မိေက်ာင္းကန္ထဲျပဳတ္က်ျပီး အသက္ဆံုးရွံဳးသြားရတဲ့ အသက္ ၂ႏွစ္အရြယ္ကေလးငယ္





မိေက်ာင္းကန္ထဲျပဳတ္က်ျပီး အသက္ဆံုးရွံဳးသြားရတဲ့ အသက္ ၂ႏွစ္အရြယ္ကေလးငယ္

အသက္ ၂ႏွစ္အရြယ္သာရွိေသးတဲ့ ကေလးငယ္ဟာ မိသားစုပိုင္ လယ္ေျမအနားမွာရွိတဲ့ မိေက်ာင္းကန္ထဲကို မေတာ္တဆျပဳတ္က်ျပီး အရွင္လတ္လတ္ စားသံုးျခင္းကိုခံလိုက္ရပါတယ္။

မိေက်ာင္းစားခံခဲ့ရတဲ့ ကေလးငယ္ရဲ႕မိခင္ ျဖစ္သူဟာ ေမြးကင္စ ကေလးငယ္ေလးကို ဂရုစိုက္ေနရင္းနဲ႔ ေသဆံုးသြားတဲ့ ကေလးငယ္ရုတ္တရက္ ေပ်ာက္သြားတာကို သတိမထားမိပဲရွိလိုက္တာပါ။

ကေလးငယ္ရဲ႕အမည္ကေတာ့ Rom Roath Neary ျဖစ္ျပီး သူမတို႔မိသားစုဟာ ကေမၻာဒီးယားႏိုင္ငံမွာေနထိုင္ပါတယ္။



သူမဟာ အိမ္ရဲ႕အနားမွာ ေဆာ့ကစားေနရင္းကေန ရုတ္တရက္ေပ်ာက္ သြားခဲ့တာျဖစ္ျပီး ဘယ္သူမွသူမ ေပ်ာက္သြားခဲ့တာကို သတိမထားမိခဲ့ၾကပါဘူး။

ဇြန္လ ၃၀ရက္ေန႔ မနက္ပိုင္းမွာ ေပ်ာက္သြားခဲ့ျပီး Min လို႔အမည္ရတဲ့ အေဖျဖစ္သူဟာ မနက္ ၁၀၀န္းက်င္ေလာက္မွာ ျပန္ေရာက္လာမွ သမီးငယ ္ေပ်ာက္ဆံုးသြားတာကို သတိထားမိခဲ့တာပါ။

အဲ့ဒီအခါက်မွ ေပ်ာက္ဆံုးသြားတဲ့ ကေလးငယ္ကို လိုက္ရွာၾကရာမွာ ေၾကာက္မက္ဖြယ ္ေကာင္းေလာက္ေအာင္ပဲ မိေက်ာင္းကန္ထဲက သမီးငယ္ျဖစ္သူရဲ႕ ဦးေခါင္းကိုသာ ေသြးသံရဲရဲနဲ႕ျပန္ေတြ႔ခဲ့ရပါတယ္။

ျပည္တြင္းမီဒီယာ ေတြမွာေတာ့ အေမျဖစ္သူ အသက္ ၃၁ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ Nay ကသူ႕သမီးရဲ႕ခႏၶာကိုယ္အပိုင္းအစေတြကိုပိုက္ျပီး

ငိုေနတဲ့ပံုကို ၀မ္းနည္းစရာ ေကာင္းစြာေဖာ္ျပခဲ့ၾကျပီး အခင္းျဖစ္ပြား ေနတဲ့အခ်ိန္မွာ ကေလးေမြးထားတာ မၾကာေသးတဲ့မိခင္ဟာ ေမြးကင္းစကေလးငယ္ကို

ဂရုစိုက္ေနရင္းနဲ႔ သမီးငယ္ေပ်ာက္ သြားတာကို သတိမထားမိခဲ့ဘူးလို႔ဆိုပါတယ္။

အိမ္ကေနျပီး ေဆာ့ကစားဖို႔ထြက္သြားခဲ့တဲ့ ကေလးငယ္ဟာ အိမ္ရဲ႕အေနာက္ဘက္မွာရွိတဲ့ မိသားစုပုိင္လယ္ေျမနားမွာ ကြန္ကရစ္နဲ ျပဳလုပ္ထားတဲ့ မိေခ်ာင္းကန္ထဲကို

မေတာတဆ ျပဳတ္က်သြားခဲ့ျပီး မိေက်ာင္းေတြရဲ႕သတ္ျဖတ္ စားသံုးျခင္းကို ခံလိုက္ရတာပါ။ ကန္ရဲ႕နေဘးပတ္လည္မွာ အကာအရံေတြရွိေနေပမယ့္

ကေလးငယ္ေတြ ၀င္လို႔ရေလာက္တဲ့အထိေတာ့ အကာအရံေတြၾကားက အဟေတြကၾကီးေနပါေသးတယ္။

ဖခင္ျပန္လာတဲ့အခါမွာ သမီးငယ္ရဲ႕ခႏၶာကိုယ္ အပိုင္းအစေတြနဲ႔ ဦးေခါင္းသာက်န္ရွိေနခဲ့ပါတယ္။ မိေက်ာင္းေတြကို သူတို႔မိသားစုဟာ မိေက်ာင္းသားေရနဲ႕

မိေက်ာင္းအသားေတြ ထုတ္လုပ္ဖို႕ေမြးျမဴထားခဲ့တ ာျဖစ္တယ္လို႔သိရပါတယ္။ သက္ဆိုင္ရာ အာဏာပိုင္ေတြကေတာ့ မိေက်ာင္းကန္ကို

ကေလးေတြ ထပ္မျပဳတ္က်ႏိုင္ေအာင္ ပိုမိုခိုင္မာတဲ့ အကာအကြယ္ ေတြျပဳလုပ္ဖို႕ လမ္းညႊန္ထားပါတယ္။

Credit  \\  original

Unicode

မိကျောင်းကန်ထဲပြုတ်ကျပြီး အသက်ဆုံးရှုံးသွားရတဲ့ အသက် ၂နှစ်အရွယ်ကလေးငယ်

အသက် ၂နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်ဟာ မိသားစုပိုင် လယ်မြေအနားမှာရှိတဲ့ မိကျောင်းကန်ထဲကို မတော်တဆပြုတ်ကျပြီး အရှင်လတ်လတ် စားသုံးခြင်းကိုခံလိုက်ရပါတယ်။

မိကျောင်းစားခံခဲ့ရတဲ့ ကလေးငယ်ရဲ့မိခင် ဖြစ်သူဟာ မွေးကင်စ ကလေးငယ်လေးကို ဂရုစိုက်နေရင်းနဲ့ သေဆုံးသွားတဲ့ ကလေးငယ်ရုတ်တရက် ပျောက်သွားတာကို သတိမထားမိပဲရှိလိုက်တာပါ။

ကလေးငယ်ရဲ့အမည်ကတော့ Rom Roath Neary ဖြစ်ပြီး သူမတို့မိသားစုဟာ ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်ပါတယ်။

သူမဟာ အိမ်ရဲ့အနားမှာ ဆော့ကစားနေရင်းကနေ ရုတ်တရက်ပျောက် သွားခဲ့တာဖြစ်ပြီး ဘယ်သူမှသူမ ပျောက်သွားခဲ့တာကို သတိမထားမိခဲ့ကြပါဘူး။

ဇွန်လ ၃ဝရက်နေ့ မနက်ပိုင်းမှာ ပျောက်သွားခဲ့ပြီး Min လို့အမည်ရတဲ့ အဖေဖြစ်သူဟာ မနက် ၁ဝဝန်းကျင်လောက်မှာ ပြန်ရောက်လာမှ သမီးငယ ်ပျောက်ဆုံးသွားတာကို သတိထားမိခဲ့တာပါ။

အဲ့ဒီအခါကျမှ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို လိုက်ရှာကြရာမှာ ကြောက်မက်ဖွယ ်ကောင်းလောက်အောင်ပဲ မိကျောင်းကန်ထဲက သမီးငယ်ဖြစ်သူရဲ့ ဦးခေါင်းကိုသာ သွေးသံရဲရဲနဲ့ပြန်တွေ့ခဲ့ရပါတယ်။

ပြည်တွင်းမီဒီယာ တွေမှာတော့ အမေဖြစ်သူ အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nay ကသူ့သမီးရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုပိုက်ပြီး

ငိုနေတဲ့ပုံကို ဝမ်းနည်းစရာ ကောင်းစွာဖော်ပြခဲ့ကြပြီး အခင်းဖြစ်ပွား နေတဲ့အချိန်မှာ ကလေးမွေးထားတာ မကြာသေးတဲ့မိခင်ဟာ မွေးကင်းစကလေးငယ်ကို

ဂရုစိုက်နေရင်းနဲ့ သမီးငယ်ပျောက် သွားတာကို သတိမထားမိခဲ့ဘူးလို့ဆိုပါတယ်။

အိမ်ကနေပြီး ဆော့ကစားဖို့ထွက်သွားခဲ့တဲ့ ကလေးငယ်ဟာ အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ မိသားစုပိုင်လယ်မြေနားမှာ ကွန်ကရစ်နဲ ပြုလုပ်ထားတဲ့ မိချောင်းကန်ထဲကို

မတောတဆ ပြုတ်ကျသွားခဲ့ပြီး မိကျောင်းတွေရဲ့သတ်ဖြတ် စားသုံးခြင်းကို ခံလိုက်ရတာပါ။ ကန်ရဲ့နဘေးပတ်လည်မှာ အကာအရံတွေရှိနေပေမယ့်

ကလေးငယ်တွေ ဝင်လို့ရလောက်တဲ့အထိတော့ အကာအရံတွေကြားက အဟတွေကကြီးနေပါသေးတယ်။

ဖခင်ပြန်လာတဲ့အခါမှာ သမီးငယ်ရဲ့ခန္ဓာကိုယ် အပိုင်းအစတွေနဲ့ ဦးခေါင်းသာကျန်ရှိနေခဲ့ပါတယ်။ မိကျောင်းတွေကို သူတို့မိသားစုဟာ မိကျောင်းသားရေနဲ့

မိကျောင်းအသားတွေ ထုတ်လုပ်ဖို့မွေးမြူထားခဲ့တ ာဖြစ်တယ်လို့သိရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ မိကျောင်းကန်ကို

ကလေးတွေ ထပ်မပြုတ်ကျနိုင်အောင် ပိုမိုခိုင်မာတဲ့ အကာအကွယ် တွေပြုလုပ်ဖို့ လမ်းညွှန်ထားပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget