၀ါးလံုးရွည္နဲ႔ သိမ္းက်ံဳးၿပီးေတာ့ ရမ္းတယ္ဆိုၿပီး ခ်ိဳၿပံဳးႏွင့္ မို႔မို႔ျမင့္ေအာင္တို႔ကို ဒဲ့ေျပာလိုက္တဲ့ သင္းသင္း





သင္းသင္း က ေဝဠဳေက်ာ္ အား ကာမလိမ္လည္ရယူမွဳ ပုဒ္မ (၄၁၇) ျဖင့္ စြပ္စြဲ တရားစြဲဆို တိုင္ၾကားထားသည့္ အမွဳကို ဒီကေန႔ ဇူလိုင္လ (၃) ရက္ေန႔က ရန္ကုန္၊ သဃၤန္းကၽြန္းျမိဳ့နယ္ တရား႐ုံးမွာ ဆက္လက္ စစ္ေဆးခဲ့ပါတယ္။ သင္းသင္းကေတာ့ ၀ါးလံုးရွည္နဲ႔ သိမ္းက်ံဳးၿပီးေတာ့ ရမ္းထားတယ္ တယ္ သူ႔ကိုေျပာပါတယ္ဆိုၿပီး ေခ်ပေျပာလိုက္တာပဲျဖစ္ပါတယ္။

” အန္တီခ်ိဳၿပံဳးတို႔၊ အန္တီမို႔မို႔ျမင့္ေအာင္တို႔က ေျပာထားတယ္ရွင့္။ ဘာေျပာထားလဲဆိုေတာ့ အခုေခတ္ မိန္းကေလးေတြက အရမ္းခက္တယ္တဲ့။ ကၽြန္မကိုေျပာတယ္။ ၀ါးလံုးရွည္နဲ႔ သိမ္းက်ံဳးၿပီးေတာ့ ရမ္းထားတယ္။ ဘာရမ္းထားလဲဆိုေတာ့ နာမည္ႀကီးခ်င္တာနဲ႔ပဲလို႔ ေျပာတယ္။ စဥ္းစားၾကည့္ပါ။ အန္တီတို႔ကို သမီး ဒီကေနပဲ တစ္ခ်က္ ေျပာခ်င္ပါတယ္”ဆိုၿပီး အလွမယ္သင္းသင္း ကေတာ့ ေျပာလာခဲ့ပါတယ္။

အလွမယ္ သင္းသင္းမွာ သူႏွင့္ ယခင္က ခ်စ္သူရည္စားျဖစ္ခဲ့ဖူးသူ သ႐ုပ္ေဆာင္ ေ၀ဠဳေက်ာ္ကို ကာမလိမ္လည္ ရယူမႈ ပုဒ္မ- ၄၁၇ ျဖင့္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကၽြန္းၿမိဳ႕နယ္တရား႐ံုးတြင္ ဦးတိုက္ေလွ်ာက္တရားစြဲထားသူျဖစ္ၿပီး ဇူလိုင္လ ၃ ရက္ေန႔ ႐ံုးခ်ိန္း၊ တရား႐ံုးမွ အထြက္တြင္ ထိုသို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ပရိသတ္ႀကီးအတြက္ သင္းသင္းရဲ႕ interview ဗီဒီယိုဖိုင္ေလးကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးလဲ အျမင္ေလးေတြေျပာခဲ့ၾကပါဦးေနာ္။
Video ၾကည့္ရန္


Credit – celefamily
Unicode
သင်းသင်း က ဝေဠုကျော် အား ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် စွပ်စွဲ တရားစွဲဆို တိုင်ကြားထားသည့် အမှုကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။ သင်းသင်းကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးပြီးတော့ ရမ်းထားတယ် တယ် သူ့ကိုပြောပါတယ်ဆိုပြီး ချေပပြောလိုက်တာပဲဖြစ်ပါတယ်
” အန်တီချိုပြံုးတို့၊ အန်တီမို့မို့မြင့်အောင်တို့က ပြောထားတယ်ရှင့်။ ဘာပြောထားလဲဆိုတော့ အခုခေတ် မိန်းကလေးတွေက အရမ်းခက်တယ်တဲ့။ ကျွန်မကိုပြောတယ်။ ၀ါးလုံးရှည်နဲ့ သိမ်းကျံုးပြီးတော့ ရမ်းထားတယ်။ ဘာရမ်းထားလဲဆိုတော့ နာမည်ကြီးချင်တာနဲ့ပဲလို့ ပြောတယ်။ စဉ်းစားကြည့်ပါ။ အန်တီတို့ကို သမီး ဒီကနေပဲ တစ်ချက် ပြောချင်ပါတယ်”ဆိုပြီး အလှမယ်သင်းသင်း ကတော့ ပြောလာခဲ့ပါတယ်။
အလှမယ် သင်းသင်းမှာ သူနှင့် ယခင်က ချစ်သူရည်စားဖြစ်ခဲ့ဖူးသူ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည် ရယူမှု ပုဒ်မ- ၄၁၇ ဖြင့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားသူဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း၊ တရားရုံးမှ အထွက်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပရိသတ်ကြီးအတွက် သင်းသင်းရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ အမြင်လေးတွေပြောခဲ့ကြပါဦးနော်။
Video ကြည့်ရန်
Credit – celefamily

Recent Updates

Recent Posts Widget