H1N1 ေၾကာင့္ ေသဆံုးသူ ၂၁ ဦးအထိေရာက္ရွိလာ
ျမန္မာႏိုင္ငံတစ္ဝန္း ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ အသက္ေသဆံုးသူ ၂၁ ဦးအထိ ရွိၿပီျဖစ္ၿပီး အသက္ ၁၅ ႏွစ္မွ ၆၅ ႏွစ္အရြယ္မ်ားတြင္ ပိုးေတြ႔ရွိမႈအမ်ားဆံုးျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ဒုတိယညႊန္ႀကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက အတည္ျပဳေျပာၾကားသည္။
၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လ ၁ ရက္ေန႔အထိ ရာသီတုပ္ေကြးေရာဂါပိုး (H1N1) သံသယလူနာ ၃၄၃ ဦးရွိၿပီး ပိုးေတြ လူနာ ၉၉ ဦးရွိေႀကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနထံမွ သိရသည္။ ရန္ကုန္တိုင္းတြင္ ရာသီတုပ္ေကြးေရာဂါ (H1N1) ျဖစ္ပြားသူ ၆၉ ဦး၊ ေသဆံုးသူ ၁၈ ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ေရာဂါျဖစ္ပြားသူ ၅ ဦးႏွင့္ ေသဆံုးသူ ၂ ဦးရွိၿပီး ဧရာဝတီတိုင္းေဒသႀကီးတြင္ ေရာဂါျဖစ္ပြားသူ ၅ ဦးႏွင့္ ေသဆံုးသူ ၁ ဦးရွိေႀကာင္း သိရၿပီး ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရွမ္းအေရွ႕ပိုင္းတို႔တြင္ ေရာဂါပိုးျဖစ္ပြားမႈ မရွိေသးေႀကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ျဖည့္စြက္ေျပာဆိုသည္။
Credit \\ original
Unicode
H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးအထိရောက်ရှိ
ဓာတ်ပုံ – နာရေးကူညီမှုအသင်း
ရန်ကုန်၊ ဇူလိုင် ၂
မြန်မာနိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် အသက်သေဆုံးသူ ၂၁ ဦးအထိ ရှိပြီဖြစ်ပြီး အသက် ၁၅ နှစ်မှ ၆၅ နှစ်အရွယ်များတွင် ပိုးတွေ့ရှိမှုအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုး (H1N1) သံသယလူနာ ၃၄၃ ဦးရှိပြီး ပိုးတွေ လူနာ ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ၆၉ ဦး၊ သေဆုံးသူ ၁၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း သိရပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းအရှေ့ပိုင်းတို့တွင် ရောဂါပိုးဖြစ်ပွားမှု မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖြည့်စွက်ပြောဆိုသည်။
Credit \\ original


