“တစ္ရက္လ်ွင္ (၇)ေယာက္မွ်ေလာင္းလွဴေသာဆြမ္းကိုသာ (၁၂)ရက္ၾကာ အလွဴခံျပီး ေတာတြင္း တရားစခန္း၀င္ေတာ့မည့္ မဟာေဗာဓိျမိဳင္ဆရာေတာ္ႀကီး”
စစ္ကိုင္းတိုင္းေဒသႀကီး ကသာခ႐ိုင္ဗန္းေမာက္ျမိဳ႕နယ္ေရႊႏွစ္ေတာရတြင္သီတင္းသံုးေနေသာ မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရားႀကီးသည္နန႔္ပံု၊ေ႐ႏွစ္၊တာက်ဲ သံုးရြာမွတစ္ရက္လ်ွင္ (၇)ေယာက္မွ်ေလာင္းလႉေသာဆြမ္းမ်ားကို(၁၂)ရက္ၾကာ အလႉခံလ်ွက္ရိွပါသည္။
ယခုအခါ (၃)ရက္ေျမာက္အလႉခံၿပီးျဖစ္သည္။၁၂ ရက္အတြင္း ရြာသံုးရြာ႐ွိ ဒကာ/မမ်ားအေယာက္ေစ့ ဆြမ္းေလာင္းၿပီးစီးပါကေတာတြင္းတရားစခန္းသို႔ ျပန္လည္ႂကြ၍တရားအားထုတ္မည္ျဖစ္သည္။
ဆရာေတာ္သည္ ၇ေယာက္မွ် ေလာင္းလွဴေသာဆြမ္းမွအပ မည္သည့္အလွဴပစၥည္းမွ် လက္မခံပါ။ဆရာေတာ္ကို ဆြမ္းခံႀကြခ်ိန္မွအပ ဖူးေမွ်ာ္ခြင့္မရႏိုင္ပါ။
မဟာေဗာဓိျမိဳင္ ဆရာေတာ္ၾကီး သတင္းသံုးေတာ္မူရာ ေက်ာင္း
မဟာေဗာဓိျမိဳင္ ဆရာေတာ္ၾကီး၏ တရားေတာ္
ေလာကရဲ႕အရႈပ္မွန္သမ်ွ စိတ္ကစတာခ်ည္းပဲ။လူမႈေရးအရႈပ္ စီးပြားေရးအရႈပ္ အရႈပ္မွန္သမ်ွ စိတ္ေၾကာင့္ျဖစ္ရတာ။စိတ္ဟာ ဘယ္ပုံရႈပ္ေထြးခ့ဲပါသလဲ။စိတ္ဟာ သူ႕ခ်ည္းေနရင္ေတာ့ ရွင္းရွင္းကေလးရယ္။စိတ္ရဲ႕မူလသတိၱက ျဖဴ စင္တယ္ ေတာက္ပတယ္။
ဒါေပမယ့္ ရာဂနဲ႔စိတ္ ခ်ိတ္မိတ့ဲအခါ စိတ္ရႈပ္ေထြးလာတယ္။ေဒါသနဲ႔စိတ္ ခ်ိတ္မိတ့ဲအခါ စိတ္ရႈပ္ေထြးလာတယ္။တဏွာ မာန ဒိ႒ိေတြနဲ႔ ခ်ိတ္မိတ့ဲအခါ စိတ္ရႈပ္ေထြးလာတယ္။ကိေလသာနဲ႔စိတ္ ခ်ိတ္မိတ့ဲအခါ စိတ္ရႈပ္ေထြးမႈျဖစ္ေပၚလာတယ္။
လက္ကိုင္ပုဝါအျဖဴ ကေလးဟာ ေခ်ြးသုတ္ပါမ်ားေတာ့ ျဖဴ ရာကညစ္ ညစ္ရာကမည္း မည္းရာကမြဲ မြဲရာက တေျဖးေျဖးႏြမ္းေၾကလာသလိုပဲ စိတ္ဟာလည္း ကိေလသာေၾကာင့္ ညစ္မြဲရႈပ္ေထြးလာတယ္။
စိတ္မွာျဖစ္တ့ဲအရႈပ္ ႏႈတ္မွာလည္းေပၚလာတယ္။ကိုယ္မွာလည္း ေပၚလာတယ္။ဒီေတာ့ မရႈပ္ခင္ကရွင္းၾကပါ ဓမၼေရးရာ ဉာဏ္အထြာျဖင့္ လႊာ၍လႊာ၍ ၾကိဳ တင္ကာကြယ္ ရွင္းလင္းနိုင္ၾကပါေစ။
ေက်းဇူးေတာ္႐ွင္ မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရားႀကီး
၁၉၉၆ ခုႏွစ္၊ သုဝဏၰသ်ွမ္ေတာင္ ၾသဝါဒ
Credit:အလင္းရွင္(ဗန္းေမာက္)
photo: credit
Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ဗန်းမောက်မြို့နယ်ရွှေနှစ်တောရတွင်သီတင်းသုံးနေသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်နန့်ပုံ၊ရေနှစ်၊တာကျဲ သုံးရွာမှတစ်ရက်လျှင် (၇)ယောက်မျှလောင်းလှူသောဆွမ်းများကို(၁၂)ရက်ကြာ အလှူခံလျှက်ရှိပါသည်။
ယခုအခါ (၃)ရက်မြောက်အလှူခံပြီးဖြစ်သည်။၁၂ ရက်အတွင်း ရွာသုံးရွာရှိ ဒကာ/မများအယောက်စေ့ ဆွမ်းလောင်းပြီးစီးပါကတောတွင်းတရားစခန်းသို့ ပြန်လည်ကြွ၍တရားအားထုတ်မည်ဖြစ်သည်။
ဆရာတော်သည် ၇ယောက်မျှ လောင်းလှူသောဆွမ်းမှအပ မည်သည့်အလှူပစ္စည်းမျှ လက်မခံပါ။ဆရာတော်ကို ဆွမ်းခံကြွချိန်မှအပ ဖူးမျှော်ခွင့်မရနိုင်ပါ။
မဟာဗောဓိမြိုင် ဆရာတော်ကြီး သတင်းသုံးတော်မူရာ ကျောင်း
မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ တရားတော်
လောကရဲ့အရှုပ်မှန်သမျှ စိတ်ကစတာချည်းပဲ။လူမှုရေးအရှုပ် စီးပွားရေးအရှုပ် အရှုပ်မှန်သမျှ စိတ်ကြောင့်ဖြစ်ရတာ။စိတ်ဟာ ဘယ်ပုံရှုပ်ထွေးခဲ့ပါသလဲ။စိတ်ဟာ သူ့ချည်းနေရင်တော့ ရှင်းရှင်းကလေးရယ်။စိတ်ရဲ့မူလသတ္တိက ဖြူ စင်တယ် တောက်ပတယ်။
ဒါပေမယ့် ရာဂနဲ့စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးလာတယ်။ဒေါသနဲ့စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးလာတယ်။တဏှာ မာန ဒိဋ္ဌိတွေနဲ့ ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးလာတယ်။ကိလေသာနဲ့စိတ် ချိတ်မိတဲ့အခါ စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်လာတယ်။
လက်ကိုင်ပုဝါအဖြူ ကလေးဟာ ချွေးသုတ်ပါများတော့ ဖြူ ရာကညစ် ညစ်ရာကမည်း မည်းရာကမွဲ မွဲရာက တဖြေးဖြေးနွမ်းကြေလာသလိုပဲ စိတ်ဟာလည်း ကိလေသာကြောင့် ညစ်မွဲရှုပ်ထွေးလာတယ်။
စိတ်မှာဖြစ်တဲ့အရှုပ် နှုတ်မှာလည်းပေါ်လာတယ်။ကိုယ်မှာလည်း ပေါ်လာတယ်။ဒီတော့ မရှုပ်ခင်ကရှင်းကြပါ ဓမ္မရေးရာ ဉာဏ်အထွာဖြင့် လွှာ၍လွှာ၍ ကြို တင်ကာကွယ် ရှင်းလင်းနိုင်ကြပါစေ။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
၁၉၉၆ ခုနှစ်၊ သုဝဏ္ဏသျှမ်တောင် သြဝါဒ
Credit:အလင်းရှင်(ဗန်းမောက်)
photo: credit







