယ္၊ ေရစင္ ဒီေလာက္ပဲလိုပါတယ္၊၊



ပံုမွာျပထားတဲ့အတိုင္း ဥာဏ္ရွိသလိုတပ္ဆင္ႏိုင္ပါတယ္၊၊အေရးႀကီးတာက ေရကန္ကလာတဲ့အဝင္ပိုက္ကအလံုးေသးၿပီး အေပၚဖက္ကတပ္ရပါမယ္၊၊



ေရထြက္ပိုက္က နည္းနည္းလံုးပတ္ႀကီးၿပီး တိုင္ကီေအာက္ဖက္ကထြက္ရမယ္၊၊

တပ္ဆင္ၿပီးရင္တိုင္ကီထဲေရျပည့္ေအာင္ထည့္ပါ၊ ေအာက္ကပိုက္ထဲလည္းေရျပည့္ေနပါေစ၊ ေရဘားနဲ႔ထိန္းထားပါ၊



ေရကန္ထဲခ်ထားတဲ့ေရပိုက္နဲ႔ တိုင္ကီထဲေရျပည့္ေအာင္ေရခ်ဴဘားကေနေရျဖည့္ပါ၊၊

ကန္ထဲကပိုက္အဖ်ားမွာ ေရထိန္းေအာင္ဘီလူးေခါင္းတပ္ထားပါ၊၊



တိုင္ကီေအာက္ဖက္က ေရပိုက္ဘားဖြင့္လိုက္ရင္ တိုင္ကီထဲကေရပမာဏဖိအားေၾကာင့္ ကန္ထဲကေရကိုစုပ္ယူၿပီးတိုင္ကီ

ထဲကို ေရေတြအေပၚကက်လာေစပါတယ္၊၊ေရသြယ္တန္းပိုက္တစ္ေလ်ာက္ေရဖိအားပိုမ်ားဖို႔ ပိုက္လံုး



အေထာင္ေလးေတြတပ္ထားရင္ ေရပိုသြက္တယ္လို႔ဆိုပါတယ္၊၊ ထိုင္းမွာသံုးေနတဲ့နည္းပညာပါ၊၊

ေရသန္႔ဗူးေလးနဲ႔စမ္းတာေတာ့ အဆင္ေျပပါတယ္၊၊



ေလာင္စာေခၽြတာ ပတ္ဝန္းက်င္လည္းထိန္းသိမ္းၿပီးသားအဆင္ေျပၾကပါေစ၊၊
++++++++++++++++

Credit>မူရင္း

Unicode Version

ရေတွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်းမလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊
ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်းအတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်Youtube မှလေ့လာရှာဖွေထားတာပါ၊၊ နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေလိုက်ပါတယ်၊၊

လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊
ပုံမှာပြထားတဲ့အတိုင်း ဉာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေးပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊
ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်ဖက်ကထွက်ရမယ်၊၊

တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်ကပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊
ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်ရေချူဘားကနေရေဖြည့်ပါ၊၊

ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်ထားပါ၊၊
တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲကရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီ

ထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ ပိုက်လုံး
အထောင်လေးတွေတပ်ထားရင် ရေပိုသွက်တယ်လို့ဆိုပါတယ်၊၊ ထိုင်းမှာသုံးနေတဲ့နည်းပညာပါ၊၊

ရေသန့်ဗူးလေးနဲ့စမ်းတာတော့ အဆင်ပြေပါတယ်၊၊
လောင်စာချွေတာ ပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသားအဆင်ပြေကြပါစေ၊၊
++++++++++++++++

Credit>မူရင်း

Recent Updates

Recent Posts Widget