စိုးနန္ဒာကျော် က ပါရမီဖြည့်ဖက် အစစ်ပါဆိုတဲ့ မင်းထက်
ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင် မင်းထက်နဲ့စိုးနန္ဒာကျော်တို့နှစ်ဦးဟာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အနုပညာအလုပ်တွေကို အတူတူတွေလုပ်ပြီး ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေပါတယ်။ မင်းထက်က မကြာခင်မှာ သီချင်းခွေထွက်ဖို့အတွက် ပြင်ဆင်နေပြီး မင်းထက်ရဲ့ အသံနဲ့ ပတ်သက်ပြီး စိုးနန္ဒာကျော်က အသံပါရမီပါတယ်ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။
မင်းထက်က “သူက ကျွန်တော့်ရဲ့ ပါရမီဖြည့်ဘက်ပါပဲ သူက ကျွန်တော့်ရဲ့ ရဲဖော်ရဲဘက်ပါပဲ။ ကျွန်တော်နာကျင်နေရတဲ့အချိန် ကျွန်တော်ကျရှုံးတဲ့ အချိန်မှာ သူဆုပ်ကိုင်ပေးတဲ့ လက်ကြောင့် ကျွန်တော်ရင်ကော့ပြီးတော့ လူ့လောကကြီးမှာရော သူငယ်ချင်းတွေအပေါင်းအသင်းအားလုံးကြားထဲမှာ ကျွန်တော်ရပ်တည်နိုင်တာ ကျွန်တော်ရုန်းထနိုင်တာပါ။ အဲ့အတွက် သူက ကျွန်တော့်ရဲ့ တကယ့်ပါရမီဖြည့်ဘက် အစစ်ပါပဲ။ ကျွန်တော်ကတော့ရှင်းတယ် ကျွန်တော်ချစ်တဲ့သူနဲ့ပဲ ကျွန်တော်ဟိုဟာဖြစ်မယ်။ ကျွန်တော့်ကို အကွက်ဆင်တာမျိုး အဲ့လိုပုံစံမျိုး လူတွေကြားထဲမှာလည်း ကျွန်တော်မရပ်တည်ဘူး ကျွန်တော့်အပေါ် တကယ်ရိုးသားတဲ့ လူတစ်ယောက်နဲ့ပဲ လက်တွဲမယ် ကျွန်တော်အဲ့လိုပဲ တွေးပါတယ်။ အဲ့အတွက်လည်း ကျွန်တော့်ကို တကယ်ချစ်တယ် ကျွန်တော့် ချစ်သူတစ်ယောက်ကို လက်တွဲခွင့်ရတဲ့အတွက် ဘာပဲရင်ဆိုင်ရ ရင်ဆိုင်ရ သိပ်လျှော့မရှိပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။
သီချင်းတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး မင်းထက်က “ကျွန်တော် စီးရီးလုပ်နေတယ် ကျွန်တော်လုပ်နေတဲ့ စီးရီုး တကယ်တမ်းပြောရရင် ၂နှစ်ကျော်ပြီ ပရိသတ်ကိုလည်း ကျွန်တော်ထွက်တော့မယ် မထွက်နိုင်ဘူးပေါ့ အဓိကတော့ ကိုလင်းလင်းကို အစ်ကိုပဲ ကျွန်တော့်ကို ဦးဆောင်ပြီးတော့ လုပ်ပေးပါဆိုပြီးတော့။ ကိုလင်းလင်းရဲ့ Studio ဖြစ်တဲ့ Metal Zone မှာဆိုရင် Single အခွေတစ်ခွေလုပ်နေတာ ၂နှစ်ကျော်သွားပြီ အခုအချိန်ထိ မထွက်နိုင်သေးတာ ကိုယ့်ကိုယ်အားမရသေးတဲ့ အပိုင်းတွေ ရှိလာတယ်။ ကျွန်တော်က Perfect ဖြစ်မှ လွှတ်ချင်တာပေါ့။ သူကပြောတယ် ထုတ်တော့ ထုတ်တော့ဆိုတော့ မထုတ်နိုင်သေးဘူး ကိုယ့်Feel နဲ့ကိုယ်ဖြစ်နေတော့ မကြာခင်တော့ ကျွန်တော့်စီးရီးလေးလည်း ထွက်လာတော့မှာပါ။”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး စိုးနန္ဒာကျော်က “အမှန်တိုင်းပြောရရင်တော့ ဒါက ကိုယ့်လူမို့လို့ ကိုယ်မြှောက်ပြီး ပြောတာမဟုတ်ပါဘူး။ သူ အသံပါရမီတကယ်ရှိပါတယ် အဲ့တာကို အခွေထွက်တော့ပါလို့ ပြောတာကို သူ့ကိုသူစိတ်တိုင်းမကျနိုင်ဘူး။ ကိုယ်လည်း အခွေထုတ်ခဲ့ပြီးပြီ သီချင်းတွေမြောက်မြားစွာလည်း ကိုယ်နားထောင်ဖူးတယ် တော်တော်အဆင်ပြေနေပါပြီ အဲ့တာကို ထွက်တော့ဆိုတော့ မဟုတ်သေးဘူးတဲ့ သူနည်းနည်းလေး လိုသေးတယ်နဲ့ ကို တိုင်ပတ်နေတယ်။ အမြန်ဆုံး သူ့အခွေထွက်ဖို့အတွက် ပရိသတ်တွေ နှိုးဆော်ပေး
Credit \\ original




