အေမရိကန္ပညာရွင္မ်ား ေဆးႏွင့္မ်ဳိးဗီဇျပဳျပင္နည္းသုံး၍ HIV ပုိးကုိ ဖယ္ရွား





အေမရိကန္ပညာရွင္မ်ား ေဆးႏွင့္မ်ဳိးဗီဇျပဳျပင္နည္းသုံး၍ HIV ပုိးကုိ ဖယ္ရွား
အေမရိကန္ သိပၸံပညာရွင္ေတြဟာ အာနိသင္ေႏွးတဲ့ ေဆးနဲ႔ မ်ိဳးဗီဇျပဳျပင္နည္းကို အသံုးျပဳျပီး ဓာတ္ခြဲခန္း ႂကြက္တေကာင္ရဲ႕ မ်ိဳးဗီဇတခုလံုးကေန HIV ပိုးကို ပထမဆံုးအႀကိမ္ ဖယ္ရွားပစ္နုိင္ျပိီလို႔ ဇူလိုင္ ၂ ရက္ေန႔က ေဒလီးေမးလ္သတင္းမွာ ေဖ္ာျပပါတယ္။

ဒါဟာ လူသားေတြမွာရိွတဲ့ HIV ပိုးကို ဖယ္ရွားဖို႔ လမ္းစတခုျဖစ္ျပီး လာမယ့္ႏွစ္မွာ စမ္းသပ္မႈေတြ စတင္သြားမွာပါ။
HIV ပိုးရိွသူ လူနာႏွစ္ေယာက္ကိုပဲ ကုသထားျပီး အဲဒီလူနာ ႏွစ္ေယာက္စလံုးဟာ ေသြးကင္ဆာ ေရာဂါရိွဖူးပါတယ္။
သူတုိ႔ဟာ အႏၱရာယ္မ်ားလွတဲ့ ရုိးတြင္းျခင္ဆီ အစားထုိးကုထံုးခံယူျပီး ေရာဂါႏွစ္ခုစလံုး ေပ်ာက္ကင္းခဲ့တာပါ။
ဒါေပမဲ့ ရိုးတြင္းျခင္ဆီကုထံုး ေအာင္ျမင္ဖို႔ဆုိရင္ လူနာမွာ HIV ေရာ ကင္ဆာေရာဂါပါရိွဖို႔ လိုပါတယ္။ အခုေတာ့ သိပၸံပညာရွင္အဖြဲ႔ဟာ ၅ ႏွစ္ၾကာ ပေရာဂ်က္ကေန LASER ART လို႔ ေခၚတဲ့ေဆးနဲ႔ CRISPR Cas9 မ်ိဳးဗီဇ ျပဳျပင္နည္းသံုးျပီး တတိယေျမာက ဓာတ္ခြဲခန္းႂကြက္ရဲ႕ မ်ိဳးဗီဇတခုလံုးကေန HIV ပိုးကို ရွင္းလင္းႏုိင္ခဲ့တာပါ။
သိပၸံပညာရွင္အဖြဲ႔ဟာ ေမ်ာက္ေတြကိုလည္း ဒီနည္းနဲ႔ စတင္စမ္းသပ္ေတာ့မယ္လို႔ သိရပါတယ္။
Credit to DVB
Unicode
အမေရိကန်ပညာရှင်များ ဆေးနှင့်မျိုးဗီဇပြုပြင်နည်းသုံး၍ HIV ပိုးကို ဖယ်ရှား
အမေရိကန် သိပ္ပံပညာရှင်တွေဟာ အာနိသင်နှေးတဲ့ ဆေးနဲ့ မျိုးဗီဇပြုပြင်နည်းကို အသုံးပြုပြီး ဓာတ်ခွဲခန်း ကြွက်တကောင်ရဲ့ မျိုးဗီဇတခုလုံးကနေ HIV ပိုးကို ပထမဆုံးအကြိမ် ဖယ်ရှားပစ်နိုင်ပြီလို့ ဇူလိုင် ၂ ရက်နေ့က ဒေလီးမေးလ်သတင်းမှာ ဖေ်ာပြပါတယ်။
ဒါဟာ လူသားတွေမှာရှိတဲ့ HIV ပိုးကို ဖယ်ရှားဖို့ လမ်းစတခုဖြစ်ပြီး လာမယ့်နှစ်မှာ စမ်းသပ်မှုတွေ စတင်သွားမှာပါ။
HIV ပိုးရှိသူ လူနာနှစ်ယောက်ကိုပဲ ကုသထားပြီး အဲဒီလူနာ နှစ်ယောက်စလုံးဟာ သွေးကင်ဆာ ရောဂါရှိဖူးပါတယ်။
သူတို့ဟာ အန္တရာယ်များလှတဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုထုံးခံယူပြီး ရောဂါနှစ်ခုစလုံး ပျောက်ကင်းခဲ့တာပါ။
ဒါပေမဲ့ ရိုးတွင်းခြင်ဆီကုထုံး အောင်မြင်ဖို့ဆိုရင် လူနာမှာ HIV ရော ကင်ဆာရောဂါပါရှိဖို့ လိုပါတယ်။ အခုတော့ သိပ္ပံပညာရှင်အဖွဲ့ဟာ ၅ နှစ်ကြာ ပရောဂျက်ကနေ LASER ART လို့ ခေါ်တဲ့ဆေးနဲ့ CRISPR Cas9 မျိုးဗီဇ ပြုပြင်နည်းသုံးပြီး တတိယမြောက ဓာတ်ခွဲခန်းကြွက်ရဲ့ မျိုးဗီဇတခုလုံးကနေ HIV ပိုးကို ရှင်းလင်းနိုင်ခဲ့တာပါ။
သိပ္ပံပညာရှင်အဖွဲ့ဟာ မျောက်တွေကိုလည်း ဒီနည်းနဲ့ စတင်စမ်းသပ်တော့မယ်လို့ သိရပါတယ်။
Credit to DVB

Recent Updates

Recent Posts Widget