အိမ္ေျခ ၂၀၀၀ ေက်ာ္ကို အေသးစားဓာတ္အားေပးစနစ္ျဖင့္ လွ်ပ္စစ္မီးေပးမည္
ရန္ကုန္၊ ဇူလိုင္ ၂
အိမ္ေျခစုစုေပါင္း ၂၂၀၀ ေက်ာ္ကို ၂၄ နာရီ လွ်ပ္စစ္မီးေပးႏိုင္မည့္ အေသးစားဓာတ္အားေပးစနစ္ စီမံကိန္းေဆာင္႐ြက္ရန္ သေဘာတူလက္မွတ္ေရးထိုးျခင္းကို ဇူလိုင္လ ၂ ရက္ေန႔က ေနျပည္ေတာ္ရွိ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာန႐ံုးတြင္ ျပဳလုပ္ခဲ့ေၾကာင္း ယင္းဦးစီးဌာနထံမွ သိရသည္။
စီမံကိန္းဆိုင္ရာ သေဘာတူညီမႈ လက္မွတ္ေရးထိုးျခင္းကို အေသးစား ဓာတ္အားေပးစနစ္လုပ္ငန္း ေဆာင္႐ြက္သည့္ ေက်း႐ြာမီးလင္းေရးေကာ္မတီဝင္မ်ား၊ လုပ္ငန္းေဆာင္႐ြက္မည့္ Pro Engineering Co., Ltd. ႏွင့္ Mandalay Yoma Energy Co., Ltd. မွ တာဝန္ရွိသူမ်ားႏွင့္ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ တာဝန္ရွိသူမ်ား ေရးထိုးခဲ့ျခင္းျဖစ္သည္။
“ဒီေန႔လက္မွတ္ထိုးတာက အားလံုးေပါင္းစီမံကိန္း ၁၁ ခုပါ။ စုစုေပါင္း ေက်း႐ြာ ဆယ့္တစ္႐ြာမွာ အေသးစား ဓာတ္အားေပးစနစ္ ေဆာင္႐ြက္မွာပါ”ဟု NEP စီမံကိန္းမွ ဒုတိယၫႊန္ၾကားေရးမွဴး ဦးမ်ိဳးမ်ိဳးက ေျပာၾကားသည္။
ယင္းသေဘာတူညီခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီး ပင္လယ္ဘူးၿမိဳ႕နယ္ ေဂြးခ်ိဳေက်း႐ြာတြင္ 72 kW၊ ေဖာင္းျပင္ၿမိဳ႕နယ္ ကယားေက်း႐ြာတြင္ 75 kW၊ မေကြးတိုင္းေဒသႀကီး ဆင္ေပါင္ဝဲၿမိဳ႕နယ္ ဇီးျဖဴကုန္းေက်း႐ြာတြင္ 81.6kW၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္ ဝါေစ့ေျမာင္ေက်း႐ြာတြင္ 70.4 kW၊ ေရစႀကိဳၿမိဳ႕နယ္ မိဖုရားေက်း႐ြာတြင္ 125 kW၊ ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ေအာင္ခ်မ္းသာေက်း႐ြာတြင္ 68kW ျဖင့္ ဆိုလာ အေသးစား ဓာတ္အားေပးစနစ္လုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနထံမွ သိရသည္။
ထို႔ျပင္ ေရတာရွည္ၿမိဳ႕နယ္ လံုရမ္းေက်း႐ြာတြင္ 81.6 kW၊ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဝဲႀကီးေထာင့္ၿမိဳ႕နယ္တြင္ 120kW၊ ေက်ာက္ေတာ္ ၿမိဳ႕နယ္ သလူေခ်ာင္းေက်း႐ြာတြင္ 81.6kW၊ ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕နယ္ ပတ္ၿပဲေက်း႐ြာတြင္ 160kW၊ ႀကံခင္းၿမိဳ႕နယ္ ထိန္ပင္ေျမာင္ေက်း႐ြာတြင္ 114kW ျဖင့္လည္း အေသးစား ဓာတ္အားေပးစနစ္ လုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္သည္။
မဟာဓာတ္အားလိုင္းႏွင့္ ၁၀ မိုင္အထက္ေဝးကြာၿပီး လွ်ပ္စစ္မီးသြယ္တန္းမႈ အစီအစဥ္မ်ားတြင္ ပါဝင္ႏိုင္ျခင္း မရွိေသးသည့္ ေက်း႐ြာမ်ား၌ လွ်ပ္စစ္မီး အသံုးျပဳႏိုင္ေရးအတြက္ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနက ၆၀ ရာခိုင္ႏႈန္း၊ လုပ္ငန္းေဆာင္႐ြက္သည့္ ေက်း႐ြာက ထည့္ဝင္ေငြ ၂၀ ရာခိုင္ႏႈန္း၊ လုပ္ငန္းေဆာင္႐ြက္မည့္ကုမၸဏီက ၂၀ ရာခိုင္ႏႈန္းျဖင့္ အမ်ိဳးသား လွ်ပ္စစ္ဓာတ္အား ရရွိေရးစီမံကိန္း (NEP) အေသးစား ဓာတ္အားေပးစနစ္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
အမ်ိဳးသား လွ်ပ္စစ္ဓာတ္အားရရွိေရးစီမံကိန္းကို ကမၻာ့ဘဏ္ေခ်းေငြ အေမရိကန္ေဒၚလာသန္း ၉၀ ျဖင့္ ၂၀၁၆ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ ငါးႏွစ္တာကာလအတြင္း လွ်ပ္စစ္မီးမရရွိသည့္ မဟာဓာတ္အားလိုင္းျပင္ပမွ ေက်း႐ြာမ်ားကို လွ်ပ္စစ္မီးေပးရန္ ရည္႐ြယ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနထံမွ သိရသည္။
Credit \\ original
Unicode
အိမ်ခြေ ၂၀၀၀ ကျော်ကို အသေးစားဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးပေးမည်
02-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂
အိမ်ခြေစုစုပေါင်း ၂၂၀၀ ကျော်ကို ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည့် အသေးစားဓာတ်အားပေးစနစ် စီမံကိန်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခြင်းကို ဇူလိုင်လ ၂ ရက်နေ့က နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
စီမံကိန်းဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကို အသေးစား ဓာတ်အားပေးစနစ်လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ လုပ်ငန်းဆောင်ရွက်မည့် Pro Engineering Co., Ltd. နှင့် Mandalay Yoma Energy Co., Ltd. မှ တာဝန်ရှိသူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ရေးထိုးခဲ့ခြင်းဖြစ်သည်။
“ဒီနေ့လက်မှတ်ထိုးတာက အားလုံးပေါင်းစီမံကိန်း ၁၁ ခုပါ။ စုစုပေါင်း ကျေးရွာ ဆယ့်တစ်ရွာမှာ အသေးစား ဓာတ်အားပေးစနစ် ဆောင်ရွက်မှာပါ”ဟု NEP စီမံကိန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမျိုးက ပြောကြားသည်။
ယင်းသဘောတူညီချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် ဂွေးချိုကျေးရွာတွင် 72 kW၊ ဖောင်းပြင်မြို့နယ် ကယားကျေးရွာတွင် 75 kW၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် 81.6kW၊ ဆင်ပေါင်ဝဲမြို့နယ် ဝါစေ့မြောင်ကျေးရွာတွင် 70.4 kW၊ ရေစကြိုမြို့နယ် မိဖုရားကျေးရွာတွင် 125 kW၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အောင်ချမ်းသာကျေးရွာတွင် 68kW ဖြင့် ဆိုလာ အသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် ရေတာရှည်မြို့နယ် လုံရမ်းကျေးရွာတွင် 81.6 kW၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်မြို့နယ်တွင် 120kW၊ ကျောက်တော် မြို့နယ် သလူချောင်းကျေးရွာတွင် 81.6kW၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပတ်ပြဲကျေးရွာတွင် 160kW၊ ကြံခင်းမြို့နယ် ထိန်ပင်မြောင်ကျေးရွာတွင် 114kW ဖြင့်လည်း အသေးစား ဓာတ်အားပေးစနစ် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက်ဝေးကွာပြီး လျှပ်စစ်မီးသွယ်တန်းမှု အစီအစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိသေးသည့် ကျေးရွာများ၌ လျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၆၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာက ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၉၀ ဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း လျှပ်စစ်မီးမရရှိသည့် မဟာဓာတ်အားလိုင်းပြင်ပမှ ကျေးရွာများကို လျှပ်စစ်မီးပေးရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
Credit \\ original


